နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်း စစ်တပ်၊ ရဲနှင့် ဝန်ထမ်းများ၏ လုံခြုံရေး အထူးသတိပြုရန်နှင့် ပါဆယ်ဗုံး သတိထားရန် စစ်ကောင်စီက လျှို့ဝှက် သတိပေးချက် ထုတ်ပြန်

Local News

နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်း စစ်တပ်၊ ရဲနှင့် ဝန်ထမ်းများ၏ လုံခြုံရေး အထူးသတိပြုရန်နှင့် ပါဆယ်ဗုံး သတိထားရန် စစ်ကောင်စီက လျှို့ဝှက် သတိပေးချက် ထုတ်ပြန်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်း စစ်တပ်၊ ရဲနှင့် ဝန်ထမ်းများ၏ လုံခြုံရေး အထူးသတိပြုရန်နှင့် ပါဆယ်ဗုံး သတိထားရန် စစ်ကောင်စီက လျှို့ဝှက် သတိပေးချက် ထုတ်ပြန် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ ဒီဇင်ဘာ ၂၉

နေပြည်တော် အပါအဝင် ဝန်ကြီးဌာနရုံးများတွင် နှစ်သစ်ကူးကာလနှင့်နှစ်သစ်ကူးအ ကြို ကာလများ တွင် ပါဆယ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်လာနိုင်သဖြင့် သတိထားကြရန် စစ်ကောင်စီက အထူး လျှို့ဝှက် သတိပေးချက်တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

နေပြည်တော်ကောင်စီ၊ ပြည်နယ်/တိုင်း စစ်ကောင်စီရုံးများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ စစ်တပ်၊ ရဲ တပ်ရင်းများ၊ ဝန်ကြီးဌာနရုံးများထံသို့ ယင်းလျှို့ဝှက် ညွှန်ကြားချက်ကို အရေးပေါ် ပေးပို့ ထုတ်ပြန် ခြင်းဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတစ်ဝန်းရှိ ဝန်ကြီးဌာနများ၊ အုပ်ချုပ်မှုနယ်မြေများရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များရှိ ဝန်ထမ်း များနှင့် မိသားစုများ၏ လုံခြုံရေးအထူးဂရုပြုကြရန်၊ ပါဆယ်များ ပေးပို့လာလျှင် အလွယ်တကူ လက်ခံ ခြင်းမပြုဘဲ လာပို့သူကို ဖွင့်ဖောက်ပြသခိုင်းပြီးမှသာ လက်ခံရန် ၊ လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် နေထိုင်ကြရန် ညွှန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်သည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။