Zodiac sign အလိုက် 2023 ခုနှစ် တစ်နှစ်တာ ခြုံငုံဟောစတမ်း

Astrology

Zodiac sign အလိုက် 2023 ခုနှစ် တစ်နှစ်တာ ခြုံငုံဟောစတမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Zodiac sign အလိုက် 2023 ခုနှစ် တစ်နှစ်တာ ခြုံငုံဟောစတမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Zodiac sign အလိုက် 2023 ခုနှစ် တစ်နှစ်တာ ခြုံငုံဟောစတမ်း

Aries

အချစ်ရေး/အိမ်ထောင်ရေး မှာ ဒိတ်ဒိတ်ကြဲ အောင်မြင်မယ့် နှစ်လို့တောင် ပြောလို့ရတယ်…Single တွေဆိုလဲ စန်းတွေ အရမ်းပွင့်မယ်…ကိုယ့်အနားမှာ ဝိုင်းဝိုင်းလည်နေလိမ့်မယ်…ချစ်သူရဖို့ တော်တော်များပြီး ရုတ်တရက်တောင် အိမ်ထောင်ကျသွားတတ်တဲ့ energy မျိုးပါ…RS လေးတွေဆိုလဲ ကိုယ့်အတွက် တကယ်ကို long term ထိ သွားလို့ရမယ့် အနေအထားတွေ ကြုံရတာ plan ချရတာမျိုးလေးတွေ ရှိတတ်တယ်…အိမ်ထောင်ရှင်တွေဆိုလဲ ကိုယ့်အိမ်ထောင်မှာ ချစ်ခြင်းမေတ္တာကော ငွေကြေးကော ပြည့်စုံအဆင်ပြေနေမယ့် နှစ်တစ်နှစ် ဖြစ်ပါတယ်…အချစ်ရေးနဲ့ ပတ်သတ်တဲ့ energy က အရမ်းကို ပြောစရာ မရှိလောက်အောင် လှပလွန်းတယ်…2023 ခုနှစ်က ကိုယ့်အတွက် တကယ့် right person/ future partner ကို ကိုယ့်ဘဝထဲ ခေါ်လာပေးနိုင်မယ့် နှစ်လို့တောင် ပြောလို့ရပါတယ်

အလုပ်အကိုင်နဲ့ ငွေကြေးမှာ အခုထက်ပိုပြီး ငွေကြေး အနေအထား တောင့်တင်း ခိုင်မာလာတတ်တယ်…ဒါပေမယ့် ကိုယ့်အနေနဲ့ အတွေးမများအောင် အတွေးမမှားအောင် ဂရုစိုက်သင့်တဲ့ နှစ်ပါ…ကိုယ် လုပ်စရာ ရှိတာ လုပ်သင့်တာတွေကို စိတ်ဓာတ်ကျတာ စိတ်ဓာတ်ယိမ်းယိုင်တာ မရှိဘဲ စိတ်အား လူအား ခိုင်ခိုင်မာမာနဲ့ လုပ်နိုင်ဖို့ ကြ်ိုးစားရပါမယ်…ဒီ နှစ်က ကိုယ် လုပ်ရင် လုပ်နိုင်သလောက် အကျိုးများမယ့် နှစ်ပါ…ကိုယ်က အတွေးတွေများပြီး ကိုယ့်အတွေးနဲ့ ကိုယ် တိုင်ပတ်နေရင်တော့ အလုပ်တွင်သင့်သလောက် မတွင်မယ့် နှစ်တနှစ်ဖြစ်သွားတတ်ပါတယ်

ပညာရေးမှာ ကိုယ့်အတွက် ကောင်းတဲ့ အတတ်ပညာတွေလဲ သင်ယူရနိုင်သလို မကောင်းတဲ့ လမ်းကြောင်းဘက်လဲ အတုမြင် အတတ်သင်နဲ့ ပါသွားတတ်လို့ ကိုယ့်ရဲ့ ဆရာ ကိုယ့်ရဲ့ အဖော်/သူငယ်ချင်း ရွေးချယ်တတ်ဖို့ရာ အရမ်း အရေးကြီးတဲ့ နှစ်ပါ…ပညာရေးနဲ့ ပတ်သတ်ပီး ကိုယ်တိုင်ကလဲ ဖြတ်လမ်းနည်း မလိုက်ဘဲ ရိုးသား ကြိုးစားပြီး စိတ်ရှည်သည်းခံ တတ်ဖို့ လိုပါတယ်…စိတ်အေး လက်အေး ထားပြီး ကြိုးစားနိုင်လေ အောင်မြင်နိုင်လေ ပါပဲ…ပြိုင်ရတဲ့ ပြိုင်ပွဲတိုင်းမှာ သန့်ရှင်းစွာ အနိုင်ယူပါ

ကျန်းမာရေးမှာ မျက်လုံးနဲ့ ပတ်သတ်တဲ့ ဝေဒနာ, အရိုး အကြော အဆစ် အာရုံကြော ဝေဒနာလေးတွေ ဂရုစိုက်ရတတ်ပါတယ်…သတိထားဖို့က ဝေဒနာတစ်ခု ရှိရင် သေးစဉ် နုစဉ် အခါထဲက သေချာ ကုသပါ…အပ်နဲ့ ထွင်းရမယ့် အရာကို အချိန်ကြာမှ ကုရခက်တတ်လို့ ခွဲစိတ်ရတဲ့ အနေအထားထိ မရောက်အောင် ကြိုတားဖို့လိုပါတယ်…လူမမာများ ဆရာကောင်း ဆေးကောင်းကြောင့် နလံပြန်ထူနိုင်သော နှစ်တစ်နှစ် ဖြစ်ပါလိမ့်မယ်

Guidance from Universe

1. ကိုယ့်ရဲ့ အပေါင်းအသင်း social circle ကို ကျယ်ပြန့်အောင် ချဲ့ထွင်ပါ…ဒါပေမယ့် အပေါင်းအသင်းရွေးပါ
2. နှင်းဆီ တပွင့်လို ကျင့်ပါ…လှပတဲ့ အဆင်းရှိသလို ကာကွယ်နိုင်မယ့် ဆူးလေးတွေလဲ ရှိပါစေ
3. ပြိုင်ပွဲတိုင်းကို မေတ္တာတရား ရှေ့ထားခြင်းဖြင့် အနိုင်ယူပါ

