ခေါင်းအစခြေအဆုံးအနီရောင်တွေ ခြုံလွှမ်းပြီး ဖက်ရှင်ပွဲတက်ရောက်ခဲ့တဲ့ အဆိုတော် Doja Cat

Celebrity International News

ခေါင်းအစခြေအဆုံးအနီရောင်တွေ ခြုံလွှမ်းပြီး ဖက်ရှင်ပွဲတက်ရောက်ခဲ့တဲ့ အဆိုတော် Doja Cat

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခေါင်းအစခြေအဆုံးအနီရောင်တွေ ခြုံလွှမ်းပြီး ဖက်ရှင်ပွဲတက်ရောက်ခဲ့တဲ့ အဆိုတော် Doja Cat ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမေရိကန်ရက်ပ်အဆိုတော်မလေး Doja Cat ဟာ ဖက်ရှင်ဒီဇိုင်နာ အက်လ်ဆာ ဆာချီယာပါရယ်လီရဲ့ ဖက်ရှင်ရှိုးပွဲကို တနင်္လာနေ့က တတ်ရောက်လာခဲ့တဲ့အချိန် သူ့ရဲ့ဖက်ရှင်စတိုင်နဲ့ မြင်သူတကာကို အံ့အားသင့်သွားစေခဲ့ပါတယ်။ သူက Swarovski ကျောက်မျက်ရတနာတံဆိပ်ရဲ့ ကျောက် ၃၀၀၀၀ အပါအဝင် ခေါင်းအစခြေအဆုံးအနီရောင်တွေ ခြုံလွှမ်းလာခဲ့တာပါ။

 

Doja Cat

ရှိုးပွဲတတ်ရောက်လာတဲ့သူတိုင်းကို ဆွဲဆောင်ထားတဲ့ သူ့ရဲ့ဝတ်စုံကို ဖက်ရှင်ဒီဇိုင်နာ ဒန်နီရယ် ရို့စ်ဘယ်ရီက စိတ်ကြိုက်ဒီဇိုင်းလုပ်ထားပြီး မိတ်ကပ်ပညာရှင် ပတ် မက်ဂရက်သ်က သူ့ရဲ့အဖွဲ့နဲ့အတူ အချိန် (၅) နာရီကြာ ဖန်တီးခြယ်သပေးခဲ့တာပါ။ ဒီဝတ်စုံမှာ ကျောက် ၃၀၀၀၀ အပြင် အနီရောင်ပိုးသားအင်္ကျီ၊ အနီရောင်သစ်သား‌စေ့တွေဖုံးထားတဲ့ စကတ်ပါဝင်ပါတယ်။ Doja Cat က ဝတ်စုံနဲ့လိုက်ဖက်တဲ့ အနီရောင်ဖိနပ်ရှည်ကိုလည်း ဝတ်ဆင်ထားပါသေးတယ်။

မိတ်ကပ်ပညာရှင် ပတ် မက်ဂရက်သ်က ဒီဖက်ရှင်အသွင်အပြင်ကို “Doja’s Inferno” လို့ သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ ဖော်ပြခဲ့ပါတယ်။ သူဟာ Doja Cat ရဲ့အသားရေမှာ သူ့ရဲ့အဖွဲ့က အနီရောင်ဆေးရည်တွေ သုတ်လိမ်းပေးနေတာ၊ လက်နဲ့ ကျောက်များစွာကို ကပ်ပေးနေတာတွေ ပြနေတဲ့ နောက်ကွယ်ကဗီဒီယိုကိုလည်း တင်ပေးခဲ့ပါတယ်။
Doja Cat က စတိုင်လစ် ဘရက်တ် အာလန် နယ်လ်ဆန်နဲ့အတူ ဖက်ရှင်ရှိုးပွဲကို တက်ရောက်ခဲ့တာပါ။

ကိုင်လီ ဂျန်နာ (Kylie Jenner)

ကိုင်လီဂျန်နာနဲ့ (၁) ပေအကွာ ရှေ့တန်းထိုင်ခုံမှာ ထိုင်ခဲ့တာပါ။ ကိုင်လီဂျန်နာရဲ့ဖက်ရှင်ကလည်း လူအများရဲ့အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ သူက ခြင်္သေ့ခေါင်းပါတဲ့ အနက်ရောင်ကတ္တီပါဂါဝန်ကို ဆင်မြန်းလာခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး