မိဘကို ဆဲဆိုအော်ဟစ်သူများ လက်ရှိဘ၀မှာတင် ခံစားရနိုင်တဲ့ ဒဏ် (၁၀)ပါး

Astrology
မိဘကို ဆဲဆိုအော်ဟစ်သူများ လက်ရှိဘ၀မှာတင် ခံစားရနိုင်တဲ့ ဒဏ် (၁၀)ပါး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိဘကို ဆဲဆိုအော်ဟစ်သူများ လက်ရှိဘ၀မှာတင် ခံစားရနိုင်တဲ့ ဒဏ် (၁၀)ပါး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိဘကို ဆဲဆိုအော်ဟစ်သူများ လက်ရှိဘ၀မှာတင် ခံစားရနိုင်တဲ့ ဒဏ် (၁၀)ပါး

ကိုယ်က မှန်သည်ဖြစ်စေ ၊ မှားသည်ဖြစ်စေမိဘတွေကို ဒေါသတကြီးအော်ကြီးဟစ်ကျယ် ပြန်လာပြောဆိုရင်လက်ရှိ ပစ္စုန်ပ္ပန်ဘ၀မှာ ဒဏ်ဆယ်ပါးထဲက အနည်းဆုံး တစ်ပါးပါးသင့်တတ်တယ် ။

ဒဏ်ဆယ်ပါးက ဘာတွေလဲ

၁။ ကြမ်းကြုတ်သော ဝေဒနာ ခံစားရခြင်း
၂။ ကိုယ်ခန္ဓာ ပျက်စီးခြင်း
၃။ အနာရောဂါဖြစ်ခြင်း
၄။ ရူးသွပ်ခြင်း
၅။ မင်းပြစ် မင်းဒဏ်သင့်ခြင်း
၆။ အကြီးအကျယ်စွပ်စွဲခံရခြင်း
၇။ မိဘ သားသမီး ဇနီးမယားများ ဆွေမျိုးများ ပျက်စီးခြင်း
၈။ စည်းစိမ်ချမ်းသာ ပျက်စီး ဆုံးရှုံးခြင်း
၉။ နေအိမ်စသည့် မီးလောင်ခြင်း
၁၀။ ငရဲကျရောက်ခြင်း

ဒါကြောင့် ကိုယ်က မှန်နေတယ်ဆိုရင်တောင်မှမိဘတွေကို ဒေါသတကြီး အော်ဟစ်ကြီးကျယ် ပြန်လှန်မပြောဆိုသင့်ဘူးပေါ့ ။အကျိုးသင့် အကြောင်းသင့် နား၀င်အောင်
အေးအေးဆေးဆေးသာ ပြောရတယ် ။

အကျိုးသင့် အကြောင်းသင့် ပြန်ပြောလို့မှ လက်မခံရင်လည်း သူတို့ကွယ်ရာကနေ ရှောင်ထွက်သွားလိုက်ပါ ။ မိဘတွေ စိတ်ဆိုးပြေလောက်မှ ဖြေးဖြေးခြင်း သူတို့ကို ပြန်ရှင်းပြလိုက်ပါ ။

အကယ်၍ မိဘများကို လွန်လွန်ကျူးကျူး ပြန်ပြောမိပြီဆိုရင် ဘုရားကျောင်းဆောင်ရှေ့သွားပြီး ဝန်ချကန်တော့တောင်းပန်ပါ ။ မိဘကို ဖွင့်ပြောပြီး ဝန်ချကန်တော့နိုင်ရင်တော့ ပိုကောင်းတာပေါ့နော် ။သားလိမ္မာ သမီးလိမ္မာများ ဖြစ်နိုင်ကြပါစေခင်ဗျား.။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။