Lucky numbers: 9,22,25

Taurus

အချစ်ရေး/အိမ်ထောင်ရေး မှာ နည်းနည်းလေးတော့ အထီးကျန်သလို lonely ဖြစ်သလိုလေး ဖြစ်နိုင်တဲ့ နှစ် ဖြစ်ပါတယ်…ကိုယ့်အနားမှာ ကိုယ့်ကို ချစ်တဲ့သူ မရှိလို့ မဟုတ်ဘဲ လိုတာမရ ရတာမလိုပုံစံလေးတွေရယ် ကိုယ့်မေတ္တာ စေတနာကို နားမလည်သလို လုပ်တဲ့သူတွေနဲ့ ကြုံရတာမျိုးကြောင့် ကိုယ်ကိုယ်တိုင်ကလဲ တယောက်ထဲ နေချင်စိတ်တွေ ပိုများနေမယ့် နှစ် ဖြစ်တတ်ပါတယ်…အကယ်၍ အဲ့လို စိတ်မျိုး ဖြစ်ခဲ့ရင်လဲ တစ်နှစ်လောက် အေးဆေး Single အနေနဲ့ နေဖြစ်လဲ ဘာမှ မဖြစ်ပါဘူး လို့သာ စိတ်ထဲ တွေးပါ…ကိုယ့်အနေနဲ့ ဒီနှစ်မှာ ကိုယ့်စိတ်ကိုယ် ပိုနားလည်လာပါလိမ့်မယ်…ကိုယ့်ရဲ့ ကလေးဘဝက childhood trauma တွေ အတိတ်က အချစ်ရေး စိတ်ဒဏ်ရာ past relationship trauma တွေကို Alone time အချိန်ယူပြီး ပြန်ကုစားနိုင်ဖို့ healing energy ကောင်းမွန်တဲ့ နှစ်ပါ…RS လေးတွေ အိမ်ထောင်ရှင်လေးတွေကတော့ တယောက်တနေရာဆီ အလုပ်ကိစ္စ​/ပညာရေးကိစ္စ စသဖြင့်ကြောင့် ခွဲခွာနေရတာမျိုးလေးတွေတော့ ကြုံရတတ်တယ်…တချို့သော သူလေးတွေမှာတော့ ခဏတဖြုတ် break time ယူဖြစ်တာမျိုးလေးတွေရှိတတ်တာကြောင့် နားလည်မှု ရှိဖို့ အထူးလိုအပ်ပါတယ်

အလုပ်အကိုင်နဲ့ ငွေကြေးမှာ ရွေးချယ်စရာ လမ်း နှစ်မျိုး နှစ်ခွပေါ်မယ်…အလုပ်နေရာ နှစ်ခုကြား/ အလုပ်သစ်နဲ့ အလုပ်ဟောင်းကြား/ အလုပ် career လမ်းကြောင်း နှစ်ခုကြား ဆုံးဖြတ်ချက်ချရတာ ရွေးချယ်ရတာတွေ ရှိတတ်တယ်…ကိုယ့်အနေနဲ့ ငွေမျက်နှာ တစ်ခုထဲကို ကြည့်မိလိုက်တာမျိုး ငွေနောက်လိုက်မိတာမျိုးလေးတွေတော့ အလွန်အကျွံ မဖြစ်သွားအောင် သတိပြုပါ…ငွေကြေး ရင်းနှီးမြှုပ်နှံတဲ့နေရာမှာလဲ လောဘသားကောင် မဖြစ်အောင် ဂရုစိုက်ရပါမယ်

ပညာရေးမှာ ကိုယ့်အနေနဲ့ တည်တည်ငြိမ်ငြိမ်ရှိဖို့လိုတယ်…စိတ်တည်ငြိမ်အောင် တရားထိုင်ကြည့်ပါ…စာမေးပွဲတွေမှာ စာမရလို့ထက် စိတ်လောပြီး ရှန်းပြီး အမှားတွေ ပါတတ်တယ်…ပညာရေးနဲ့ ပတ်သတ်ပီး ဆုံးဖြတ်ချက်ချစရာရှိရင် သေချာလေး လေ့လာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ…စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်တွေ ချမိတတ်ပါတယ်

ကျန်းမာရေးမှာ နည်းနည်းလေး သတိထားဖို့လိုပါတယ်…ကိုယ့်ကျန်းမာရေး တကိူယ်လုံး ဟိုနေရာလေး ဖြစ်လိုက် ဒီနေရာလေး ဖြစ်လိုက်နဲ့ အစပြုပြီး နောက်ပိုင်း ကိုယ်က စိုးရိမ်စိတ်တွေ ပိုကြီးသွားတတ်တယ်…ဘယ်အချိန် ဘာထဖြစ်မလဲဆိုတဲ့ စိတ်ကြောင့် နေရတာ ကျီးလန့်စာစားလိုလေး ဖြစ်နေတတ်တယ်…ဒီနှစ်အတွင်း အအေးမိတုပ်ကွေးရောဂါနဲ့ လမ်းအသွားအလာ ခလုတ်ထိ ဆူးညိတတ်လို့ ဂရုလေး စိုက်ပေးရပါမယ်
Guidance from Universe

1. ဘဝမှာ ကံတရား အလှည့်အပြောင်း ကောင်းမွန်မှုတွေ ရှိနိုင်တယ်ဆိုတာကို ယုံကြည်ကြည့်ပါ
2. ကိုယ် မတတ်နိုင်တဲ့ ကိစ္စတွေကို လိုက်ထိန်းချုပ်မနေဘဲ လွှတ်ချကြည့်လိုက်ပါ
3. ကိုယ့်ရဲ့ စိတ်ကောင်းစေတနာက တနေ့မဟုတ် တနေ့ အကျိုးပေးပါလိမ့်မယ်

Lucky numbers: 4, 48,49

Gemini

အချစ်ရေး/အိမ်ထောင်ရေး မှာ စန်းကောင်းနေတဲ့ နှစ်လို့ ပြောလို့ရပါတယ်…၁၅၀၀ အချစ်မှာလဲ အားကောင်းနေသလို မိသားစုတွင်း ၅၂၈ မေတ္တာမှာလဲ ပျော်စရာလေးတွေ ရှိနေတတ်တယ်…Single လေးတွေကော RS လေးတွေကောက စန်းကောင်းနေပေမယ့် အချစ်ရေးထက် ကိုယ့်ရဲ့ အလုပ်အကိုင်နဲ့ ငွေကြေးကိုပဲ ပိုအာရုံစိုက်ဖြစ်နေမယ်…RS လေးတွေဆိုလဲ ကိုယ်လဲ ကိုယ့်အလုပ်ကိုယ်လုပ် သူလဲ သူ့အလုပ်ဆိုတာမျိုး ဖြစ်နေတတ်တယ်…တယောက်နဲ့ တယောက် တွေ့ဖို့ သိပ်အချိန်မပေးနိုင်တာလေးတွေ များတတ်တယ်…ဒီနှစ်ထဲမှာ Gemini လေးတွေဆီ အတိတ်က ပတ်သတ်ခဲ့ဖူးသူတွေ ဘဝထဲ ပြန်ဝင်လာတတ်ပါတယ်

