ကိုယ်တိုင်ချက်ပြုတ်ပြီး သားမီးလေးတွေကို ကိုယ်တိုင်ထမင်းခွံ့ကျွေးနေတဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ပြသလာတဲ့ “နိုင်နိုင်း”

Celebrity

ကိုယ်တိုင်ချက်ပြုတ်ပြီး သားမီးလေးတွေကို ကိုယ်တိုင်ထမင်းခွံ့ကျွေးနေတဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ပြသလာတဲ့ “နိုင်နိုင်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုယ်တိုင်ချက်ပြုတ်ပြီး သားမီးလေးတွေကို ကိုယ်တိုင်ထမင်းခွံ့ကျွေးနေတဲ့ ကြည်နူးစရာ ပုံရိပ်လေးတွေကို ပြသလာတဲ့ “နိုင်နိုင်း” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် နိုင်းနိုင်းကတော့ အနုပညာအလုပ်တွေကို ငယ်စဉ် အခါတည်းက လုပ်ဆောင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။နိုင်းနိုင်းက တိကျပိုင်နိုင်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် သူရဲ့ဇာတ်ကားတွေဟာဆိုရင် ပရိတ်သတ်တွေရဲ့ အားပေးခြင်းကို ခံရပါတယ်နော်။နိုင်းနိုင်း ရဲ့ ရူပကတော့ အရမ်းဖြောင့်ပြီး ခန့်ညား လွန်းလို့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးပဲဖြစ်ပါတယ်။

နိုင်းနိုင်းက ချစ်ရတဲ့မိန်းကလေး စန္ဒီချိုနဲ့ အတူတူ နှစ်ယောက် တစ်ဘဝကို တည်ဆောက် လိုက်ပြီး သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပါတယ်နော်။နိုင်နိုင်းက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်သာ လုပ်ဆောင်နေပြီ ဇနီးရှိတဲ့နိုင်ငံကို သွားလိုက်ပြန်လိုက်လုပ်နေပါတယ်။

အခုဆိုရင်တော့ နိုင်နိုင်းက ချစ်စရာ သားသားမီးမီးလေး ၄ယောက်ကို ပိုင်ဆိုင်ထားပြီး သိုက်သိုက်ဝန်းဝန်း နဲ့ အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးပဲဖြစ်ပါတယ်။နိုင်းနိုင်းက ဇနီးသည်နဲ့ကလေး၄ယောက်ကို အရမ်းချစ် လို့ အစစအရာအရာ လိုလေစေ့မရှိအောင် ဂရုစိုက်ပြီး ပံ့ပိုးနေတဲ့ ခင်ပွန်းကောင်း ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်။

ဒီတစ်ခါမှာဆိုရင်လည်း သရုပ်ဆောင်နိုင်းနိုင်းက သားတွေ သမီးတွေကို ကိုယ်တိုယ် ချက်ကျွေးပြီး ထမင်းပါ ခွံ့ကျွေးတဲ့ အဖေမျိုး မလိုချင်ဘူးလားလို့ဆိုတဲ့မေးခွန်းလေးနဲ့အတူ သားသမိလေးတွေကို ကိုယ်တိုင်ထမင်းခွံ့ကျွေးနေတဲ့ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့တာပဲဖြစ်ပါတယ်နော်..။ချစ်စရာကောင်းတဲ့ သားသမီးလေးတွေနဲ့ပေျာ်ရွှင်နေတဲ့ ဖေဖေနိုင်နိုင်း ရဲ့ပုံရိပ်လေးတွေကိုအခုလိုပဲတစ်ဆင့်ကူးယူတင်ဆက်ပေးလိုက်ပါတယ်

ရေးသားသူ – The News Post

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။