မြန်မာပြည်အတွက် ရန်ပုံငွေရှာဖို့ australia ကိုသီချင်းဆိုမသွားခင် သမီးလေးတွေကိုဟင်းချက်ကျွေးနေတဲ့ အဆိုတော်ချမ်းချမ်း

Celebrity

မြန်မာပြည်အတွက် ရန်ပုံငွေရှာဖို့ australia ကိုသီချင်းဆိုမသွားခင် သမီးလေးတွေကိုဟင်းချက်ကျွေးနေတဲ့ အဆိုတော်ချမ်းချမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မြန်မာပြည်အတွက် ရန်ပုံငွေရှာဖို့ australia ကိုသီချင်းဆိုမသွားခင် သမီးလေးတွေကိုဟင်းချက်ကျွေးနေတဲ့ အဆိုတော်ချမ်းချမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


အဆိုတော်ချမ်းချမ်းကတော့မြန်မာနိုင်ငံရဲ့ဖြစ်ရပ်တွေကို speak outလုပ်ပေးခဲ့တာကြောင့်စကစ ရဲ့ဖမ်းဝရမ်းထုတ်ခြင်းခံထားရတာဖြစ်ပြီး နေအိမ်ကိုလည်းချိတ်ပိတ်ခဲ့ကြပါတယ်။ အဲ့ဒါကြောင့် ခင်ပွန်းသည်ရှိရာ အီတလီမှာနေထိုင်လျက်ရှိပြီး သမီး ၂ယောက်နဲ့မိသားစုဘဝလေးတည်ဆောက်ထားတာဖြစ်ပါတယ်

မိသားစုကိုအချိန်ပေးသလို တိုင်းပြည်အတွက်လည်းလိုအပ်တဲ့ရန်ပုံငွေတွေရှာဖွေပေးနေတဲ့ချမ်းချမ်းက မကြာခင် australia မှာသီချင်းသွားဆိုရတော့မှာဖြစ်ပါတယ် သူမသွားခင်မှာသမီးတွေကိုဟင်းချက်ကျွေးဖြစ်တဲ့အကြောင်းအခုလိုပဲပြောလာပါတယ်

ချမ်းချမ်းကဖေဖေနဲ့မေမေခရီးမသွားခင် သမီးလေးတွေအကြိုက်ဟင်းပေါင်းစုံချက်ကျွေးဖြစ်တယ် သမီးကြီးအတွက် အမဲသားဆီပြန် အာလူးဟင်းရည်သောက်နဲ့သမီးငယ်အတွက်ကတော့ တူနာကင်ရယ် ပဲစိမ်းစေ့ကိုကြော် အဖေကြီးကတော့တူနာကင် အာလူးကို rose mary အုပ် ဂျင်းနဲ့ကြက်သွန်ဖြူထည့်ကြော်ထားတဲ့ အာလူးကြော် ရယ်ချက်ကျွေးဖြစ်တယ်

ဘဝမှာသားသမီးတာဝန်ကိုကျရာနေရာကထမ်းရင်း အခုအခါမှာလည်းတိုင်းပြည်အတွက်လည်းလိုအပ်တဲ့နေရာမှာ တတ်နိုင်တဲ့ဘက်က တာဝန်ထမ်းဖို့ဖေဖေနဲ့မေမေ မနက်ဖြန် australia ကိုထွက်လာပါတော့မယ် ချစ်ရတဲ့ပရိသတ်ကြီးနဲ့ ၁ယောက်မကျန်တွေ့ချင်ပါတယ် ပြည်နယ်အလိုက်လက်မှတ်လေးတွေဝယ်ထားကြပါနော် ဆိုပြီးပြောလာတာဖြစ်ပါတယ်

ချမ်းချမ်းရဲ့ australia tour အဆင်ပ​ြ​ေ ပ​ြ​ေ ကျင်းပနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်

ရေးသားသူ – World Info

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။