အလုပ်အကိုင်နဲ့ ငွေကြေးမှာ ကိုယ် ရည်မှန်းထားတဲ့ ရည်မှန်းချက် ရည်ရွယ်ချက်လေးတွေ အောင်မြင်တတ်တယ်…အလုပ်နဲ့ ပတ်သတ်ပီး လူသိများ ထင်ပေါ်ကျော်ကြားတတ်တယ်…ကိုယ့်ကို အားကျသူတွေ follower တွေ တိုးလာတတ်တယ်…အနုပညာ လုပ်သူတွေ အထူး နာမည်ရတတ်တဲ့ နှစ်ဖြစ်မယ်…ကိုယ့်အတွက် ကောင်းမွန်တဲ့ လုပ်ငန်း partner ကောင်းရတတ်တယ်…ငွေကြေးမှာ ရစရာရှိတာတွေလဲ ပြန်ရတတ်ပြီး ကိုယ်က ပေးစရာ ရှိနေတဲ့ အကြွေးတွေလဲ ဆပ်နိုင်တတ်တယ်

ပညာရေးမှာ ကြီးကြီးမားမား အပြောင်းအလဲ တစ်ခု ကြုံတတ်တယ်…အကောင်းလား အဆိုးလား ဆိုတာ ကိုယ့်ရဲ့ သတ်မှတ်လက်ခံချက်အပေါ်မှာပဲ မူတည်ပေမယ့် သေးငယ်တဲ့ အပြောင်းအလဲတော့ မဟုတ်ဘူး…ဘဝ တဆစ်ချိုးလို့ ပြောလို့ရအောင်လဲ ကြီးမားတဲ့ အပြောင်းအလဲ ဖြစ်တတ်တယ်…အဓိကက ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိနေဖိူ့ပဲ လိုပါတယ်

ကျန်းမာရေးမှာ နည်းနည်းလေး သတိထားဖို့လိုပါတယ်…မထင်မှတ်ဘဲ ကျန်းမာရေး ထိခိုက်တာလေးတွေ အိပ်ရာထဲ နားလိုက်ရတာလေးတွေ ရှိတတ်တယ်…စိတ်ကျန်းမာအောင်လဲ ကြိုးစားသင့်တယ်…စိတ်ထောင်းလို့ ကိုယ်ကြေ ဆိုတာမျိုး ဖြစ်တတ်တာကြောင့်ပါ

Guidance from Universe

1. ကိုယ့်ရဲ့ စိတ်နှလုံးသားကိုယ် ကိုယ်တိုင် နားလည်နိုင်အောင် ကြိုးစားပါ
2. ကိုယ့်အတွက် မကောင်းတဲ့အရာတွေကနေ ကိုယ့်ကိုယ်ကို မထိခိုက်အောင် ကာကွယ်ဖို့ boundaries ထားပါ
3. ကိုယ့်ဆီ ရောက်လာမယ့် အခွင့်အလမ်းတွေအတွက် အမြဲ မျက်စိဖွင့်နားစွင့်ထားပါ

Lucky numbers: 10,23,33

Cancer

အချစ်ရေး/အိမ်ထောင်ရေး မှာ ပျော်ရွှင်စရာတွေ ကြုံရမယ့် နှစ်ပါ…အချစ်ရေးနဲ့ ပတ်သတ်ပီး အောင်မြင်မှုတွေ ရမယ်…ကိုယ်မှန်းထားတဲ့ ဖြစ်ချင်နေတဲ့ ဆန္ဒလေးတွေ ဖြစ်ခွင့်ရပါလိမ့်မယ်…တစ်ခုက ဒီနှစ်က ကိုယ့်အတွက် Karma အလုပ်လုပ်မယ့် နှစ်ပါ…ကံတရား ရဲ့ အကျိုးအပြစ်ကို ခံစား စံစားရမယ့် နှစ်ပေါ့…အဲ့အတွက် အချစ်ရေးမှာ ကိုယ်ကောင်းတာလုပ်ရင် ကောင်းသလို အကျိုးခံစားရမှာ ဖြစ်သလို မကောင်းခဲ့ရင်လဲ မကောင်းသလို အပြစ်ခံစားရမှာ ဖြစ်ပါတယ်…ကိုယ့်အပေါ် မကောင်းတဲ့သူတွေအတွက်လဲ ကိုယ်က အထူးတလည် မုန်းတီးနေစရာမလိုပါဘူး…သူ့အတွက် ကံတရား karma က ဆုံးဖြတ်ပေးသွားမယ့် နှစ်ပါ

အလုပ်အကိုင်နဲ့ ငွေကြေးမှာ အရမ်းကို အဆင်ပြေမယ်…ကိုယ့်အတွက် stable ဖြစ်တဲ့ အလုပ်အကိုင်ကောင်းရမယ်…ကိုယ့်ဘက်က တည်ငြိမ်အေးဆေးပြီး သည်းခံနိုင်လေ စိတ်ရှည်နိုင်လေ ပိုအောင်မြင်လေ ဖြစ်ပါလိမ့်မယ်…ငွေကြေးပိုင်းမှာလဲ လက်ရှိထက် အများကြီး ငွေဝင်ကောင်းပြီး အဆင်ပြေလာပါလိမ့်မယ်

ပညာရေးမှာ ကိုယ့်အတွက် ဆရာကောင်း သမားကောင်းတွေ တွေ့ရတတ်တယ်…ကိုယ့်အတွက် ပညာ အသစ်တွေ သင်ယူရတတ်တယ်…နိုင်ငံရပ်ခြားနဲ့ ပတ်သတ်ပြီး ပညာရေးကံကောင်းတယ်…ကိုယ်က ပညာရေးနဲ့ ပတ်သတ်ပီး တွေဝေနေတာတွေတော့ရှိတတ်တယ်…ကိုယ့်ဘက်က ပြတ်ပြတိသားသား ဆုံးဖြတ်ပီး ကြိုးစားနိုင်လေ အဆင်ပြေလေ ဖြစ်ပါလိမ့်မယ်

ကျန်းမာရေးမှာ လဲ အဆင်ပြေနိုင်ပါလိမ့်မယ်…သေးသေးမွှားမွှား ရောဂါဝေဒနာလေးတွေတော့ ရှိတတ်ပေမယ့် ကိုယ့်ဘက်က အနိုင်ယူနိုင်ပါလိမ့်မယ်

Guidance from Universe

1. ကိုယ့်မှာ ရှိနေတဲ့ ကောင်းတဲ့အရာလေးတွေအတွက် ကျေးဇူးတင်စိတ်လေးနဲ့ ဘဝကို ဖြတ်သန်းပါ
2. ကိုယ့်ရဲ့ စိတ်ဒဏ်ရာတွေကို အချိန်ပေး ကုစားပြီး healing လုပ်နိုင်တာနဲ့ ကိုယ်က ပိုပျော်ရွှင်လာနိုင်ပါလိမ့်မယ်
3. တခါတလေ ကိုယ် ကြိုးစားပေမယ့် ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာတွေကိုလဲ ဖြစ်ချိန်တန်လို့ ဆိုတာမျိုး let go လုပ်နိုင်ဖို့လိုပါတယ်

Lucky numbers: 6,23,4

Leo

အချစ်ရေး/အိမ်ထောင်ရေး မှာ ရွေးချယ်စရာတွေကြား ဝေခွဲမရတာတွေ တွေဝေဒွိဟဖြစ်ရတာတွေ ရှိတတ်တဲ့ နှစ်ဖြစ်ပါတယ်…လူနှစ်ယောက်ကြား/ အတိတ်နဲ့ လက်ရှိကြား/ အချစ်ရေးနဲ့ အလုပ်အကိုင်ကြား/ အချစ်နဲ့ မိသားစုကြား စသဖြင့် ဘယ်ဘက်ကို ဘယ်လို ရွေးချယ်ရမယ်ဆိုတာ အာရုံနည်းနည်းစားရမယ့် နှစ်ဖြစ်တတ်ပါတယ်…လူက တနေရာမှာ ရှိနေပေမယ့် စိတ်က တခြား တနေရာ ရောက်နေတတ်တယ်…အချစ်ရေးနဲ့ ပတ်သတ်ပီး ကိုယ့်ဟာကိုယ် တယောက်ထဲ အေးဆေးနေချင်စိတ်တွေ ပေါ်နေတတ်တဲ့ နှစ်ပါ…အချစ်ရေးကြောင့် အာရုံနောက်ရတာတွေကို မလာခင်ထဲက ကြိုတားထားတဲ့ guard up vibe မျိုးတွေ အများကြီး တွေ့ရပါတယ်

အလုပ်အကိုင်နဲ့ ငွေကြေးမှာလဲ ရွေးချယ်စရာ လမ်းနှစ်မျိုး နှစ်ခွ ကြုံတတ်တယ်…အလုပ်နှစ်ခုကြား / အလုပ်ဟောင်းနဲ့ အသစ်/ career လမ်းကြောင်း နှစ်ခုကြား စသဖြင့်ပေါ့…ကိုယ့်အနေနဲ့ သေချာလေး စဉ်းစားဆုံးဖြတ်ပီး တည်ငြိမ်မှန်ကန်တဲ့ ရွေးချယ်မှုမျိုး လုပ်နိုင်ဖို့ လိုပါတယ်…ငွေရေးအနေနဲ့လဲ ကိုယ်က အပျော်အပါးတွေကြောင့် ငွေကုန်ကြေးကျလေးတွေ ရှိတတ်တယ်…ကိုယ့်အနေနဲ့ အပျော်သဘော မြေစမ်း ခရမ်းပျိုး လုပ်ကြည့်လိုက်တဲ့ အလုပ်တစ်ခုကနေ ကိုယ့်အတွက် ရေရှည်သွားဖြစ်သွားတာမျိုး ရှိတတ်တယ်…နိုင်ငံရပ်ခြား အလုပ်ကံ ပွင့်လန်းတတ်ပါတယ်

ပညာရေးမှာတော့ တော်တော်လေးကို အောင်မြင်မှု ရနိုင်တဲ့ နှစ်ပါ…ဖြေဆိုတဲ့ စာမေးပွဲတွေ အောင်မြင်နိုင်မယ်…ကိုယ့်ရဲ့ ပညာရေးကြောင့် ကိုယ့်မိသားစုပါ ဂုဏ်တက်မယ်…ဝင်ငွေရနိုင်တဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေ သင်ကြားရတတ်တယ်…ကိုယ် တတ်ထားတဲ့ ပညာရပ်နဲ့ ငွေရှာနိုင်ပြီး စုဆောင်းနိုင်ပါလိမ့်မယ်

ကျန်းမာရေးမှာ မီးအပူလောင်တာ အပူဟပ်တာ နေလောင်တာလေးတွေ ဖြစ်တတ်ပါတယ်…ခေါင်းကိုက် ခေါင်းမူး စသဖြင့်လေးတွေ ရှိတတ်တယ်…ရန်ပွဲတွေကြား ကြားညပ်တတ်တာမို့ ရန်ပွဲစကားကြားရင် ဝေးဝေးက ရှောင်နေပါ

Guidance from Universe

1. ကိုယ့်အတွက် စိတ်ကို သာယာငြိမ်းချမ်းစေမယ့် တရားသံလေးတွေ သီချင်းသံလေးတွေ နားထောင်ရင်း စိတ်အပန်းဖြေပါ
2. ကိုယ့်အတွက် ကောင်းတဲ့သူတွေအပေါ် ကိုယ့်ရဲ့ မေတ္တာစေတနာလေးတွေ ပြသပါ
3. ကိုယ့်အနေနဲ့ ကိုယ်မသိသေးတဲ့အရာတွေ မရောက်ဖူးသေးတဲ့ နေရာတွေကို ရှာဖွေ လေ့လာဖို့ အချိန်ကောင်းပါ

Lucky numbers: 11,13,22

Virgo

အချစ်ရေး/အိမ်ထောင်ရေး မှာ အနည်းငယ်လေး ခဏတာ စိတ်ရှုတ်ရတာလေးတွေတော့ ရှိတတ်တဲ့ နှစ်ပါ…အချစ်ရေးမှာ ကိုယ့်အနေနဲ့ ဆုံးဖြတ်ရခက်တဲ့ အခြေနေလေးတွေ ကြုံရတာမျိုးလေးတွေ ရှိတတ်တယ်…ကိုယ်က နည်းနည်းလေး အချစ်ရေးနဲ့ ပတ်သတ်ရင် လန့်သလိုမျိုးလေးလဲ ဖြစ်နေတတ်တယ်…ကိုယ့် နှလုံးသားကို ကာကွယ်ချင်တာမျိုး တွေ့ရတယ်…မဖြစ်လာသေးတဲ့ အခက်အခဲတွေကိုလဲ မဖြစ်သေးခင်ထဲက ကြိုကာထားတဲ့ အနေအထားတွေ ရှိနေတတ်တယ်…အချစ်ရေးနဲ့ ပတ်သတ်ရင် ကျီးလန့်စာစားလ်ိုလေး တွေ့ရတယ်…ဒါပေမယ့် အကြာကြီး ဆက်ဖြစ်နေမှာမျိုး မတွေ့ရဘူး…ခဏတဖြုတ်တော့ ကြုံရမယ်…ဒါပေမယ့် ပြန်အဆင်ပြေသွားနိုင်မယ့် အနေအထား ရှိပါတယ်

