သူများတွေလိုယုတ်မာချင်ပေမယ့် ဘယ်လိုယုတ်မာရမှန်းမသိတဲ့နေ့နံများ

Astrology

သူများတွေလိုယုတ်မာချင်ပေမယ့် ဘယ်လိုယုတ်မာရမှန်းမသိတဲ့နေ့နံများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူများတွေလိုယုတ်မာချင်ပေမယ့် ဘယ်လိုယုတ်မာရမှန်းမသိတဲ့နေ့နံများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူများတွေလိုယုတ်မာချင်ပေမယ့် ဘယ်လိုယုတ်မာရမှန်းမသိတဲ့နေ့နံများ

 

သူများတွေလိုယုတ်မာချင်ပေမယ့် ဘယ်လိုယုတ်မာရမှန်းမသိတဲ့နေ့နံတွေရှိတယ်။

ကြာသပတေး

ကိုယ့်အနားမှရှိနေတဲ့သူကို ပျော်အောင်ထားချင်တယ်၊ ကိုယ့်မရှိရင်သာနေ ကိုယ်ချစ်ခင်ရတဲ့သူတွေအဆင်ပြေရင် ပျော်တာမြင်ရရင် ကျေနပ်တယ်ဆိုတဲ့သူတွေဖြစ်ပီး မိသားစုတာဝန်ကို ထမ်းဆောင်ရပီး မိမိအိမ်မက်တွေကိုချနင်းရသူတွေဖြစ်ပါတယ်။ အတိုက်အခံပေါင်းများစွာကိုရင်ဆိုင်ရင်း ရင့်ကျက်တဲ့နှလုံးသားတစ်စုံကိုပိုင်ဆိုင်ကာ ကိုယ့်ချစ်တဲ့သူအတွက်ဆို ဘာမဆိုစွန့်လွှတ်ရဲ့တဲ့သူတွေဖြစ်ပါတယ်။

ကိုယ့်အပေါ်မကောင်းခဲ့တဲ့သူတွေ၊ ကျောခဲ့တဲ့သူတွေ၊ နှိမ့်ခဲ့တဲ့သူတွေကိုမှတ်ထားပီး လက်စားချေတတ်တဲ့အကျင့်လဲရှိပီး ဘဝမှာ ပြိုင်ဆိုင်ကြိုးစားရင်းအောင်မြင်တတ်တဲ့သူတွေဖြစ်ပါတယ်။ ကတိမတည်တဲ့သူတွေကိုအရမ်းမုန်းတတ်ပီး ပြတ်သားရင်လဲ ငါလိုလူ၂ယောက်မရှိဆိုတဲ့အတိုင်း၊ အကောင်းမွန်ဆုံးလက်စားချေခြင်းက စွန့်လွှတ်ခြင်းပဲလို့ ခံယူထားတတ်တယ်။ ကိုယ့်အပေါ်မကောင်းတဲ့သူတွေရင် သူတို့ ကိုယ့်အပေါ်ပြုမူခဲ့သလို လက်တုံ့မပြန်ပဲ ဉပက္ခာတွေပဲပြန်ပေးလိုက်တယ်။ နောက်ကျောကထိုးတဲ့ဓားပိုနာတဲ့ဆိုတဲ့အတိုင်းဖြစ်ပါတယ်။

စနေ

အပြင်ပိုင်းဟန်ပန်က ရင့်ကျက်တဲ့သူတစ်ယောက်အသွင်ဖြစ်ပေမယ့် ကိုယ့်ချစ်ခင်နှစ်သက်သူအနားရောက်ရင် ပုခုံးလေးပေါ်မှီခိုပီး ရင်ဖွင့်လိုက်ချင်တယ်၊ ပြိုလဲလိုက်ချင်ပါတယ်ဆိုတဲ့ စိတ်ဆန္ဒမျိုးရှိတယ်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဉီးစားပေးခဲ့လို့ ဘဝမှာဆုံးရှုံးမှုတွေများပေမယ့် မိမိဘဝကို ရောင့်ရဲတင်းတိမ်ပီး ကျေနပ်နေတဲ့သူတွေဖြစ်ကြပီး ကိုယ့်ရဲ့မျှော်လင့်ချက်တွေရိုက်ချိုးသွားတဲ့သူကိုတော့ တစ်သက်မမေ့ဘူးဆိုတဲ့စကားအတိုင်းဖြစ်ပါတယ်။

မိမိအနားကိုရောက်လာတဲ့သူတွေက အစပိုင်းမှာမထင်မှတ်လောက်အောင်ကောင်းမွန်ပီး မိမိက ချစ်ခင်နှစ်သက်မိပီး သံယောဇဉ်ရှိပီးဆိုကာမှာ အဝေးကိုပြေးထွက်သွားတဲ့သူတွေများတတ်ပီး အော် နေပါစေလေ ဆိုတဲ့စကားက မိမိအတွက်လားလို့တောင် ထင်ရတတ်တယ်။ ငါခံစားရသလိုသာ နင်ခံစားကြည့်လိုက် ရူးတောင်သွားအုံးမယ်ဆိုပီး ပြောကာ စိတ်တိုဒေါသထွက်တတ်ပေမယ့် သူတစ်ပါးထ်ိခိုက်နာကျင်အောင်တော့ မလုပ်ရက်ခဲ့ဘူး၊ အော် ကိုယ့်ဖြူစင်တာ ကိုယ်အသိဆုံးပါလေ။

သောကြာ

သောကြာသားသမီးတွေရဲ့စိတ်အရင်းခံက နူးညံ့ပီး သူတစ်ပါး မိမိစိတ်လိုထင်မှတ်ကာ အယုံလွယ်မိတဲ့အတွက်ကြောင့် ကိုယ့်အနားကိုရောက်လာတဲ့သူတွေက မိမိဆီက တစ်ခုခုလိုချင်လို့ရောက်လာကြတာတွေများပါတယ်။ အနားမှာ အပေါ်ယံတွေပဲပြည့်နက်နေပီး အခင်ဆုံး၊ အချစ်ဆုံးလို့ထင်မှတ်ရတဲ့သူတွေကတောင် မိမိအပေါ်မှာ မကောင်းကြံနေတဲ့သူ၊ နောက်ကျောကိုဓားနဲ့ထိုးမယ့်သူဖြစ်နေပီး အနီးဆုံးရန်သူတွေများတဲ့အတွက် မိတ်ဆွေအပေါင်းအသစ်၊ ချစ်ရတဲ့သူတွေနဲ့ပတ်သတ်လို့ စိတ်ခံစားမှုနုနယ်တယ်။

ကိုယ့်အပေါ်ကျောနေတယ်ဆိုတာသိရင်တောင် သူ့အပေါ် မကောင်းမပြောရက်ဘူး၊ လိမ်နေတယ်ဆိုတာသိရင်တောင် ထုတ်မပြောရက်ပဲ မသိချင်ယောင်ဆောင်နေမိတတ်ပီး အင်းပါထားလိုက်ပါတော့လေဆိုတဲ့စိတ်မျိုးကို အမြဲတွေးမိတတ်တယ်။ တကယ်ပါ၊ သောကြာသားသမီးတွေက ယုတ်မာချင်ပေမယ့် ဘယ်လိုယုတ်မာရမှန်းမသိဘူး။

ရေးသားသူ – Tarot by Nay Htoo

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။