နာမည်နှင့်လိုက်ဖက်ညီအောင်နေထိုင်ခြင်း

Astrology
နာမည်နှင့်လိုက်ဖက်ညီအောင်နေထိုင်ခြင်း

နာမည်တိုင်းမှာ သူ့ပညတ်နဲ့ သူ့အဓိပ္ပါယ်နဲ့ ပြည့်စုံပီးသားပါ ။ ဒါပေမဲ့ နာမည်ရဲ့သဘာဝနှင့် သူ့အဓိပ္ပါယ်ကို နာမည်ရှင်ကိုယ်တိုင်က မလိုက်နာမကျင့်ကြံ မပြုလုပ် မဆောင်ရွက်ကြတဲ့အခါမှာတော့ နာမည်ရဲ့ဆန်းကျင်ဖက် အကျိုးသက်ရောက်မှုတွေဟာ နာမည်ရှင်ကိုယ်တိုင်ပဲ ခံစားကြရပါတယ် ။

တချို့ကြတော့လည်း မိမိနာမည်နှင့်မိမိ အံဝင် ခွင်ကျ မဖြစ်တာသိပေမဲ့လည်း ဘယ်လိုပြုပြင်နေထိုင်ရမယ်ဆိုတာသိကြတော့ ဘာသာရေးဆိုင်ရာ ရွတ်ဖတ်ပူဇော်တာ ၊ ပုတီးစိပ်တာ ၊ တရားဘာဝနာအားထုတ်တာတွေနဲ့ ပြုပြင်ယူကြတာလည်း အများကြီးတွေ့ရပါတယ် ။ ဒါဟာကောင်းတဲ့ပြုမူ ဆောင်ရွက်ခြင်းပါပဲ ။ ဒါပေမဲ့လို့ တကယ်တမ်းနာမည်အဓိပ္ပါယ်အရ ပြုမူဆောင်ရွက်ခြင်းကသာလျင် မိမိဘဝအတွက် လျင်မြန်သော အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေပါတယ် ။

နာမည်ကို အုပ်စုအမျိုးအစားခွဲမယ်ဆိုရင် အများကြီးပါပဲ ။ ဒီအထဲကမှ အများနားလည်လွယ်မဲ့ နာမည်ရှင်တွေအကြောင်းကိုပဲ အနည်းငယ်ရှင်းပြပါရစေ ။

ပထမဦးဆုံးအမြင်အာရုံနဲ့ဆိုင်တာကို စတင်သုံးသပ်ကြည့်ကြရအောင် ။

မိမိနာမည် အရင်းစာလုံးကိုကြည့်ပါ ။ ကြည် လင်း / ဝင်း /ဝေ / မှိုင်း / မှုန် / တောက် / စူး စတဲ့ နာမည်အရင်းစာလုံး မှည့်ခေါ်ထားသူတွေဟာ သူတို့ရဲ့ဘဝမှာ အမြင်အာရုံနဲ့ဆိုင်တဲ့ ချို့ယွင်းချက်တွေကို မလွဲမသွေခံစားရမဲ့ကံ ပါလာကြသူတွေပါ ။ တချို့ကမွေးရာပါ ။

တချို့ကအသက်ငယ်ငယ်လေးနဲ့ မျက်စိအားမကောင်းသူတွေ ၊ တချို့က မျက်စိထိခိုက်ဒါဏ်ရာရသူတွေ စသဖြင့် ဖြစ်ပျက်ပုံမတူကြပေမဲ့လို့ အမြင်အာရုံထိခိုက်ခံစား
ကြရတာက အတူတူပါပဲ ။ အဲဒီနာမည်ရှင်တွေ အထဲမှာတချို့ကတော့ အမြင်အာရုံမထိခိုက်ပေမဲ့လို့ မိမိပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ အမြင်မကြည်စရာ ဘယ်လိုမှအကောင်းမြင်ကြည့်လို့မရတဲ့လူအဖြစ်ကို ရောက်ရှိစေတတ်ပါတယ် ။

ပြီးတော့ အရောင်အဆင်းနဲ့ ဆိုင်သောနာမည်ရှင်များ ။ ဥပမာ နာမည်အရင်းစာလုံးကို ဖြူ / နီ / ညို / ပြာ / ဝါ / မဲ / စိမ်း စတဲ့နာမည်ရှင်များဟာလည်း အမြင်အာရုံနဲ့ သွယ်ဝိုက် သက်ဆိုင်နေသူများဖြစ်တာမို့ သူတပါးမနှစ်သက် လက်မခံနိုင်တဲ့ အပြုအမူအပြောအဆိုအနေအထိုင်တွေကို ပင်ကိုယ်ဗီဇအရ ပြုမူလုပ်ကိုင်နေသူတွေဖြစ်နေတတ်ကြပြီး အရောင်အဆင်းဆိုတာပြောင်းလဲတတ်တဲ့ သဘာဝမို့ မိမိရည်ရွယ်ချက် မိမိအတတ်ပညာနဲ့ မိမိလုပ်ကိုင်နေတဲ့ အလုပ်အကိုင်တို့ လွှဲချော်ဖို့လွယ်ကူတတ်ကြသူများ ဖြစ်နေတတ်ကြပါတယ် ။

အထက်ဖေါ်ပြထားတဲ့ အမြင်အာရုံဆိုင်ရာ နာမည်ရှင်တွေနှင့် အရောင်အဆင်းဆိုင်ရာ နာမည်ရှင်တွေအတွက် အကောင်းဆုံးယတြာကတော့ မိမိချွေးနည်းစာဖြင့် တစ်လလျင်တစ်ကြိမ် မျက်မမြင်ကျောင်းမှာ အဟာရဒါနလှူဒါန်းခြင်း ၊ ဘုရားစေတီ ညလုံးပေါက် လျှပ်စစ်မီးလှူခြင်း ၊ မျက်စိနှင့်ဆိုင်တဲ့ ဇီဝိတဒါန သံဃာ့ဆေးရုံမှာ လှူဒါန်းခြင်းတွေကို တစ်လတစ်ကြိမ်ဖြစ်စေ ၊ သုံးလတစ်ကြိမ်ဖြစ်စေ တတ်နိုင်သလောက် ကြိုးစားလှူဒါန်းကြပါ ။ ငွေကြေးမတတ်နိုင်သူများအဖို့ မိမိနေအိမ်ဘုရားဆောင်မှာဖယောင်းတိုင်မီး ၊ ညစဉ်ပူဇော်ခြင်းကိုတော့ ဖြစ်အောင်လုပ်စေချင်ပါတယ် ။

အထက်ဖေါ်ပြပါ နာမည်အစပြုထားတဲ့ကလေးသူငယ်များရဲ့မိဘများအနေနဲ့ မိမိသားသမီးတို့ နာမည်ဖြင့် လှူဒါန်းပူဇော်ပေးဖို့လိုအပ်သလို မိမိကလေးသူငယ်များအား TV အလွန်အကျွံကြည့်တာ ၊ ကွန်ပျူတာနဲ့ ဖုန်းသုံးပီး ဂိမ်းအလွန်အကျွံဆော့တာတွေကို အတတ်နိုင်ဆုံး တားမြစ်ပေးဖို့ လိုအပ်ပါတယ် ။ နာမည်အစ စာလုံးအရ မျက်စိထိခိုက်နိုင်မှု အားသာပြီး အစရော အဆုံးပါ နာမည်တူရင်တော့ ပိုပြီးဂရုစိုက်ဖို့ လိုအပ်ပါတယ်လို့သာ တင်ပြပေးလိုက်ပါတယ် ။

ရေးသားသူ – သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။