အလုပ်အကိုင်နဲ့ ငွေကြေးမှာ ကိုယ့်ဆီ အခွင့်အလမ်းတွေ က လာလိမ့်မယ်…ဒါပေမယ့် ကိုယ့်ဘက်က စိတ်တိုင်းမကျတာမျိုးလေး ဖြစ်တတ်တယ်…ကိုယ်ကကြ ကိုယ်မရလိုက်တဲ့ အခွင့်လမ်းကိုပဲ စိတ်ထဲ ရှိနေတာမျ်ုးတို့ ဆုံးရှုံးလိုက်ရတဲ့ အလုပ်ကိုပဲ လိုချင်နေတာတို့ စသဖြင့်ကြောင့် နောက်ထပ်ရောက်လာတဲ့ အခွင့်အရေးကောင်းလဲ ကိုယ်က သိပ်မမြင်နိုင်ဘူး ဖြစ်နေတတ်တယ်…ငွေကြေးမှာ စမ်းသပ်တဲ့သဘောမျိုး ရင်းနှီးပြီး အလောင်း အစားလို ကံစမ်းတဲ့သဘောမျိုးလေးတွေ လုပ်ဖြစ်နေတတ်တယ်

ပညာရေးမှာတော့ အဆင်ပြေအောင်မြင်နိုင်တဲ့ နှစ်ပါ…ပညာရေးမှာ အပြောင်းအလဲလေးတွေ ကြုံရတတ်ပေမယ့် ကောင်းသော အပြောင်းအလဲ ဖြစ်တတ်ပါတယ်…ကိုယ် အချိန်ကြာကြာ လေ့လာသင်ယူခဲ့တဲ့ ပညာတွေကနေ အောင်မြင်မှုတွေ ရတတ်တယ်

ကျန်းမာရေးမှာလဲ ကောင်းမွန်နေတတ်တဲ့ နှစ်ပါ…ကိုယ်ကော ကိုယ့်မိသားစုကော ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်လေး ရှိတတ်တယ်…မိသားစုတွင်း အိမ်ထောင်ရှင်တွေ သားသမီးရတနာ ရတတ်ပါတယ်

Guidance from Universe
1. ဘဝမှာ မျက်လှည့်ပြလိုက်သလို ကောင်းမွန်တဲ့အရာတွေလဲ ရှိလာတတ်တယ်ဆိုတာ ယုံကြည်ပြီး အကောင်းမြင်စိတ်မွေးပါ
2. ကိုယ့်ရဲ့ နားမှာ ကောင်းမွန်မှန်ကန်တဲ့ အပေါင်းအသင်းတွေနဲ့ social circle ချဲ့ထွင်ပါ
3. ကိုယ့်ရဲ့ စိတ်ကော လူကော strong ဖြစ်အောင် ကြိုးစားပါ

Lucky numbers: 19,25,48

Libra

အချစ်ရေး/အိမ်ထောင်ရေး မှာ ကိုယ့်အတွက် တည်ငြိမ်ပြီး stable ဖြစ်တဲ့ connection တစ်ခု ရလာဖို့လေးတွေ တွေ့ရတယ်…တစ်ခုက single ပဲ ဖြစ်ဖြစ် RS ပဲ ဖြစ်ဖြစ် ကိုယ့်စိတ်ကိုယ်က တယောက်ထဲပဲ နေတာ ပိုလွတ်လပ်အေးချမ်းသလိုလို ထင်တဲ့အခါတွေလဲ ရှိတတ်တယ်…တစ်ခါတလေလဲ အတည်တကျ committed connection က ပိုကောင်းတယ်ဆိုတဲ့ အတွေးတွေလဲ ရှိတယ်…အဓိကက ကိုယ့်စိတ်ကိုယ် သိအောင်လုပ်ဖို့ ပြန်မေးဖို့ လိုအပ်တဲ့ နှစ်ပါ

အလုပ်အကိုင်နဲ့ ငွေကြေးမှာ အပြောင်းအလဲ changes တစ်ခုခု ပေါ်တတ်တယ်…ဥပမာ career လမ်းကြောင်းပြောင်းသွားတာ/ အလုပ်နေရာ ရာထူးနေရာ ပြောင်းတာ/ အလုပ်ဟောင်းကနေ အလုပ်သစ်ပြောင်းတာ စသဖြင့်ပေါ့…ကိုယ့်အနေနဲ့ ဒီ အပြောင်းအလဲနဲ့ ပတ်သတ်ပီး ရွေးရခက်တာတွေ ဆုံးဖြတ်ရခက်တာလေးတွေတော့ ရှိတတ်တယ်

ပညာရေးမှာတော့ အဆင်ပြေအောင်မြင်နိုင်တဲ့ နှစ်ပါ…ကိုယ့် ပညာရေးနဲ့ ပတ်သတ်ပီး ကိုယ့်မိသားစုရဲ့ အထောက်အပံ့ကိုလဲ ရတတ်တယ်…ကိုယ့်အနေနဲ့ အပူအပင်မရှိ စာတစ်ခုထဲကိုပဲ အာရုံစိုက်ပီး လေ့လာနိုင်မယ့် နှစ် ဖြစ်ပါလိမ့်မယ်

ကျန်းမာရေးမှာ အစာအိမ် လေနာရောဂါ, ခေါင်းကိုက် ခေါင်းမူး စသဖြင့် အသေးစားရောဂါလေးတွေက လွဲပြီး ကျန်တဲ့ အခြေနေတွေမှာ သိပ်စိုးရိမ်စရာ မတွေ့ရပါဘူး

Guidance from Universe

1. ကိုယ့်ရဲ့ စိတ်နှလုံး ဖြူစင် ကြင်နာတတ်မှုအတွက် ကောင်းမွန်တဲ့ အကျိုးပေး ခံစားရပါလိမ့်မယ်
2. ကိုယ့်မှာ မရှိတဲ့ အရာတွေထက် ရှိနေတဲ့ အရာတွေကို မြင်ကြည့်ပီး ကျေးဇူးတင်စိတ် ခံစားပါ
3. ကိုယ့်စိတ် ငြိမ်းချမ်းအောင် တရားထိုင်တာ/ ဘာသာရေး လုပ်တာတွေနဲ့ အောင်မြင်နိုင်ပါတယ်

