ဟော့ပေါ့ဆိုင်ရောက်ရင် အဆိပ်ပြင်းတဲ့ ရေဘဝဲ မစားမိအောင် သတိထားကြပါ

International News Local News

ဟော့ပေါ့ဆိုင်ရောက်ရင် အဆိပ်ပြင်းတဲ့ ရေဘဝဲ မစားမိအောင် သတိထားကြပါ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဟော့ပေါ့ဆိုင်ရောက်ရင် အဆိပ်ပြင်းတဲ့ ရေဘဝဲ မစားမိအောင် သတိထားကြပါ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


တရုတ်နိုင်ငံက စားသောက်ဆိုင်တစ်ခုမှာ စားသုံးသူတစ်ဦးက ပန်းကန်ပြားပေါ်က ဟင်းပွဲထဲ အပြာ ရောင်အဝိုင်းတွေပါတဲ့ ရေဘဝဲတစ်ကောင်ကို တွေ့ရှိခဲ့ပြီးတဲ့နောက် စားလိုက်ရင် လူကို အန္တ ရာယ်ဖြစ်စေနိုင်တယ်လို့ သံသယဝင် ခဲ့ပါတယ်။


အဲ့ဒီနောက် စားသုံးသူက ဟင်းပွဲကို ဓာတ်ပုံ ရိုက်ပြီး အွန်လိုင်းပေါ် တင်ခဲ့ရာကနေ သိပ္ပံပညာနဲ့ ဘလော့ဂါတစ်ဦးက အချိန်မီ ဖြေကြားပေးခဲ့လို့ မစားဖြစ်ခဲ့ဘဲ စားသောက်ဆိုင် မီးဖိုခန်းထဲ ပြန်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

စားသောက်ဆိုင်မှာ သွားရောက်စားသုံးခဲ့တဲ့ အဲ့ဒီ အမျိုးသားက သူ့ရဲ့ ဝီဘိုအကောင့်မှာ တင်ထားတဲ့ ဓာတ်ပုံထဲ ရေခဲအပြည့်နဲ့ ပန်းကန်ပြားပေါ် ရေဘဝဲလေးတွေပါပြီး ဟော့ပေါ့ထဲ ထည့်စားဖို့ အဆင်သင့်ဖြစ်နေပြီဆို တာနဲ့ “ဒါက စားလိုရရဲ့လား ပြန်ဖြေပေးကြပါဦး အနည်း ငယ်တော့ စိုးရိမ်ပူပန်မိတယ် ” လို့ ရေးသားပြီး မေးမြန်းခဲ့တာဖြစ်ပါတယ်။ ဘလော့ဂါ ဘိုဝူ ဇာချီက ဒီဓာတ်ပုံကို မြင်ပြီး မိနစ်အနည်းငယ်အကြာမှာ မှတ်ချက်ပေးဖြေကြားခဲ့ပါတယ်။

ဒါက ကျားသစ်စင်း ရေဘဝဲ လို့ ခေါ်တယ် ဒါမှ မဟုတ် အပြာရောင်ကွင်းလေးတွေပါတဲ့ ရေဘဝဲခေါ်ကြတယ်။ သူ့ရဲ့ အဆိပ်က အရမ်းပြင်းတယ်။ အပူနဲ့ ထိသွားရင်တောင် အဆိပ်ဓာတ်က မပြယ်နိုင်ပါဘူး” လို့ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။ ဘလော့ဂါရဲ့ အဖြေကို မြင်ပြီးနောက် ဝီဘိုအသုံးပြုသူတွေ တုန်လှုပ်ခြောက်ခြားခဲ့ကြပြီး ပို့စ်ပိုင်ရှင် အမျိုးသားရဲ့ ဘေးကင်းရေးကိုလည်း စိုးရိမ်ပူပန်ကြောင်း မှတ်ချက်တွေ ရေးသားထားကြပါတယ်။

ခင်ဗျား အဆင်ပြေရဲ့ လား။ ဒီရေဘဝဲက အဆိပ်ပြင်းလွန်းလို့ စားလို့ မရဘူးဆိုတာ စားသောက် ဆိုင်ပိုင်ရှင်ကို မြန်မြန်ပြောပါ” စသဖြင့် ရေးသားထားကြပါတယ်။ “ကျွန်တော် မစားရသေးပါဘူး။ အခု စားပွဲပေါ်ကနေ ဖယ်လိုက်ပါပြီ။ ဆိုင်ရဲ့ စားဖိုဆောင်ဆီ ပြန်ပို့လိုက်ပါပြီ” လို့ ပို့စ်တင်သူ အမျိုးသားက ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

ခန္ဓာကိုယ်ပေါ် အပြာရောင်ကွင်းတွေရှိတဲ့ ရေဘဝတွေဟာ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံး ရေနေ သတ္တဝါ တစ်မျိုးဖြစ်ပြီး သူတို့ရဲ့ အဆိပ်ထဲ နူရိုတောက်ဆင် တီထရို ဒို တောက်ဆင် ပါဝင်တာက အဲ့ဒါနဲ့ ထိတွေ့မိတဲ့ သူတိုင်းအတွက် အရမ်းကို အန္တရာယ်များတယ်လို့ သိရပါတယ်။

မြန်မာပြည်က ပင်လယ်စာရေဘဝဲ ကြိုက်နှစ်သက်တဲ့သူတွေလည်း ယခုအဖြစ်အပျက်ကို သင်ခန်းစာယူပြီး ရေဘဝဲ ဆိုတိုင်း အလျင်စလို မစားမိဖို့ လိုအပ်ပါတယ်။ ပင်လယ်ထဲမှာ ရေဘဝဲ မျိုးစိတ် အများအပြား ရှိတာကြောင့် အထူးသတိထား ဆင်ခြင်ပြီး စားသုံးသင့်ကြောင့် အသိပေးလိုက်ရပါတယ် ခင်ဗျာ။

ရေးသားသူ – အထွေထွေသတင်းစုံ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။