ဖေ့ဘုတ်ဆယ်လီ ကိုအောင်ချမ်းအေး နေအိမ်သို့ အလည်ပြန်ရောက်လာစဉ် ဖမ်းဆီးခံရ

Celebrity
ဖေ့ဘုတ်ဆယ်လီ ကိုအောင်ချမ်းအေး နေအိမ်သို့ အလည်ပြန်ရောက်လာစဉ် ဖမ်းဆီးခံရ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဖေ့ဘုတ်ဆယ်လီ ကိုအောင်ချမ်းအေး နေအိမ်သို့ အလည်ပြန်ရောက်လာစဉ် ဖမ်းဆီးခံရ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရသည့် ကိုအောင်ချမ်းအေးသည် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် မွန်ပြည် နယ်၊ကျိုက်ထိုမြို့နယ်၊ ကော့ထင်းကျေးရွာရှိနေအိမ်သို့ပြန်လာရာ မိနစ်ပိုင်းအတွင်း၌ပင် စစ်ကောင်စီ တပ်ဖွဲ့ကလာရောက်ဖမ်းဆီးသွားခဲ့ပြီး လက်ရှိတွင် ၎င်းအား ကျိုက်ထိုရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထား သည်ဟု သိရသည်။


“ဆန္ဒပြတဲ့အချိန် ကော့ထင်းမှာ သူ့အိမ်ကိုပထမအကြိမ်လာဝိုင်းတော့ သူ ထိုင်းကို ပြန်သွားတာ။

ဒုတိယအကြိမ်လာဝိုင်းတော့ ထိုင်းရောက်နေပြီ။ အခု ထိုင်းကနေပြင်ဦးလွင်မှာ အလုပ်ကိစ္စနဲ့ အင်တာဗျူးလုပ်ပြီးသူ့အိမ်ခဏပြန်လည်တာ။ ဧည့်သည်နှစ်ယောက်လည်းပါလာတော့ အုပ်ချုပ်ရေးမှူးဆီမှာ ဧည့်စာရင်းတိုင်ပြီးအိမ်ကိုပြန်တာ။ အိမ်ရောက်တော့ မိနစ်ပိုင်းအတွင်းအဖမ်းခံရတာပဲ။ ဧည့်သည်နှစ်ယောက်ကို မဖမ်း သွားဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းသည် ၂၀၂၁ ခုနှစ်က ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံရပြီးနောက် ပထမဆုံးအကြိမ် နေအိမ်သို့ ပြန်လာခြင်း ဖြစ်ကြောင်း သိရသည်။

ရေးသားသူ – Pya Zat News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။