သင့်ရာသီခွင်ကပြောပြနေတဲ့ အိုမင်းချိန်မှာ သင်ရလာနိုင်မယ့်နောင်တများ

Astrology
သင့်ရာသီခွင်ကပြောပြနေတဲ့ အိုမင်းချိန်မှာ သင်ရလာနိုင်မယ့်နောင်တများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သင့်ရာသီခွင်ကပြောပြနေတဲ့ အိုမင်းချိန်မှာ သင်ရလာနိုင်မယ့်နောင်တများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သင့်ရာသီခွင်ကပြောပြနေတဲ့ အိုမင်းချိန်မှာ သင်ရလာနိုင်မယ့်နောင်တများ

Do You Wish You Had Done Things Differently? The 4 Categories Of Regret

၁။ မိဿရာသီဖွား (Aries ) မတ်လ (၂၁) မှ ဧပြီ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

သင့်အသက်မွေးဝမ်းကျောင်းအလုပ်အတွက် အရမ်းကိုဂုဏ်ယူပြီး အလုပ်တွေကို ကြိုးစားတယ်၊ အောင်မြင်တယ်။ ဒါပေမဲ့ ငယ်ရွယ်စဉ်မှာ စိတ်အပန်းပြေဖို့အတွက် အပျော်ခရီးတွေမထွက်ခဲ့ရလို့ နောင်တရလိမ့်မယ်။ ဒါကြောင့် အချိန်မလွန်ခင် လူငယ်ဘဝရဲ့ လွတ်လပ်ပေါ့ပါးတဲ့အရသာကို သဘာဝတရားကြီးနဲ့အတူတူ ခံစားလိုက်ပါ။

၂။ ပြိဿရာသီဖွား (Taurus )ဧပြီ (၂၁)မှ မေလ (၂၁) ရက်အတွင်း မွေးဖွားသူများ

မချစ်သင့်တဲ့သူတွေကို ချစ်မိတဲ့အတွက်၊ ဂရုမစိုက်သင့်တဲ့သူတွေကို ဂရုစိုက်မိတဲ့အတွက် နောင်တရလိမ့်မယ်။ ချစ်သူဖြစ်ဖြစ်၊ သူငယ်ချင်းဖြစ်ဖြစ်ပေါ့။ ဒါကြောင့် အရေးမပါတဲ့သူ၊ သင့်အတွက် ဆိုးကျိုးတွေပဲဖြစ်နေတဲ့သူတွေအတွက် အချိန်ပေးပြီး အလေးထားမနေပါနဲ့။

၃။ မေထုန်ရာသီဖွား (Gemini)မေလ (၂၂) မှ ဇွန်လ (၂၁) ရက် အတွင်းမွေးဖွားသူများ

သင်လုပ်ချင်တာကို မလုပ်ပဲ လုပ်သင့်တယ်ထင်တာတွေကို လုပ်ခဲ့တာကြောင့် နောင်တရလိမ့်မယ်။ သင့်နှလုံးသားရဲ့ အသံကို မကြားချင်ယောင်ဆောင်ပြီး သူများတွေရဲ့ အသံကို နားထောင်ခဲ့တဲ့အတွက် နောင်တရလိမ့်မယ်။ သင့်ဘဝကို သင့်ကိုယ်ပိုင် အတွေး၊ သင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဖြတ်သန်းပါ။

၄။ ကရကဋ္ရာသီဖြား (Cancer)ဇွန်လ (၂၂) ရက် မှ ဂျူလိုင်လ (၂၃) ရက် အတွင်းမွေးဖွားသူများ

အချစ်ကိုပဲ ဦးစားပေးလွန်းတာကြောင့် နောင်တရလိမ့်မယ်။ သင့်ကိုယ်သင်ထက် သင်ချစ်ရသူကို ဦးစားပေးလွန်းတာကြောင့် အခွင့်အလမ်းတွေဆုံးရှုံးပြီး သင့်ဘဝမှာ နောင်တရတတ်တယ်။ အချစ်ဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ အချစ်ဟာ ဘဝတစ်ခုလုံးမဟုတ်ပါဘူး။

၅။ သိဟ်ရာသီဖွား (Leo)ဂျူလိုင်လ (၂၄) ရက်မှ သြဂုတ်လ (၂၃) ရက်အတွင်း မွေးဖွားသူများ

Opinion | Death: A Nice Opportunity for Regret - The New York Times

သင့်ကိုယ်သင် ကောင်းကောင်းမဆက်ဆံခဲ့တဲ့အတွက် နောင်တရလိမ့်မယ်။ အားလုံးနဲ့ ယှဉ်ရင် သင့်အတွက်ဆိုတာ ဘယ်တော့မှ ဦးစားပေးစာရင်းထဲမပါပါဘူး။ သင့်ကိုယ်သင်ထက် သူများတွေကို စိတ်ပျော်ရွှင်အောင် ထားမယ်။ အသက်ကြီးလာတဲ့အချိန်မှာ သင်ဘာပျော်ရွှင်မှုမှ မရခဲ့လို့ နောင်တရတတ်ပါတယ်။

၆။ ကံရာသီဖွား (Virgo )သြဂုတ်လ (၂၄) ရက်မှ စက်တင်ဘာလ (၂၃) အတွင်းမွေးဖွားသူများ

အတွေးတွေခေါင်လွန်းတာ၊ သူများတွေ ဘယ်လိုထင်မလဲဆိုတာကို တွေးလွန်းတာတွေကြောင့် နောင်တရတတ်ပါတယ်။ သင်ဝါသနာပါတဲ့အလုပ်၊ ဆန္ဒရှိတဲ့အလုပ်ကို လုပ်မယ်ဆိုရင်တောင် သူများတွေရဲ့ အမြင်တွေ၊ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့သံတွေကို ဂရုစိုက်လွန်းတယ်။ အဲဒီလိုနဲ့ အသက်ကြီးလာတဲ့အခါမှာ ကိုယ်လုပ်ချင်တာမလုပ်ရလို့ နောင်တရတတ်ပါတယ်။

၇။ တူရာသီဖြား (Libra)စက်တင်ဘာ (၂၄) မှ အောက်တိုဘာ (၂၃) ရက်အတွင်း မွေးဖွားသူများ

ငြင်းပယ်ခဲ့မိတဲ့ အဖြစ်တွေအတွက် နောင်တရလိမ့်မယ်။ သူငယ်ချင်းတွေနဲ့ တွေ့ဖို့၊ ပျော်ပွဲရွှင်ပွဲတွေ သွားဖို့၊ ပါတီတက်ဖို့ အစစအရာရာအားလုံးကို အလုပ်များတယ်ဆိုပြီး ငြင်းပယ်တယ်။ အဲဒီငြင်းပယ်မှုကြောင့် အသက်ကြီးလာတဲ့ အခါမှာ နောင်တရတတ်ပါတယ်။ သင့်ရဲ့ အချိန်တွေကို အလုပ်အတွက် ခွဲထားသလို လူမှုရေးအတွက်လည်း အချိန်သီးသန့်ခွဲထားသင့်ပါတယ်။

၈။ ဗြိစ္ဆာရာသီဖွား(Scorpio)အောက်တိုဘာ (၂၄) ရက်မှ နိုဝင်ဘာလ (၂၂) ရက်အတွင်းမွေးဖွားသူများ

မိဘတွေအပေါ် အချိန်မပေးနိုင်၊ ဂရုမစိုက်နိုင်ခဲ့တဲ့အတွက် နောင်တရလိမ့်မယ်။ အလုပ်ကိစ္စတွေ၊ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဦးစားပေးလွန်းပြီး မိဘတွေအတွက် အချိန်မပေးနိုင် ဖြစ်တတ်တယ်။ အသက်အရွယ်ကြီးလာလို့ ကိုယ်တိုင်မိဘနေရာရောက်တဲ့အချိန်၊ မိဘတွေမရှိတော့ချိန်မှ အချိန်လွန်နောင်တတွေ ရတတ်ပါတယ်။ မိဘတွေရှိနေတုန်း အချိန်ပေးပြီး ဂရုစိုက်ပါ။

၉။ ဓနုရာသီဖွား (Sagittarius )နိုဝင်ဘာလ (၂၃)မှ ဒီဇင်ဘာ (၂၁) ရက်အတွင်းမွေးဖွားသူများ

အပျော်အပါးလိုက်စားလွန်းပြီး အလုပ်ကို ကောင်းကောင်းမလုပ်ခဲ့လို့ နောင်တရတတ်တယ်။ လတ်တလော အဆင်ပြေရင်ပြီးရောဆိုပြီး ငယ်ရွယ်တဲ့ အချိန်ကောင်း၊ နေ့ရက်ကောင်းတွေကို ခပ်ပေါ့ပေါ့ ဖြတ်သန်းခဲ့တယ်။ ကိုယ်နဲ့ ရွယ်တူတွေ အောင်မြင်နေတဲ့အချိန်မှ ကိုယ့်မှာ ဘာမှပိုင်ဆိုင်မှုမရှိလို့ နောင်တရတတ်တယ်။ အချိန်တွေကို အကောင်းဆုံးအသုံးချပြီး ကြိုးစားပါ။

၁ဝ။ မကာရ ရာသီဖြား (Capricorn)ဒီဇင်ဘာ (၂၂)မှ ဇန်နဝါရီလ (၂ဝ) ရက်အတွင်းမွေးဖွားသူများ

ဘဝမှာ အရာရာကို အတည်ယူတတ်ပြီး စိုးရိမ်ပူပန်လွန်းစွာ ဖြတ်သန်းတတ်ခဲ့တာကြောင့် နောင်တရတတ်ပါတယ်။ သူများတွေ ဘာဖြစ်ဖြစ်၊ သင်နဲ့ဆိုင်တာတွေရော၊ မဆိုင်တာတွေရော သင့်တာဝန်လို့ယူဆပြီး တွေးပူတတ်၊ ခေါင်းခံတတ်လွန်းလို့ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေတတ်တယ်။ အသက်ကြီးလာမှ အဲ့ဒါတွေကိုမြင်လာပြီး နောင်တရတတ်ပါတယ်။

၁၁။ ကုံရာသီဖွား (Aquarius )ဇန်နဝါရီလ (၂၁)ရက် မှ ဖေဖော်ဝါရီ(၁၉) တွင်းမွေးဖွားသူများ

သင့်ကိုယ်သင် ဂရုစိုက်ရမယ့်အချိန်တွေမှာ အပျင်းကြီးခဲ့လို့ နောင်တရတတ်တယ်။ ခန္ဓာကိုယ်ကြီးက အကောင်းအတိုင်းဖြစ်နေဦးတောင် သင်လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးသင့်ပါတယ်။ သင့်မျက်နှာလှနေဦးတောင် skin care ကောင်းကောင်းလုပ်ပေးသင့်ပါတယ်။ ငယ်ရွယ်တုန်းမှာ အသားအရေကိုရော၊ ခန္ဓာကိုယ်ကိုပါ
ကာင်းကောင်းဂရုစိုက်သင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ပျင်းနေရင်တော့ အသက်ကြီးလာရင် ကျန်းမာရေးနဲ့ အလှအပအတွက် နောင်တရပါလိမ့်မယ်။

၁၂။ မိန်ရာသီဖွား (Pisces )ဖေဖော်ဝါရီလ (၂ဝ) ရက်မှ မတ်လ(၂ဝ) ရက်အတွင်းမွေးဖွားသူများ

သင်မလုပ်ခဲ့တဲ့အလုပ်တွေအတွက် နောင်တရလိမ့်မယ်။ သင်မလိုက်ဖြစ်ခဲ့တဲ့ ပျော်ပွဲစားခရီး၊ သင်မထိုးဖြစ်ခဲ့တဲ့ တက်တူးလှလှလေး၊ ချိန်းပြီးမှ မသွားဖြစ်ခဲ့တဲ့ တွေ့ဆုံမှုတွေကြောင့် သင်နောင်တရပါလိမ့်မယ်။ တစ်ခုခုဖြစ်သွားမှာ၊ လွဲသွားမှာ၊ ရှုံးသွားမှာကို ကြောက်တဲ့စိတ်တွေက သင့်ကို နောင်တရစေမယ့် တကယ့်အကြောင်းရင်းပါပဲ။ သင့်ကြောက်စိတ်ကို ကျော်ပြီးကြည့်ပါ။ သင့်နားလေးမှာ အခွင့်အလမ်းတွေ ဘယ်လောက်တောင်ရှိနေလဲဆိုတာကိုပေါ့။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး)တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။