ကျိကျိတက်ချမ်းသာတဲ့ သူဌေးတွေနဲ့ လက်ထပ်ပြီး အနုပညာအလုပ်ကို စွန့်လွှတ်ခဲ့ကြတဲ့ မင်းသမီးများ

Celebrity

ကျိကျိတက်ချမ်းသာတဲ့ သူဌေးတွေနဲ့ လက်ထပ်ပြီး အနုပညာအလုပ်ကို စွန့်လွှတ်ခဲ့ကြတဲ့ မင်းသမီးများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးတွေနဲ့ လက်ထပ်ပြီး အနုပညာအလုပ်ကို စွန့်လွှတ်ခဲ့ကြတဲ့ မင်းသမီးများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကျိကျိတက်ချမ်းသာတဲ့ သူဌေးတွေနဲ့ လက်ထပ်ပြီး အနုပညာအလုပ်ကို စွန့်လွှတ်ခဲ့ကြတဲ့ မင်းသမီးများ

ချမ်းမီမီကို

ချမ်းမီမီကို ကတော့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ မော်ဒယ် မင်းသမီးတယောက်ဖြစ်ပြီး အသက် ၂၂ နှစ်အရွယ် မှာ ပင် အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဉက္ကဌ ဖြစ်သူဦးစိုးထွန်းရှိန်နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ် လက်ထပ်ပြီးနောက်ပိုင်းမှာအနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ခြင်းမရှိတော့ပါဘူး

သဉ္ဇာနွယ်ဝင်း

မင်းသမီးချောလေးသဉ္ဇာနွယ်ဝင်းက တော့ ဇာတ်ကားတွေမှာ ချစ်စရာအမူအရာလေးတွေနဲ့ သရုပ်ဆောင်တက်သူဖြစ်ပြီးအိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေကို စွန့်လွှတ်ခဲ့ပါတယ်

ချစ်စနိုးဉီး

ချစ်စနိုးဉီးကတော့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ကောင်းသူတယောက် ဖြစ်တဲ့အပြင် အကယ်ဒမီဆုကြီးပါ ဆွတ်ခူးထားသူတယောက် ဖြစ်ပါတယ် ကျိကျိတက်ချမ်းသာတဲ့ သူဌေးတယောက်နဲ့ လက်ထပ်ခဲ့ပြီးတဲ့နောက်ပိုင်း အနုပညာအလုပ်တွေကိုရပ်နားခဲ့ပါတယ်

နန္ဒာလှိုင်

တချိန်က မင်းသမီးချောလေးနန္ဒာလှိုင်ကတော့ ပရိတ်သတ်တွေ အများကြီးရဲ့ အားပေးမှုကိုရရှိခဲ့ပြီး ဇေကမ္ဘာ အသိုင်းအဝိုင်းနဲ့ လက်ထပ်ခဲ့ပြီးနောက်ပိုင်း အိမ်ရှင်မ သာလုပ်ပြီး ဘဝကိုရိုးရှင်းစွာဖြတ်သန်းနေထိုင်နေခဲ့ပါတယ်

ရေးသားသူ – Celezone

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။