ဈေးရောင်းလေးလည်းကောင်းပါစေ

Astrology
ဈေးရောင်းလေးလည်းကောင်းပါစေ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဈေးရောင်းလေးလည်းကောင်းပါစေ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဈေးရောင်းလေးလည်းကောင်းပါစေ

ခက်ခဲလှတဲ့ ကာလမှာတစ်ခုတစ်ခုရောင်းဝယ်ဖောက်ကားဖို့လည်း အလွန်ခက်လှပါတယ်…။ဒါ့ကြောင့်မို့လို့အမြန်ဆုံးနဲ့အလွယ်ဆုံး ဈေးရောင်းကောင်းစေတဲ့နည်းလေးကို ပြောပြလိုက်ပါတယ်နော်….လွယ်လွယ်ကူကူနှင့် မြန်မြန်ဆန်ဆန် အကျိုးပေးတာကြောင့် ပြုလုပ်ကြည့်ပါလို့တိုက်တွန်းလိုက်ပါတယ်…

တနင်္ဂနွေသားသမီးများက (သရက် ၊သက်ရင်း၊ သလဲ ၊ သပြေ၆ +ရွက်လှ ၄)အညွန့် ၁၀ညွန့်အရွက်တို့ကို သီးသန့်ပန်းအိုးထိုးပြီး မြောက် အရပ်တွင်ထားကာ ဈေးရောင်းကောင်းစေရန် ဆုတောင်းပါ။

တနင်္လာသားသမီးများ (တမာ၊ နှင်းပန်း၊ နံ့သာဖြူ၊ ထန်း၇+မေမြို့၅ )အစ ရှိသော ပန်းအညွန့်အရွက် ၁၂ခုကို သီးသန့်ပန်းအိုးထိုးပြီး အနောက်တောင်အရပ်တွင်ထားကာ ဈေးရောင်းကောင်းစေရန် ဆုတောင်းပါ။

အင်္ဂါသားသမီးများ (အင်သား၊ ကသစ်၊အုန်း ၁+သပြေ ၆ )အစရှိသော အညွန့်အရွက် ၇ညွန့် ကို သီးသန့်ပန်းအိုးထိုးပြီး အရှေ့အရပ်တွင်ထားကာ ဈေးရောင်းကောင်းစေရန် ဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီးများ (ကဒတ်၊ ခွေးတောက် ၊ ကံကော် ၂+ထန်း၇ ) စသောညွန့်အရွက် ၉ညွန့့်ကို သီးသန့်ပန်းအိုးထိုးပြီး အရှေ့အရပ် တွင်ထားကာ ဈေးရောင်းကောင်းစေရန် ဆုတောင်းပါ။

ကြာသပတေးသားသမီးများ (ညောင်အုပ် သား ၊ဇော်စိမ်း ၃+ အုန်း၁ညွန့်) အစရှိသော အညွန့်အရွက် ၄ညွန့်ကို သီးသန့်ပန်းအိုးထိုးပြီး အရှေ့တောင် အရပ်တွင် ထားကာ ဈေးရောင်းကောင်းစေရန် ဆုတောင်းပါ။

သောကြာသားသမီးများ (လက်ခုပ်၊ ဝက်သစ်ချ ၊ ရွက်လှ ၄+ ကံကော် ၂ညွန့် )စသော အညွန့်အရွက် ၆ညွန့်ကို သီးသန့်ပန်းအိုးထိုးပြီး တောင်အရပ်တွင်ထားကာ ဈေးရောင်းကောင်းစေရန် ဆုတောင်းပါ။

စနေသားသမီးများ (ပင်စိမ်း၊ ပုန်းညက်၊ မေမြို့၅ +ဇော်စိမ်း ၃ )စသော အညွန့်အရွက် ၈ညွန့့်ကို သီးသန့်ပန်းအိုးထိုးပြီး အနောက်အရပ်တွင်ထားကာ ဈေးရောင်းကောင်းစေရန် ဆုတောင်းပါ။

သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို… အစဉ်ဦးညွှတ်ကန်တော့လျက်…

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။