မောင်မောင်တို့ရဲ့မောင်မောင်ဇာတ်ကားမှသရုပ်ဆောင်များပရိသတ်များ နှင့်‌တွေ့ဆုံ

Celebrity

မောင်မောင်တို့ရဲ့မောင်မောင်ဇာတ်ကားမှသရုပ်ဆောင်များပရိသတ်များ နှင့်‌တွေ့ဆုံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မောင်မောင်တို့ရဲ့မောင်မောင်ဇာတ်ကားမှသရုပ်ဆောင်များပရိသတ်များ နှင့်‌တွေ့ဆုံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

CANAL+ ၅နှစ်ပြည့်အထူးစျေးရောင်းပွဲတော်နှင့်မောင်မောင်တို့ရဲ့မောင်မောင်ဇာတ်လမ်းတွဲမိတ်ဆက်ပွဲကိုရန်ကုန်မြို့မင်္ဂလာတောင်ညွန့်မြို့နယ်ရှိကန်သာယာရှောပင်းမော၌ယ‌နေ့ကျင်းပခဲ့သည်။အဆိုပါအခမ်းအနားတွင်မောင်မောင်တို့ရဲ့မောင်မောင်ဇာတ်ကားမှရုပ်ရှင်သရုပ်ဆောင်များကပရိသတ်များနှင့်‌တွေ့ဆုံ၍အမှတ်တရလက်မှတ်ရေးထိုးခြင်း၊အမှတ်တရဓာတ်ပုံရိုက်ကူးခြင်းများအပြင်‌ပျော်ရွင်ဖွယ်ကံစမ်းမဲအစီအစဉ်များကိုလည်းပြုလုပ်ခဲ့ကြသည်။

ပွဲတက်လာတဲ့ အနုပညာရှင်များကြားမှာ သရုပ်ဆောင်ထွန်းထွန်းကတော့ လူအများကြား နာမည်အတော်လေးကြီးသွားခဲ့ပါတယ် ဘာကြောင့်လဲဆို ရင်သူဟာ နာမည်ကျော် စားဖိုမှူး salt baeရဲ့fashionအတိုင်းဝတ်ဆင်ထားပြီး တပုံစံတည်းပွဲတက်လာတာကြောင့်ဖြစ်ပါတယ်။ လူအများကတော့ ထွန်းထွန်းရဲ့စတိုင်ကို စနောက်ပြီး ဟာသလုပ်နေကြတာလည်းဖြစ်ပါတယ်

Myanmar ပြည်  salt baeအားပွဲတက်လာတာကိုမြင်တွေ့ရပုံ

 

အဆိုပါဇာတ်လမ်းတွဲကိုဒါရိုက်တာ‌အောင်မြတ်ရိုက်ကူးထားပြီးသရုပ်ဆောင်ထွန်းထွန်း၊ရဲနောင်ချို၊ချာလီ၊စူးရှထွန်းကြည်၊အောင်ဇေယျမင်းထင်၊ဟန်လင်း၊မန်ဒီ၊မင်းခန့်နှင့်အခြားသရုပ်‌ဆောင်များပါဝင်သရုပ်ဆောင်ထားကြသည်။

ယင်းဇာတ်လမ်းတွဲကိုဇန်နဝါရီလ(၁၆)ရက်မှစတင်၍CANAL+ZATLENNနှင့်CANAL+APP၌အပတ်စဉ်တနင်္လာ-သောကြာည(၇)နာရီအချိန်တွင်ပြသပေးလျက်ရှိကြောင်းသိရသည်။

ရေးသားသူ – Pyi Myanmar

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။