Lucky numbers: 4,7,43

Scorpio

အချစ်ရေး/အိမ်ထောင်ရေး မှာ ကိုယ့်အနေနဲ့ ရွေးချယ်မှုတွေ လုပ်ရမယ့် နှစ် ဖြစ်ပါလိမ့်မယ်…ကိုယ့်အနေနဲ့ ချိန်ဆပြီး အကောင်းအဆိုး အကျိုးအပြစ်အားလုံးကို လေ့လာသုံးသပ်ပြီးမှ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်မယ့်သူ အကောင်းဆုံးဖြစ်မယ့် လမ်းကြောင်းကို ရွေးရပါလိမ့်မယ်…အချစ်ရေးနဲ့ ပတ်သတ်ရင် စန်းကောင်းနေမယ်…ကိုယ့်အနားမှာ ကိုယ့်ကို ချစ်တဲ့သူ သဘောကျတဲ့သူ အထင်ကြီး လေးစားတဲ့သူတွေ ဝိုင်းဝိုင်းလည်နေမယ်…အချွေအရံပေါမယ်…ကိုယ့်ကို မနာလ်ိုသူလဲ ပေါတတ်တာတော့ ဂရုစိုက်ပါ…ကိုယ့်အနေနဲ့ ဆွဲဆောင်မှုရှိတဲ့ သူတွေနဲ့လဲ ဆုံရဖို့ရှိတယ်…RS လေးတွေအဖို့ လက်ထပ်ဖို့အထိ သွားရမလား မသွားရသေးဘူးလား စသဖြင့် ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေလဲ ချရတတ်တယ်

အလုပ်အကိုင်နဲ့ ငွေကြေးမှာ လဲ ကိုယ့်အနေနဲ့ ရွေးချယ်စရာ လမ်း နှစ်မျိုး နှစ်ခွ ပေါ်တတ်တဲ့ နှစ် ဖြစ်တယ်…ပေါ်လာတဲ့ အခွင့်အလမ်း နှစ်ခုလုံးကလဲ ကိုယ့်အတွက် ကောင်းမွန်နေတာကြောင့် ဘယ်လမ်းရွေးရမလဲဆိုတာ ဆုံးဖြတ်ရင်း အချိန်ကြာနေတတ်တယ်…တစ်ခု ရွေးဖို့ဆို လက်လွှတ်ရမယ့် တစ်ခုကလဲ မပစ်ရက်စရာ ကောင်းနေတတ်တယ်…ဘယ်လမ်းပဲ ရွေးရွေး ကိုယ့်အတွက် ကောင်းမွန် အဆင်ပြေပါလိမ့်မယ်…ငွေကြေးမှာ ရုတ်တရက် ထီပေါက်တာ အမွေရတာလိုမျိုး ငွေအစုလိုက် အပုံလိုက် ဝင်ကိန်းလေး တွေ့ရတယ်…ကိုယ့်အနေနဲ့ မနာလိုခံရပီး အတိုက်အခိုက်တွေ ပေါတတ်တယ်

ပညာရေးမှာ ကိုယ့်အနေနဲ့ ကိုယ်လျှောက်ခဲ့တဲ့ လမ်းကြောင်းက မှန်မမှန် ပြန်ကြည့်ဖြစ်နေတတ်တယ်…ပြန်သုံးသပ်တာမျိုးပေါ့…ပညာရေးနဲ့ ပတ်သတ်ပီး အနှောင့်အယှက်လေးတွေတော့ ကြုံရတတ်တယ်…ကိုယ့်အနေနဲ့ တည်တည်ငြိမ်ငြိမ်သာ ရင်ဆိုင်ပါ…ဘာသာရေးများများလုပ်ပါ

ကျန်းမာရေးမှာ ခါးနာ ကျောနာ အဆစ်မြစ်နာရောဂါလေးတွေ ရှိတတ်တယ်…အလေးအပင် မတဲ့အခါ ဂရုစိုက်ပါ…တစ်ခါတလေ အလုပ်ကို မနိုင်ဝန်ထမ်းပီး လုပ်သလို ဖြစ်တာကြောင့် ဒဏ်ပ်ိတတ်တယ်…အနားယူချိန်လဲ အပြည့်အဝ ယူပါ

Guidance from Universe

1. က်ိုယ့်အတွက် Universe က ပေးလာမယ့် အခွင့်အလမ်းတွေက မရေတွက်နိုင်လောက်အောင် များပြားပါလိမ့်မယ်
2. ကိုယ့်အနေနဲ့ ကိုယ် ဘယ်လိုမှ ထိန်းချုပ်လို့မရတဲ့ အရာတွေအတွက် let go လုပ်နိုင်ဖိူ့ ကြိုးစားပါ
3. ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်အောင် ကြိုးစားပါ

Lucky numbers: 6,38,49

Saggitarius

အချစ်ရေး/အိမ်ထောင်ရေး မှာတော့ နည်းနည်းလေး သတိထားဖို့လိုတဲ့ နှစ်လေးပါ…ဒီနှစ်မှာ ကိုယ့်အချစ်ရေးနဲ့ ပတ်သတ်ပီး ကိုယ့်အနေနဲ့ ကံတရားပဲ ဆိုပီး စိတ်ထဲ ထားဖြစ်နေတာမျိုးလေးတွေ တွေ့ရတယ်…နည်းနည်းလေး lonely ဖြစ်နေရတဲ့ နှစ်လေးပါ…အချစ်ရေးနဲ့ ပတ်သတ်ပီး စိတ်နာကျင်စရာလေးတွေ trauma လေးတွေ healing လုပ်ရမယ့် အနေအထားလေးတွေ ရှိတတ်တဲ့အတွက် ကိုယ့်ဘက်က ကံအထောက်အပံ့လေး အားကောင်းအောင် ဘာသာရေး/manifestation/ယတြာ စသဖြင့်လေးတွေနဲ့ ကြိုးစားကြည့်ဖို့လိုအပ်တဲ့ နှစ်လေး ဖြစ်ပါတယ်

အလုပ်အကိုင်နဲ့ ငွေကြေးမှာ ကိုယ့်ဆီ အခွင့်အလမ်းတွေက အများကြီး ရောက်လာဖို့ ရှိတယ်…ဒါပေမယ့် ကိုယ်က ရောက်လာတဲ့ အခွင့်အလမ်းတွေကို စိတ်တိုင်းမကျတာမျိုးတော့ ရှိတတ်တယ်…ကိုယ်က မဖြစ်သေးတဲ့အရာတွေကို တွေးပူပြီး စမလုပ်ကြည့်ခင်ထဲက အားကုန်နေသလိုမျိုး ဖြစ်နေတတ်တယ်

