အကြွေး ကြေရန်၊ ကျန်းမာရေး ကောင်းရန်နှင့် မိမိ လုပ်ငန်း လာဘ်လာဘ ရွှင်စေရန် ယတြာ

Astrology

အကြွေး ကြေရန်၊ ကျန်းမာရေး ကောင်းရန်နှင့် မိမိ လုပ်ငန်း လာဘ်လာဘ ရွှင်စေရန် ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အကြွေး ကြေရန်၊ ကျန်းမာရေး ကောင်းရန်နှင့် မိမိ လုပ်ငန်း လာဘ်လာဘ ရွှင်စေရန် ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အကြွေး ကြေရန်၊ ကျန်းမာရေး ကောင်းရန်နှင့် မိမိ လုပ်ငန်း လာဘ်လာဘ ရွှင်စေရန် ယတြာ

အကြွေး ကြေချင်ရင် မိမိ လုပ်ငန်း ကောင်းဖို့၊ ငွေဝင် ကောင်းဖို့၊ လာဘ်လာဘ ရွှင်ဖို့ လိုအပ်ပါတယ်။ ကျန်းမာရေး ကောင်းမှ အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိ လုပ်ငန်း ကောင်းဖို့၊ ငွေဝင် ကောင်းဖို့၊ ကျန်းမာရေး ကောင်းရန်နှင့် လာဘ်လာဘ ရွှင်စေရန် ဤယတြာကို ဖော်ပြပေးလိုက်ရပါတယ်။

Myanmar's Currency Falls to All-Time Low Amid Post-Coup Turmoil – The  Diplomat

အချိန်နှင့် နေရာကတော့ – အောက်တွင် ဖော်ပြထားသော နေ့နံအလိုက် နေ့အရ နေ့တိုင်း နံနက်စောစော ဖြစ်စေ၊ ညနေ နေဝင်ခါစ ဖြစ်စေ ဘုရားတစ်ဆူဆူသို့ သွားပြီး ပြုလုပ်ပေးရပါမယ်။

ပြုလုပ်ပုံ –

ဖော်ပြထားသော နေ့နံအလိုက် အရပ်မျက်နှာအတိုင်း၊ နေ့နံအလိုက် ဆီမီးခွက် အကန့်အသတ်နဲ့ မီးထွန်း ပေးရပါတယ်။ ပြီးရင် သဗ္ဗမင်္ဂလာ ဂါထာကို မိမိ သက်စေ သေချာ အာရုံပြု ရွတ်ဖတ် ပူဇော်ရပါမယ်။ အခက်အခဲ တစ်ခုက လွယ်လွယ်ကူကူ အဆင်မပြေတဲ့အတွက် ၂လ ၃လထိတော့ ပူဇော်ပေးပါလို့ အကြံပြုပါစေရှင်။ ✴

မှတ်ချက်။ ။ မည်သည့် နေ့သားသမီးမဆို လုပ်လို့ရပါတယ်။ ရာဟုနဲ့ ဗုဒ္ဓဟူး သားသမီးများကတော့ အတူတူပါပဲ။ အမျိုးသမီးများ ကန်တော့ပါ ရာသီလာနေလျှင် မလုပ်ရပါ။ ရာသီလာတဲ့ နေ့ကစပြီး ၅ရက်မြှောက်နေ့မှ လုပ်လို့ရပါမယ်။

မည်သည့် အခက်အခဲ တွေ့သည်ဖြစ်စေ၊ အပူသောကများ၊ အကြွေးများ၊ ကျန်းမာရေး မကောင်းသူများ အောက်ပါအတိုင်း ပူဇော်ပါ။

တနင်္ဂနွေ သားသမီးများ

ဗုဒ္ဓဟူးနေ့တိုင်း ဘုရားတစ်ဆူဆူသို့ မြောက်အရပ်ကနေ ဆီမီး (၅)ခွက် ပူဇော်ပါ။ သဗ္ဗမင်္ဂလာ ဂါထာကို မိမိ သက်စေ့ ရွတ်ဖတ်ပေးပါ။

တနင်္လာ သားသမီးများ

ကြာသပတေးနေ့တိုင်း ဘုရားတစ်ဆူဆူသို့ အနောက်တောင် အရပ်ကနေ ဆီမီး (၆)ခွက် ပူဇော်ပါ။ သဗ္ဗမင်္ဂလာ ဂါထာကို မိမိ သက်စေ့ ရွတ်ဖတ်ပေးပါ။

အင်္ဂါ သားသမီးများ

သောကြာနေ့တိုင်း ဘုရားတစ်ဆူဆူသို့ အရှေ့မြောက် အရပ်ကနေ ဆီမီး (၇)ခွက် ပူဇော်ပါ။ သဗ္ဗမင်္ဂလာ ဂါထာကို မိမိ သက်စေ့ ရွတ်ဖတ်ပေးပါ။

ဗုဒ္ဓဟူး သားသမီးများ

စနေနေ့တိုင်း ဘုရားတစ်ဆူဆူသို့ အရှေ့အရပ်ကနေ ဆီမီး (၁)ခွက် ပူဇော်ပါ။ သဗ္ဗမင်္ဂလာ ဂါထာကို မိမိ သက်စေ့ ရွတ်ဖတ်ပေးပါ။

ကြာသပတေး သားသမီးများ

တနင်္ဂနွေနေ့တိုင်း ဘုရားတစ်ဆူဆူသို့ အရှေ့တောင် အရပ်ကနေ ဆီမီး (၂)ခွက် ပူဇော်ပါ။ သဗ္ဗမင်္ဂလာ ဂါထာကို မိမိ သက်စေ့ ရွတ်ဖတ်ပေးပါ။

သောကြာ သားသမီးများ

တနင်္လာနေ့တိုင်း ဘုရားတစ်ဆူဆူသို့ တောင်အရပ်ကနေ ဆီမီး (၃)ခွက် ပူဇော်ပါ။ သဗ္ဗမင်္ဂလာ ဂါထာကို မိမိ သက်စေ့ ရွတ်ဖတ်ပေးပါ။

စနေ သားသမီးများ

အင်္ဂါနေ့တိုင်း ဘုရားတစ်ဆူဆူသို့ အနောက်အရပ်ကနေ ဆီမီး (၄)ခွက် ပူဇော်ပါ။ သဗ္ဗမင်္ဂလာ ဂါထာကို မိမိ သက်စေ့ ရွတ်ဖတ်ပေးပါ။

(၇)ရက် သားသမီးများ စိတ်၏ချမ်းသာ၊ ကိုယ်၏ကျန်းမာခြင်း တို့ဖြင့် ပြည့်စုံကြပါစေ

ရေးသားသူ – ဗေဒင် ဆရာမ အင်ကြင်းမေ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။