အမြင်အာရုံကောင်းတဲ့ပြိုင်ဘက်နဲ့ ပထမဆုံးယှဉ်ပြိုင်ထိုးthetမယ့် မျက်မမြင်အပျော်တမ်းလက်ဝှေ့သမား

International News Local News
အမြင်အာရုံကောင်းတဲ့ပြိုင်ဘက်နဲ့ ပထမဆုံးယှဉ်ပြိုင်ထိုးthetမယ့် မျက်မမြင်အပျော်တမ်းလက်ဝှေ့သမား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အမြင်အာရုံကောင်းတဲ့ပြိုင်ဘက်နဲ့ ပထမဆုံးယှဉ်ပြိုင်ထိုးthetမယ့် မျက်မမြင်အပျော်တမ်းလက်ဝှေ့သမား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အမြင်အာရုံကောင်းတဲ့ပြိုင်ဘက်နဲ့ ပထမဆုံးယှဉ်ပြိုင်ထိုးthetမယ့် မျက်မမြင်အပျော်တမ်းလက်ဝှေ့သမား


မျက်မမြင်အပျော်တမ်းလက်ဝှေ့သမားတစ်ဦးဟာ သူ့ရဲ့ပွဲဦးထွက်လက်ဝှေ့ပွဲအဖြစ် အမြင်အာရုံကောင်းတဲ့ ပြိုင်ဘက်နဲ့ ယှဉ်ပြိုင်ထိုးthetဖို့ ပြင်ဆင်နေပါတယ်။ သူက နောက်လမှာ ပြုလုပ်မယ့် ပရဟိတရန်ပုံငွေလက်ဝှေ့ပွဲမှာ ပါဝင်မှာပါ။ သူဟာ ဗြိတိန်နိုင်ငံ၊ ဘန်စလေမြို့လေးက အသက် ၂၃ နှစ်အရွယ် သောမက်စ် ဆီရက်စ်ဆိုသူပါ။ သောမက်စ်က ပြင်းထန်တဲ့မွေးရာပါရေတိမ်ကြောင့် သူ့အရှေ့ ၃ပေထိသာမြင်နိုင်ပါတယ်။

တုတ်ကောက်နဲ့ လမ်းလျှောက်ရတဲ့ သောမက်စ်က အမြဲတမ်း လက်ဝှေ့ထိုးချင်ခဲ့တာပါ။ လက်ဝှေ့အားကစားရုံထဲ ဝင်ရောက်ပြီး လက်ဝှေ့မလေ့ကျင့်ခင်အထိ သူ လုပ်နိုင်မယ်လို့ မထင်ခဲ့တာပါ။ အခု သူ့ရဲ့ပွဲဦးထွက်ပြိုင်ပွဲမှာ နိုင်သည်ဖြစ်စေ၊ ရှုံးသည်ဖြစ်စေ၊ သရေကျသည်ဖြစ်စေ သူ အကောင်းဆုံးစွမ်းဆောင်သွားမယ်လို့ သောမက်စ်က ဆိုပါတယ်။


အဆင့် ၂ လက်ဝှေ့အသိအမှတ်ပြုလက်မှတ်ရရှိထားတဲ့သောမက်စ်ဟာ ယှဉ်ပြိုင်ဘက်က သူ မျက်စိမမြင်တဲ့အတွက် သူ့ကို မညှာဖို့ မျှော်လင့်တယ်တဲ့။ လက်ရှိမှာတော့ သူက တစ်ပတ်ကို ၃ ရက် လက်ဝှေ့လေ့ကျင့်နေပြီး အခြားရက်တွေမှာတော့ အလေးမလေ့ကျင့်ခန်းတွေ လုပ်နေပါတယ်။

သောမက်စ်က Cancer Research UK အတွက် ရန်ပုံငွေရှာပေးဖို့ ကြိုးစားနေတာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။