ရှောင်ရန် အနော်ရထာ ကျွဲခတ်ကိန်း

Astrology
ရှောင်ရန် အနော်ရထာ ကျွဲခတ်ကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရှောင်ရန် အနော်ရထာ ကျွဲခတ်ကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရှောင်ရန် အနော်ရထာ ကျွဲခတ်ကိန်း

ဘေးအန္တရာယ်ရှိသောနေရာ၊မသွားသင့် မသွားအပ်သောနေရာကို သွားရောက်လျှင် ဘေး ဒုက္ခ တွေ့ရနိုင်လေသည်။ လူတိုင်းလူတိုင်း အတွက် ရောက်သက် နှစ်တိုင်း၊ အရပ်ရှစ်မျက်နှာရှိသည့်အနက် အရပ်တစ်မျက်နှာ တွင် အနော်ရထာ ကျွဲခတ်ကိန်းရှိနေသည်။

ရောက် သက်တစ်နှစ်တွင်ရှိသော အနော်ရထာကျွဲခတ်ကိန်း ကို ဖော်ပြသည့်အရပ်ဒေသကိုသိလျှင် ရှောင်နိုင် ပေမည်။ ဘေးအန္တရာယ်ရှိသော စွန့်စားရသည့်အလုပ် ကို လုပ် ကိုင် အသက်မွေးဝမ်းကျောင်းရမည့်သူများ အတွက်လည်း ဤတွက်နည်းမှာ သင့်လျော်အရေး ပါပေသည်။

ရွှေတွင်း၊ ကျောက်တွင်း၊ ကျောက်မီးသွေး တွင်း၊ သတ္တုတွင်းသို့သွား၍အလုပ်လုပ်ကိုင်မည့်သူ များ၊ နယ်စွန်နယ်ဖျား ရေခြားမြေခြားသို့သွားပြီး လုပ်ကိုင်ကြမည့်သူများ၊
ရေကြောင်း ကုန်းကြောင်း လေကြောင်း ခရီးကြမ်းသွားရသူများ၊ လက်ဝှေ့ နပန်းသမားများ၊ သစ်ဖောင်ဝါးဖောင် သစ်ခုတ်ဝါး ခုတ်သမားများ၊ အမဲလိုက် တောလိုက်မုဆိုးများ၊ စစ်တိုက်မည့်သူများ စသည့်အန္တရာယ်မကင်းသော လုပ် ငန်းလုပ်ကိုင်မည့် သူများအတွက် ပို၍အရေးကြီးပါသည်။

တွက်နည်းမှာ

မိမိ ရောက်သက်ကို တည် ၊၂ နှင့် ပေါင်း၊ ၈ နှင့် စားပါ။ အကြွင်းကိုကြည့်ပါ။

၁ ကြွင်းလျှင်-
အရှေ့အရပ်(တနင်္လာထောင့်)၊
၂ ကြွင်းလျှင်-
အနောက်မြောက်အရပ် (ရာဟုထောင့်)၊
၃ ကြွင်းလျှင်-
အနောက်အရပ် (ကြာသပ တေးထောင့်)၊
၄ ကြွင်းလျှင်
-မြောက်အရပ် (သောကြာ ထောင့်)၊
၅ ကြွင်းလျှင်-
အရှေ့မြောက်အရပ်(တနင်္ဂနွေ ထောင့်)၊
၆ ကြွင်းလျှင်-
အရှေ့တောင်အရပ်(အင်္ဂါ ထောင့်)၊
၇ ကြွင်းလျှင်-
တောင်အရပ်(ဗုဒ္ဓဟူးထောင့်)၊
၀ ကြွင်းလျှင်(ပြတ်လျှင်)-
အနောက်တောင် အရပ်(စနေထောင့်)၊
ရောက်သက်ဆိုသည်မှာ ဥပမာ-အသက် (၂၀)ပြည့်ပြီးလျှင် ရောက်သက်မှာ (၂၁)နှစ်နှင့်တွက် ရပါမည်။

တွက်နည်း နမူနာ(၁)

ရောက်သက် (၂၈)နှစ်ရှိသူ တစ်ယောက်၏ အနော်ရထာ ကျွဲခတ်ကိန်းရှိရာအရပ်ကို ရှာလိုသော် …..
အသက်ကိုတည်၍ ၂ နှင့်ပေါင်းလျှင်-
၂၈+၂= ၃၀၊ (၃၀ ကို ၈ နှင့်စားလျှင်)
၃၀ ၈= အကြွင်း ၆ ရမည်။
၆ကြွင်းသောကြောင့် အနော်ရထာကျွဲခတ် ကိန်းရှိရာအရပ်မှာ အရှေ့တောင်အရပ်(အင်္ဂါထောင့်) ဖြစ်၏။

တွက်ချက်ရာတွင် လွယ်ကူ၍မြန်ဆန်စေရန် လူတိုင်းအတွက် ရောက်သက်များနှင့် အနော်ရထာ ကျွဲခတ်ကိန်းအရပ်ကို ဖော်ပြသည့် အသင့်တွက်ပြီး ဇယားကို ဖတ်ရှုလေ့လာနိုင်ပါသည်။

ဇယားကြည့်နည်းမှာ ရောက်သက်ကို ဇယား တွင်ရှာပြီး ညာဘက်တစ်တန်းတည်း၌အနော်ရထာ ကျွဲခတ်ကိန်းအရပ်နှင့် ထောင့်ကိုကြည့်ရပါမည်။
ဥပမာ-ရောက်သက်(၆၆)နှစ်ရှိသူကို ကြည့် လျှင် ပထမ ၆၆ ကိုရှာပါ။ ညာဘက် တစ်တန်း တည်း၌ကြည့်ပါကမြောက်အရပ်(သောကြာထောင့်) အနော်ရထာကျွဲခတ်ကိန်းရှိရာဒေသကို တွေ့ရမည်။

ရေးသားသူ –ညွန့်လွင် (စက်မှုတက္ကသိုလ်)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

 

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။