Money block ဖြည်ခြင်း

Astrology

Money block ဖြည်ခြင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Money block ဖြည်ခြင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အိမ်ခြံမြေကား ပွဲစားလုပ်လိုက်တယ်။မြိုးမြိုးမြက်မြက်ရလိုက်တယ်။ပြီးရင်ငွေကထပ်မဝင်တော့ဘူး။
2လုံး3လုံး ပေါက်တယ်။ပွပေါက်တိုးတယ်။ပြီးရင်ထပ်မပေါက်တော့ဘူး။
လကုန်လခရပြီးတာနဲ့ ဘာမှထပ်မဝင်တော့ဘူး။
သူများကိုချေးလိုက်တဲ့ငွေ ပြန်ရဖို့မလွယ်ဘူး။
သူများဆီကယူလိုက်ရင်လည်း ပြန်ဆပ်ဖို့မလွယ်ဘူး။ဘယ်ခါမဆို ရတာနဲ့ကုန်ဖို့တာစူနေတတ်တယ်။
တစ်ခါငွေများများကိုင်မိတာနဲ့ ထပ်မဝင်တော့တာကို #Money_block ငွေကြေးပိတ်ဆို့ခြင်းလို့ခေါ်ပါတယ်။
ကိုယ့်မှာ Money block ရှိနေပြီဆိုရင် ဘယ်လိုဖြည်မလဲ…နည်းလမ်းတချို့အတိုချုံးရေးပါမယ်။

1။#မိမိကိုယ်ကိုအတိတ်ကလူလို့ထင်နေခြင်း

ကိုယ်က2023ရောက်နေပေမယ့် 2021-22က စိတ်ပဲရှိနေသေးတယ်။
အတိတ်က ဘောလုံးပွဲရှုံးဖူးတာ ကုန်လှောင်လို့ရှုံးဖူးတာ အရောင်းအဝယ်မှားလို့ကုန်ဖူးတာ အလိမ်ခံရဖူးတာ စသဖြင့် ဒီလိုအရှုံးသမားဘဝကို စိတ်မှာစွဲနေတတ်တယ်။ပိုက်ဆံရတာနဲ့ ပြန်ကုန်တော့မယ်လို့ မသိစိတ်ကယုံမှတ်နေတတ်တယ်။
ဒီလိုစိတ်100%ဖျောက်ရပါမယ်။လက်ဖျားငွေထာဝရသီးနေသူတွေကိုအားကျရပါမယ်။
ဒီငွေတွေဟာ ငါနဲ့လည်းထိုက်တန်တယ်လို့ မိမိကိုယ်ကိုကိုယ့်ဘာသာအသံထွက်ပြောပေးရပါမယ်။ရှက်စရာမလို ကိုယ်ကြားရုံပဲ။ယူနီဗာ့စ်ပရိုဂရမ်ကောင်းသွားစေပါမယ်။

2။#ငွေမုန်းဖူးခြင်း

ရုပ်ရှင်တွေ ဝတ္ထုတွေကြည့်ပြီး သူဌေးမုန်းစိတ်ဝင်နေတတ်တယ်။ငွေက လူကိုပျက်စီးစေတယ် သေရင်ယူသွားလို့မရဘူး သူဌေးတွေကလူယုတ်မာတွေ ရှိပူရသေးကုန်မှအေး ဆိုတာမျိုးတွေးဖူးရင် ထပ်မတွေးမိအောင်ကြိုးစားရပါမယ်။ကိုယ့်ရည်ရွယ်ချက်က ချမ်းသာချင်ရင်ပေါ့လေ။မဟုတ်တာတွေးရင် ချက္ကရပိတ်စေတယ်။

3။ #အထားအသို

ငွေစက္ကူတွေကို ချစ်သူ့ပါးပြင်လိုသဘောထားရပါမယ်။တစ်ရာတန်လေးကအစ တစ်သောင်းတန်ပမာ
တန်ဖိုးထားရလိမ့်မယ်။သပ်ရပ်လုံခြုံအောင်သိမ်းဆည်းပါ။ကိုယ်တှေအိမျတဈအိမျအလညျသှားရငျ နွေးနွေးထွေးထွေးဆက်ဆံခံရတာကြိုက်သလိုပေါ့။ဒါမှ ထပ်သွားထပ်လာချင်ပါမယ်။
ငွေစက္ကူကိုကြမ်းပြင်ပေါ် ဖြစ်သလိုပုံမထားပါနဲ့။စားပွဲပေါ် ပွယောင်းအောင် မထားပါနဲ့။ပိုက်ဆံအိတ်ထဲထိုးချေမထည့်ပါနဲ့။ကိုယ်ဆီ ငွေစက္ကူတွေပျော်ပါစေ။

4။ #ပိုက်ဆံလက်ခက်ခြင်း

လူတချို့ရှိတယ်။လက်ဖက်ရည် မုန့်ဟင်းခါးကအစ
ပေးနိုင်ပေမယ့် အကြွေးမှတ်ခိုင်းကြတယ်။ပေးစရာရှိရင် တစ်ထောက်နှစ်ထောင်ကစလို့ ချက်ချင်းပေးကျင့်မရှိပါဘူး။ညနေမှ မနက်ဖြန်မှ လကုန်မှ ရွှေ့နေလေ့ရှိပါတယ်။ဒါကို လက်ခက်တယ်လို့ အရပ်ထဲသုံးနှုန်းကြတယ်။အဲ့ဒါက Money block ဖြစ်စေတယ်။ဈေးသည်လာတယ် ဝယ်ပြီး လက်မအားတော့ ညနေကျဝင်ယူလို့ပြောလိုက်မိရင် ညနေပေးရပါမယ်။ညနေ ဈေးသည်ရောက်လာမှ ကိုယ်က ကိစ္စနဲ့အပြင်သွားနေရင် ဈေးသည်ခမျာ မျက်နှာလေးငယ်ငယ်နဲ့ပြန်ရရှာမယ်။သူ့အိမ်မှာ ဗိုက်ဆာနေမယ့်ကလေးတွေရှိရင် သူကအသိကုန်စုံဆိုင်မှာမျက်နှာငယ်ငယ်နဲ့အကြွေးခံရတော့မယ်။ဒါက အဆင်မပြေစေပါဘူး။

5။ #မဆစ်ရမယ့်ဈေးသည်

အထူးသဖြင့်ခေါင်းရွက်ဗျတ်ထိုးဈေးသည်ခပ်နွမ်းနွမ်းတွေ လမ်းဘေးချခင်းရောင်းရတဲ့အသည်တွေကို ဈေးမဆစ်တာကောင်းတယ်။မတန်မှန်းသိတာကို ဝယ်ကြည့်စမ်းပါ။ကန်စွန်းရွက်သုံးစည်းတစ်ထောင်ကိုဆစ်မနေပါနဲ့။ကိုယ်ပိုပေးရတဲ့အမြတ်က ကိုယ်ဆုံးရှုံးသွားတယ်လို့မတွေးပါနဲ့။ဒါသူ့ဘဝကို ကူညီပေးလိုက်တာပါ။
မတန်မှန်းသိပေမယ့် ကူညီပြီးဝယ်ပေးလိုက်တဲ့အခါ
ထူးဆန်းတဲ့ပီတိတစ်မျိုးကိုယ်ရလိမ့်မယ်။ပြုံးမိလိမ့်မယ်။အဲ့ဒီအခါ ခန္ဓာကိုယ်က ဟော်မုန်းတစ်မျိုးထွက်လာတယ်။လူကပေါ့ပါးသလိုဖြစ်သွားတဲ့အခိုက်အတန့်ခံစားရပါမယ်။ချက္ကရပွင့်သွားတာပါ။
ကားတွေ ရွှေတွေဝယ်ရင်ဆစ်ပေါ့။စားသောက်ဆိုင်ကြီးတွေဘေလာရင်သေချာစစ်ပါ။ပိုပေါင်းထားရင် ပြောပါ။

6။happymoney

ဒီအကြောင်းရေးခဲ့ပြီးပါပြီ။မနိုင်တာအစကတည်းက ဝယ်စရာမလို။နိုင်တာကိုပျော်ပျော်ရွှင်ရွှင်ဝယ်ပါ။ဝယ်ပြီးကြည်နူးနေပါ။happy money အဖြစ်သုံးလိုက်ရင် အဲ့ဒီmoney က သူ့မိတ်ဆွေ money တွေခေါ်ပြီး ကိုယ့်ဆီပြန်လာပါမယ်။
အလှူခံလေးတွေကအစ happy money နဲ့ပေးနိုင်အောင် အကြွေဆောင်ထားနိုင်ပါတယ်။
အထက်ပါရေးခဲ့တာလောက်လုပ်နိုင်ရင်ပဲ money block ပြေလာပါမယ်

ရေးသားသူ – ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။