ချစ်သူနဲ့လက်ထပ်လိုက်ပြီး ပထမဆုံးရင်သွေးလေးလည်း ပိုင်ဆိုင်တော့မယ်လို့ အသိပေးလိုက်တဲ့ ဆောင်ဂျွန်ကီ

Celebrity International News

ချစ်သူနဲ့လက်ထပ်လိုက်ပြီး ပထမဆုံးရင်သွေးလေးလည်း ပိုင်ဆိုင်တော့မယ်လို့ အသိပေးလိုက်တဲ့ ဆောင်ဂျွန်ကီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ချစ်သူနဲ့လက်ထပ်လိုက်ပြီး ပထမဆုံးရင်သွေးလေးလည်း ပိုင်ဆိုင်တော့မယ်လို့ အသိပေးလိုက်တဲ့ ဆောင်ဂျွန်ကီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Song Joong-ki announces marriage, 1st child with Katy Louise Saunders

ကိုရီးယားထိပ်တန်းမင်းသားချော ဆောင်ဂျွန်ကီဟာ သူ့ချစ်သူ အင်္ဂလန်သူလေး ကေတီ လူးဝစ် ဆောင်ဒါစ်နဲ့ လက်ထပ်လိုက်ပြီဖြစ်တဲ့အပြင် သူတို့ရဲ့ပထမဆုံးရင်သွေးလေးကိုလည်း ပိုင်ဆိုင်ရတော့မယ်ဆိုတာကို သူ့ရဲ့ပရိသတ်တွေကို သူ့ရဲ့တရားဝင် fan cafe ကနေ အသိပေးလာခဲ့ပါတယ်။

သူ ရေးထားတဲ့ စာကတော့
“မင်္ဂလာပါ။ ကျွန်တော် ဂျွန်ကီပါ.. ဒီနေ့တော့ အားလုံးထက် ကျွန်တော့်အတွက် ပိုပျော်ရွှင်တဲ့၊ ပိုတန်ဖိုးရှိတဲ့ ကတိတစ်ခုကို မျှဝေချင်တဲ့အတွက် ပရိသတ်တွေကို နှုတ်ဆက်လိုက်ရတာပါ။ တစ်ယောက်ကို တစ်ယောက် ချစ်မြတ်နိုးရင်း ကျွန်တော့်ဘေးမှာနေပြီး ပံ့ပိုးပေးနေတဲ့၊ တန်ဖိုးရှိတဲ့အချိန်တွေကို ကျွန်တော့်နဲ့အတူ ကုန်ဆုံးပေးတဲ့ ကေတီ လူးဝစ် ဆောင်ဒါစ်နဲ့ တစ်သက်လုံးလက်တွဲသွားမယ်လို့ ကတိထားခဲ့ပါတယ်။

သူက ကြင်နာတတ်တဲ့ နှလုံးသားရှိပြီး ဘဝကို စိတ်အားထက်သန်စွာ နေထိုင်ခဲ့ပါတယ်။ ကျွန်တော် လေးစားရတဲ့အထိ အံ့ဩစရာကောင်းတဲ့သူတစ်ယောက်ပါ။ ကျွန်တော် ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာတာက သူ့ကျေးဇူးကြောင့်ပါ။ ပျော်ရွှင်စရာကောင်းတဲ့မိသားစုကို အတူတကွ ဖန်တီးမယ်လို့ စိတ်ကူးယဉ်ခဲ့ကြပါတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ကတိတွေတည်ဖို့ များစွာကြိုးစားခဲ့ကြပြီး ကျွန်တော်တို့ဆီ ဘဝသစ်တစ်ခု ရောက်လာတဲ့အတွက် ကျွန်တော်တို့ စိတ်ရင်းမှန်နဲ့ ကျေးဇူးတင်မိတယ်။

ဒီနေ့မှာ ကျွန်တော်တို့ရဲ့နက်နဲတဲ့ယုံကြည်မှုနဲ့ချစ်ခြင်းမေတ္တာကို အခြေခံပြီး ကျွန်တော်တို့ အိမ်ထောင်သည်တွေအဖြစ် ဘဝစတင်ဖို့ လက်ထပ်မှတ်ပုံတင်တဲ့နေရာကနေ ကျွန်တော်တို့ ပြန်လာနေပါပြီ။ အခုဆို ကျွန်တော်တို့နှစ်ယောက်ဟာ လာမယ့် ကျွန်တော်တို့နေ့ရက်တွေကို လှပစွာ လျှောက်လှမ်းသွားမှာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို အမြဲအားပေးကြတဲ့ ပရိသတ်အားလုံးကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။

အထူးသဖြင့် ကျွန်တော့်ရဲ့သရုပ်ဆောင်ဘဝတစ်လျှောက်လုံး အကောင်းဆုံး ခွန်အားတွေ ပေးခဲ့တဲ့ Ki Aile (Song Joong Ki’s Fan Club) ရဲ့ဆန္ဒနဲ့ ပံ့ပိုးမှုတွေနောက်ကို လိုက်ပြီး မင်းသားတစ်ယောက်အနေနဲ့ ဆက်ပြီး အမြင့်ကို ပျံသန်းသွားမှာပါ။ အားလုံးကို လူချင်းတွေ့ပြီး နှုတ်ဆက်နိုင်တဲ့အထိ စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ရှိနေမယ်လို့ မျှော်လင့်ပါတယ်”

ဆောင်ဂျွန်ကီဟာ မင်းသမီး ကေတီ လူးဝစ် ဆောင်ဒါစ်နဲ့ ချစ်သူတွေဖြစ်နေတယ်ဆိုတာကို ပြီးခဲ့တဲ့ဒီဇင်ဘာက အတည်ပြုပေးခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။