လူ ၁၀၀၀ ကို အမြင်အာရုံ ပြန်ကောင်းအောင် ကူညီပေးခဲ့တဲ့ YouTube စူပါစတား

Celebrity International News
လူ ၁၀၀၀ ကို အမြင်အာရုံ ပြန်ကောင်းအောင် ကူညီပေးခဲ့တဲ့ YouTube စူပါစတား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လူ ၁၀၀၀ ကို အမြင်အာရုံ ပြန်ကောင်းအောင် ကူညီပေးခဲ့တဲ့ YouTube စူပါစတား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


မျက်စိတိမ်ဖုံးနေပြီး ခွဲစိတ်စရိတ် မတတ်နိုင်လို့ အမြင်အာရုံ ဆုံးရှုံးနေသူ၊ ဆုံးရှုံးလုဆဲဆဲ ဖြစ်နေသူ ၁၀၀၀ ကို အမြင်အာရုံ ပြန်ကောင်းအောင် YouTube စူပါစတား မစ္စတာဘိစ်က ကူညီပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ မခွဲစိတ်ရခင်နဲ့ ခွဲစိတ်ပြီးနောက် လူနာတွေရဲ့ စိတ်ခံစားချက် ပုံရိပ်တွေကို ရိုက်ကူးဖော်ပြခဲ့ရာ တစ်ရက်မပြည့်ခင်မှာပဲ ကြည့်ရှုမှုအကြိမ်ရေ ၃၂ သန်းကျော် ရှိခဲ့ပါတယ်။

YouTube star MrBeast helps 1000 blind people by sponsoring their cataract  surgery - Trending News

မစ္စတာဘိစ် ( အမည်ရင်း ဂျင်မီဒေါ်နယ်ဆန်)ဟာ လူနာတွေအတွက် ခွဲစိတ်ကုသမှုစရိတ် လှူဒါန်းပေးခဲ့တဲ့အပြင် ငွေသားနဲ့ တခြားလက်ဆောင်တွေလည်း ပေးခဲ့ပါသေးတယ်။

တိမ်ဖုံးနေသူတွေကို အခမဲ့ခွဲစိတ်ပေးတဲ့ စက္ခုအလင်းလက်ဆောင် စီမံကိန်းမှာ နှစ် ၂၀ ကြာ ပူးပေါင်းပါဝင်ခဲ့တဲ့ ခွဲစိတ်ဆရာဝန် ဂျက်ဖ်လီဗင်ဆန်က ခွဲစိတ်မှုတွေ လုပ်ပေးခဲ့တာပါ။ ပထမဆုံးနေ့မှာ လူနာ ၄၀ ကို ခွဲစိတ်ပေးခဲ့ပြီး သီတင်းပတ် ၃ ပတ်အတွင်း လူနာ ၁၀၀၀ ကို ခွဲစိတ်ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

YouTube's MrBeast is helping 1,000 blind people with a mighty gesture -  Local News Today

Youtube ပလက်ဖောင်းမှာ အားပေးသူ သန်း ၁၅၀ ကျော် ရရှိထားတဲ့ မစ္စတာဘိစ်ဟာ YouTube မှာ အားပေးသူ သန်း ၂၀ ပြည့် အထိမ်းအမှတ်အဖြစ် သစ်ပင် သန်း ၂၀ စိုက်ပျိုးခဲ့သူပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။