ပညာရေးမှာ ကိုယ့်အနေနဲ့ ကိုယ်ဝါသနာပါရာ ပျော်ရွှင်ရာပဲ ရွေးရမလား လုပ်သင့်တဲ့အရာကိုပဲ ရွေးရမလား စသဖြင့်တွေ တွေဝေရတတ်တယ်…ကိုယ့်အနေနဲ့ ပြောင်းလဲဖို့ မကြောက်ပါနဲ့…အဓိကက တွေဝေနေတာမျိုးမရှိဘဲ သတ္တိရှိရှိလေး ရှေ့ဆက်နိုင်ရင် ပိုပြီး အဆင်ပြေအောင်မြင်ပါလိမ့်မယ်

ကျန်းမာရေးမှာ ခြေဆစ် လက်ဆစ်လေးတွေ ကိုက်တတ် ခဲတတ်တယ်…ကိုယ့်မိဘတွေရဲ့ ကျန်းမာရေး ကိစ္စလေးတွေ ဂရုစိုက်ပေးဖြစ်မယ့် နှစ်ပါ

Guidance from Universe

1. တခါတလေ ကိုယ့်အတွက် အကောင်းဆုံး ဖြစ်မယ့်အရာတွေကို Universe က စီစဉ်ပေးတတ်ပါတယ်
2. ကိုယ့်ဘဝရဲ့ သမိုင်းကိူ ကိုယ်ပဲ အကောင်းဆုံး ရေးရမှာပါ
3. ကိုယ် မြင်နေရတိုင်းလဲ အမှန်မဟုတ်သလို မမြင်ရတ်ိုင်းလဲ မှားနေတာမဟုတ်ပါဘူး…သေချာချင့်ချိန်ယုံကြည်ပါ

Lucky numbers: 21,38,35

Capricorn

အချစ်ရေး/အိမ်ထောင်ရေး မှာ အရမ်းကို အဆင်ပြေ စန်းပွင့်နိုင်တဲ့ နှစ်ပါ…ကိုယ့်ကို သဘောကျတဲ့ သူတွေ ပေါ်လာတတ်တယ်…ကိုယ့်ရဲ့ ပုံပန်းသွင်ပြင်နဲ့ နေထိုင်ပုံ ပုံစံလေးတွေကလဲ ပိုကြည့်ကောင်းလာတတ်ပြီး ဆွဲဆောင်မှု ပိုလာတတ်တယ်…ကိုယ့်ဘဝထဲ ကိုယ့်ကို သဘောကျတဲ့ လူအသစ်လေးတွေ ပေါ်လာတတ်သလို ကိုယ့်ဘဝထဲ အတိတ်က ပတ်သတ်ခဲ့ဖူးတဲ့ လူအဟောင်းတွေလဲ ပြန်ဝင်လာတတ်တယ်…အချစ်ရေးနဲ့ ပတ်သတ်ရင် ကံကောင်းနေတဲ့ နှစ်ပါ

အလုပ်အကိုင်နဲ့ ငွေကြေးမှာလဲ ကံကောင်းနေပါတယ်…နိုင်ငံရပ်ခြားနဲ့ ပတ်သတ်တဲ့ အလုပ်ကံပွင့်တယ်…အလုပ်အကိုင်အခွင့်အလမ်းတွေ ပေါ်လာတတ်တယ်…ကိုယ့်ဘက်ကကံအထောက်အပံ့အားကောင်းအောင် ဘာသာရေးများများလုပ်ပါ…ငွေကြေးမှာလဲ ကိုယ့်အနေနဲ့ အဆင်ပြေပြီး ငွေကြေး စုဆောင်းနိုင်ပါလိမ့်မယ်

ပညာရေးမှာတော့ နည်းနည်းလေး အတိုက်အခိုက် အနှောင့်အယှက်လေးတွေ များတတ်တယ်…သူငယ်ချင်းပေါင်းတဲ့နေရာမှာ ဂရုစိုက်ရွေးချယ်ပါ…ရှေ့မှာ ကောင်းပြပြီး နောက်ကွယ်မှာ မနာလိုနေသူတွေ ရှိတတ်တယ်…ကျန်းမာရေးလဲ ဂရုစိုက်ပါ…ကျန်းမာရေးကြောင့် ပညာရေးမှာ အားစိုက်သင့်သလောက် မစိုက်နိုင်တာမျိုး ရှိတတ်တယ်

ကျန်းမာရေးမှာတော့ အပူလောင်တာ ဓာတ်လိုက်တာ ဝါယာရှော့လေးတွေ ဂရုစိုက်ပေးပါ…အိမ်မှာ ဝါယာကြိုးပေါက်ပြဲနေတာမျိုး လှေကားမခိုင်ခန့်တာမျိုး ကြမ်းပေါက်နေတာမျိုး စသဖြင့်လေးတွေ accident ဖြစ်နိုင်မယ့်နေရာလေးတွေကို ရှာဖွေ ပြုပြင်ပြီး ကာကွယ်လို့ရပါတယ်

Guidance from Universe

1. ဘဝမှာ ကောင်းတာလုပ်ရင် ကောင်းတဲ့သူ အဖြစ် မကောင်းတာလုပ်ရင် မကောင်းတဲ့သူ အဖြစ် မှတ်ကျောက်တင်ခံရတာ သဘာဝပဲမို့ ကိုယ့်ဘဝကိုယ် အကောင်းဆုံးဖြစ်အောင် ကြိုးစားရှင်သန်ပါ
2. ကိုယ် လုပ်ချင်တဲ့အရာတွေအတွက် ရည်မှန်းချက်နဲ့ plan ကို သေချာချပြီးမှ ပြုလုပ်ပါ
3. ရိုးရိုးကျင့် မြင့်မြင့်ကြံ ဆိုတဲ့ စကားလေးကို အမြဲ မှတ်သားထားပါ

Lucky numbers: 17,18,41

Aquarius

အချစ်ရေး/အိမ်ထောင်ရေး မှာ ကိုယ်က အတွေးတွေ များပြီး overthinking တွေနဲ့ ကိုယ့်ဘာသာ တိုင်ပတ်နေတတ်တဲ့ နှစ်ပါ…တကယ်တမ်းဆို ကိုယ့်ရဲ့ အချစ်ရေးက အရမ်းကြီး ဆိုးရွားတဲ့ထဲ ပါမနေဘူး…ကိုယ့်ကို ချစ်တဲ့သူတွေလဲ ရှိတယ်…ကိုယ်ကိုယ်တိုင်ကကို အတိတ်ကိုလဲ ပြန်တွေး မဖြစ်သေးတဲ့ အနာဂတ်ကိုလဲ ကြိုတွေးပြီး အတွေးတွေနဲ့ အချစ်နဲ့ ဝေးဝေးနေချင်တာတွေ ပူလောင်သလို ဖြစ်နေတာမျိုးတွေ ရှိတတ်ပါတယ်

အလုပ်အကိုင်နဲ့ ငွေကြေးမှာ ကိုယ့်အတွက် အခွင့်အလမ်းတွေက အရပ် ၁၆ မျက်နှာက လာသလိုကို အလုပ်အကိုင်အခွင့်လမ်းတွေ တိုးတက်နေတတ်တယ်…ကိုယ့်အတွက် စိတ်ပျော်ရွှင်စေမယ့် အလုပ်တွေလဲ ပေါ်လာတတ်တယ်…အတည်တကျ ငွေရမယ့် အလုပ်မျိုးကော ကိုယ်ပျော်ရွှင်ရမယ့် ဝါသနာပါရာ အလုပ်မျိုးကော လုပ်လို့ရမယ့် နှစ်ပါ

ပညာရေးမှာ ကိုယ့်အနေနဲ့ စစချင်းမှာ အများကြီး ကြိုးစားဖို့လိုတယ်…ပင်ပန်းရတတ်တယ်…ဒါပေမယ့် ကိုယ် ကြိုးစားထားတဲ့ အသီးအပွင့်တွေကို ခံစားရပါလိမ့်မယ်…ပြန်ပီး အဆင်ပြေအောင်မြင်တတ်ပါတယ်

ကျန်းမာရေးမှာ မျက်လုံးနဲ့ ပတ်သတ်တဲ့ ဝေဒနာလေးတွေ ဂရုစိုက်သင့်ပါတယ်…မိမိနေအိမ်နဲ့ ပတ်ဝန်းကျင် မီးဘေး အန္တရယ်လေးတွေ ဂရုပြုသင့်ပါတယ်

Guidance from Universe

1. ကိုယ့်အတွက် Universe က ပေးလာတဲ့ အခွင့်အလမ်း လက်ဆောင်တွေကို ကျေကျေနပ်နပ်နဲ့ လက်ခံပါ
2. ကိုယ်က တပါးသူတွေထက် သာလွန် အောင်မြင်ချင်တယ်ဆိုရင် တပါးသူတွေထက် သာလွန်တဲ့ အရည်အချင်းရှိဖ်ို့လိုအပ်ပါတယ်
3. ကိုယ့်ဘဝမှာ ယုံကြည်မှု ရှိရှိနဲ့ အလှပဆုံး ဖူးပွင့်လိုက်ပါ

Lucky numbers: 9,37,45

Pisces

အချစ်ရေး/အိမ်ထောင်ရေး မှာ ကိုယ့်အတွက် ကံပါ ရေစက်ပါသူတွေနဲ့ ဆုံစည်းနိုင်မယ့် နှစ်ပါ…ကိုယ့်အတွက် past life မှာကထဲက connection ရှိခဲ့ကြတဲ့ ရေစက်ပါသူတွေနဲ့ ဆုံစည်းရတတ်ပါတယ်…ကိုယ့်ရဲ့ twinflame တွေ soulmate တွေနဲ့လဲ တွေ့ခွင့်ရနိုင်တဲ့ နှစ် ဖြစ်သလို တချို့သော karmic partnerတွေနဲ့ ဆုံတွေ့ရပီး ဘဝ သင်ခန်းစာတွေလဲ ရတတ်ပါမို့ ဒီနှစ်ရဲ့ အချစ်ရေးက ရင်ခုန် စိတ်လှုပ်ရှားစရာ ကောင်းပါလိမ့်မယ်…RS လေးတွေ ကိုယ် အတိတ်က လုပ်ခဲ့ဖူးတဲ့ ကုသိုလ်ကံ အကောင်းအဆိုး အကျိုးအပြစ်လေးတွေ ပြန်ရတတ်တဲ့ နှစ်ပါ…Single လေးတွေ ချစ်သူရနိုင်ဖို့ များတဲ့ နှစ်ဖြစ်သလို RS လေးတွေလဲ ကိုယ့်ချစ်သူနဲ့ လက်ထပ်ဖစ်တာလေးတွေ များတတ်တဲ့ နှစ်ပါ…အချစ်ရေးနဲ့ ပတ်သတ်ပီး ကိုယ်မျှော်လင့်နေတဲ့ သတင်းစကားတွေ ကြားရတတ်ပါတယ်

အလုပ်အကိုင်နဲ့ ငွေကြေးမှာကိုယ့်အတွက် လုပ်ငန်း partner ကောင်း တွေ့ရတတ်တယ်…ကိုယ့်အလုပ်ကိုယ် စိတ်ပါဝင်စားစွာ လုပ်ရတတ်တယ်…Phoenix တို့လို spiritual လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေသူတွေပါရင် အထူးအောင်မြင်တတ်တဲ့ နှစ်ပါ…ကိုယ် ဘယ်အလုပ်ပဲ လုပ်လုပ် ယုံယုံကြည်ကြည်သာ လုပ်ကိုင်နိုင်ရင် သေချာပေါက်အောင်မြင်မယ့်နှစ်ပါ

ပညာရေးမှာ ကိုယ့်အနေနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့အရာထက် မိဘတွေ စ်ိတ်တိုင်းကျရွေးချယ်လိုက်ရတာမျိုးလေးတွေ ရှိတတ်တယ်…မိဘ စိတ်တိုင်းကျ အသိုင်းအဝိုင်း အထင်ကြီးဖို့ စသဖြင့် ရွေးလိူက်ရပေမယ့် ကိုယ်က အရမ်းကြီး ပျော်ရွှင်မနေတာမျိုးတော့ တွေ့ရတယ်…ကိုယ့်အနေနဲ့ ကိုယ်လုပ်ချင်တဲ့အရာကို တိတိကျကျလေး သိဖို့လိုပါတယ်

ကျန်းမာရေးမှာ မျက်လုံးနဲ့ ပတ်သတ်တဲ့ ဝေဒနာလေးတွေ အစာအိမ်လေနာရောဂါလေးတွေ သတိပြုပေးပါ

Guidance from Universe

1. ကိုယ့်အနေနဲ့ ဘယ်အရာပဲ လုပ်လုပ် motivation အပြည့်နဲ့ အားတက်သရော လုပ်ဆောင်ပါ
2. တစ်ခါတလေ ကိုယ်က မသိပေမယ့် ကိုယ့်အတွက် အသင့်တော်ဆုံး ဖြစ်မယ့်အရာဆီကို universe က ပို့ဆောင်ပေးတတ်တယ်
3. ကိုယ့်စိတ်နှလုံးသားပျော်ရွှင်ဖို့အတွက် စိတ်ကောလူကော ထပ်တူကျ ပျော်ရွှင်နိုင်အောင် ကြိုးစားပါ

Lucky numbers: 20,27,44

ရေးသားသူ – The Phoenix Sun Tarot

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။