ဗုံးတွေ အနံ့ခံပေးပြီး အသက်ပေါင်းများစွာ ကယ်တင်ပေးခဲ့တဲ့ စစ်ခွေးလေး အမြင့်ဆုံးဂုဏ်ပြုဆု ရရှိ

International News Local News

ဗုံးတွေ အနံ့ခံပေးပြီး အသက်ပေါင်းများစွာ ကယ်တင်ပေးခဲ့တဲ့ စစ်ခွေးလေး အမြင့်ဆုံးဂုဏ်ပြုဆု ရရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဗုံးတွေ အနံ့ခံပေးပြီး အသက်ပေါင်းများစွာ ကယ်တင်ပေးခဲ့တဲ့ စစ်ခွေးလေး အမြင့်ဆုံးဂုဏ်ပြုဆု ရရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


တာလီဘန်တွေကို စီးနင်းတိုက်ခိုက်ချိန်အတွင်း IED (improvised explosive device) ဗုံး ၅ လုံးကို ရှင်းလင်းဖယ်ရှားဖို့ အနံ့ခံပေးနိုင်ခဲ့ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်ခဲ့တဲ့ သူရဲကောင်းစစ်ခွေး ဘက်စ်ဟာ Victoria Cross (ဗြိတိန်နိုင်ငံရဲ့ ဂုဏ်ပြုဆုတွေထဲမှာ လူပုဂ္ဂိုလ်တွေကို ချီးမြှင့်တဲ့ အမြင့်ဆုံး ဆုတံဆိပ်ပါ)နဲ့ အဆင့်တူ ဆုတံဆိပ်ဖြစ်တဲ့ Dickin Medal ဆု(တိရစ္ဆာန်တွေကို ချီးမြှင့်တဲ့ဆု) ဆွတ်ခူးခဲ့ပါတယ်။

ဘယ်လ်ဂျီယံသိုးထိန်းခွေးလေး ဘက်စ်ဟာ အမေရိကန် မရိန်းတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တာပါ။ ၂၀၁၉ ခုနှစ် မေလက အာဖဂန်နစ္စတန်နိုင်ငံ ဟဲမွန်ပြည်နယ်မှာ တာလီဘန် ဗုံးပြုလုပ်သူတစ်ယောက်ကို ညအချိန် ဝင်ရောက်စီးနင်းရာမှာ ရန်သူ့ဘက်က လက်ဦးမှုယူ ပစ်ခတ်တိုက်ခတ်ပြီး ဗုံးခွဲခဲ့ပါတယ်။ အဲဒီအချိန်မှာ မရိန်းတပ်ဖွဲ့ဝင်တွေက ခြေကုပ်ယူမယ့် နေရာ ရှာဖွေရပြီး အဆောက်အအုံတစ်ခုထဲ ဝင်ရောက်ချိန်မှာ ဘက်စ်က ဗုံး ၅ လုံးကို အနံ့ခံရှာဖွေပေးခဲ့တာပါ။

ဘက်စ်ဟာ အမေရိကန် မရိန်းတပ်ဖွဲ့ရဲ့ အထူးစစ်ဆင်ရေးအဖွဲ့မှာ ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး အာဖဂန်နစ္စတန်၊ အီရတ်၊ ဆိုမာလီနိုင်ငံတွေမှာ စစ်ဆင်ရေး ၄၆ ခု ပါဝင်ခဲ့ချိန်အတွင်း ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း ၃၅၀ ကိုအနံ့ခံပေးနိုင်ခဲ့ပါတယ်။

၁၀ နှစ်သား( လူ့သက်တမ်းနဲ့ယှဉ်ရင် ၅၃ နှစ်အရွယ်) ရှိနေပြီဖြစ်တဲ့ ဘက်စ်ဟာ အခုချိန်မှာတော့ အနားရခဲ့ပြီဖြစ်ပြီး သူ့ကိုထိန်းကျောင်းတဲ့ တပ်ကြပ်ကြီး အဲလက်စ်ရှနဲလ်နဲ့အတူ တက္ကဆက်ပြည်နယ် ဆန်အန်တိုနီယိုမြို့မှာ နေထိုင်လျက်ရှိပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။