ဒိတ်ဒိတ်ကြဲမင်းသမီးကြီးမိုးဟေကိုနဲ့ တခုတ်တရ ဆိုတဲ့ရုပ်ရှင်မှာ အပြိုင်သရုပ်ဆောင်ထားလို့ စိတ်လှုပ်ရှားနေတယ်ဆိုတဲ့ ထက်ထက်ထွန်း

Celebrity Local News
ဒိတ်ဒိတ်ကြဲမင်းသမီးကြီးမိုးဟေကိုနဲ့ တခုတ်တရ ဆိုတဲ့ရုပ်ရှင်မှာ အပြိုင်သရုပ်ဆောင်ထားလို့ စိတ်လှုပ်ရှားနေတယ်ဆိုတဲ့ ထက်ထက်ထွန်း

ထက်ထက်ထွန်းကတော့ အလှမယ်တစ်ယောက် အနေနဲ့ ပရိသတ်တွေ ရဲ့ ရှေ့ကို စတင်ရောက်ရှိလာ ခဲ့ပြီး လက်ရှိမှာတော့ အနုပညာရှင်တစ် ယောက် အနေနဲ့ ရပ်တည်နေပါတယ်။ ထက်ထက်ထွန်း ပါဝင်သရုပ်ဆော င်ခဲ့တဲ့ “သမီးဆိုး” ဇာတ်လမ်းတွဲ ကတော့ ပရိသတ်တွေကြားမှာတော် တော်လေး ပေါက်ခဲ့ပါတယ်။

ထက်ထက်ထွန်းဟာ အခုတစ်ခါမှာတော့ မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ် ကဲမင်းသမီးတစ်ယောက် ဖြစ်တဲ့ မိုးဟေကိုနဲ့ တခုတ်တရဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးမှာ အိုက်တင်တွေအပြိုင် ချဲရမှာဖြစ် လို့ စိတ်လှုပ်ရှား နကြောင်း ပြောပြလာတာဖြစ်ပါ တယ်။ ထက်ထက်ထွန်းက ဒါရိုက်တာ ကိုဝိုင်း မမိုး နဲ့ ကျော်ထက်အောင်နဲ့ တခုတ်တရဆိုတဲ့ရုပ်ရှင် ကားကြီးမှာ အတူသရုပ်ဆောင်ရမှာပါ။ အခုလို ဒီ ရုပ်ရှင်ကားကြီးမှာ ယုံယုံကြည်ကြည်နဲ့ ကမ်းလှမ်း ပေးတဲ့ ကိုဝိုင်းကိုလဲတကယ်ကျေးဇူးအများကြီး တင်တယ်။

ထက်တာဝန်အရမ်းကြီးတယ် အရမ်းလဲကြိုးစားနေ ပါတယ်။ မမိုးနဲ့ ပထမဆုံးအကြိမ်ဆုံရမှာဆိုတော့ အခုလဲအစမ်းသရုပ်ဆောင်နေရတဲ့အချိန်မှာ တက ယ့်ကိုအပြိုင်ရဲရမှာ ဖစ်တဲ့အတွက် ထက်အနေနဲ့ မမိုးနဲ့အပြင်မှာတစ်ခါမှ သူငယ်ချင်းလို ခ င်မင် ရင်းနှီးတဲ့ပုံစံနဲ့မဆုံဖူးဘူး။ တခြားအလုပ်သေးသေး လေးတောင် တစ်ခါမှ မဆုံဖူးတာဆိုတော့ ပထမဆုံး အကြိမ်လိုဖြစ်နေတယ်။ ထက် ကပွင့်ပွင့်လင်း လင်းနေတတ်ပြောတတ်တဲ့လူမျိုးဆိုတော့ တွေ့ တွေ့ချ င်းမှာ အရမ်းရင်းနှီးသွားတယ်။

မမိုးကလဲ အပြင်မှာတကယ်ချစ်ဖို့ ကောင်းတယ်။ အစမ်းသရုပ်ဆောင်တုန်းကဆိုလဲ စကားပြောတာ ပေါ့ ပါ့ပါးပါးနဲ့ လုပ်နော်ညီမလေး ကိစ္စမရှိဘူး အား မနာနဲ့ဆိုတော့ အရမ်းအ ဆင်ပြေတယ်။ ထက်စိတ် လွှတ်ပြီးတော့ လုပ်လို့ရတယ်။ မမိုးနဲ့ အစမ်း သရုပ်ဆောင်တုန်းကလဲအပြန်အလှန် Chemistry မိပါနေတော့ တကယ့်ရိုက်ကွင်းကြရင်တော့ အဆင်ပြေမှာပါ။ မမိုးက အရမ်းသဘောကျရပြီး မိန်းမတစ်ယောက်ရဲ့ အလှတွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးဆိုတော့ အမဆီကနေ ယူရတဲ့ပ ညာတွေ အတွေ့အကြုံတွေ အများကြီးရှိပါတယ် ဆိုပြီး အခု လိုပဲပြောပြလာတာဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။