အရှေ့သုံးကားက ဗီလိန်၃ယောက်လုံး​ပြန်ပါမယ့် DreamWorks ရဲ့ Kung Fu Panda 4

International News
အရှေ့သုံးကားက ဗီလိန်၃ယောက်လုံး​ပြန်ပါမယ့် DreamWorks ရဲ့ Kung Fu Panda 4

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အရှေ့သုံးကားက ဗီလိန်၃ယောက်လုံး​ပြန်ပါမယ့် DreamWorks ရဲ့ Kung Fu Panda 4 ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အရှေ့သုံးကားက ဗီလိန်၃ယောက်လုံး​ပြန်ပါမယ့် DreamWorks ရဲ့ Kung Fu Panda 4

လက်ရှိ အမေရိကန်နိုင်ငံ၊ လော့စ်အိန်ဂျလစ်စ် မြို့မှာကျင်းပနေတဲ့ CinemaCon ပွဲ မှာ Hollywood ရုပ်ရှင်ကုမ္ပဏီကြီးတွေက ၎င်းတို့ရဲ့ရုပ်ရှင်တွေနဲ့ပတ်သတ်ပြီး Trailer တွေနဲ့ ဇာတ်လမ်းအကျဥ်းတွေကို မိတ်ဆက်ချပြကြပါတယ်။

Universal နဲ့ DreamWorks ရဲ့ Kung Fu Panda 4 ကတော့ ချပြစရာ Trailer မရှိသေးတာကြောင့်ရုပ်ရှင်ရဲ့ဇာတ်လမ်းအကျဉ်းကို Po အသံသရုပ်ဆောင် Jack Black ကိုယ်တိုင် တက်ရောက်ပြောကြား​ပေးခဲ့ပါတယ်။

Jack Black ရဲ့အဆိုအရ KungFu Panda 4 မှာ Po ဟာ ငြိမ်းချမ်းရေးတောင်ကြားရဲ့ နတ်ဆရာအသစ်ဖြစ်လာမှာဖြစ်ပြီး နတ်ဆရာအသစ်မဖြစ်ခင်မှာ သူ့ရဲ့နဂါးသူရဲကောင်းနေရာကိုဆက်ခံဖို့ တပည့်တစ်ယောက်ကိုမွေးထုတ်ပေးရမယ့်အကြောင်းဖန်လာပါတော့တယ်။

သူ့ရဲ့တပည့်အဖြစ် အရည်အချင်းတွေအများကြီးရှိတဲ့ မြေခွေး​လေး Zhen ကိုတွေ့ပြီး အဲ့ဒီမြေခွေးလေး Zhen က Po ကို သူ့ဆရာအဖြစ်မသတ်မှတ်ချင်ပါဘူး။ဒါပေမယ့် နှစ်ယောက်သားက တဖြည်းဖြည်း ဆရာတပည့်ဖြစ်လာပြီး Villain ဖြစ်တဲ့ အစွမ်းအင်မတန်ကြီးမားပြီးကြောက်စရာကောင်းတဲ့ The Chameleon ဆိုတဲ့ ပုတ်သင်ညိုတစ်ကောင်ကိုရင်ဆိုင်ရပါတော့တယ်။

Any matchup for Kung Fu Panda villains? : r/DeathBattleMatchups

အဲဒီပုတ်သင်ညိုက အတိတ်က Tai Lung, Lord Shen နဲ့ Kai တို့လို Villain ​တွေကို ပြန်ခေါ်နိုင်တဲ့ထိစွမ်းအား​ကြီးပြီး သူ့ကိုရင်ဆိုင်ရမယ့်နည်းလမ်းကိုအရေးတကြီးလိုအပ်လာတာကြောင့် Po နဲ့ Zhen တို့ဟာ ငြိမ်းချမ်းရေးတောင်ကြားကနေစွန့်ခွာပြီး ပထမဆုံးအကြိမ် မြို့တော်ကြီးဆီကို ထွက်လာပါတော့တယ်။

Kung Fu Panda 4ကို ၂၀၂၄ ခုနှစ် မတ်လ ၂၈ရက်နေ့မှာ ကမ္ဘာတဝှမ်း ရုံတင်ပြသသွားမှာပါ။

ရေးသားသူ – Myanmar Varient Entertainment

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။