ရေနံလောကမှာ ဂျင်းထည့်တဲ့အကြောင်း ကိုယ်တွေ့ကြုံရပုံကို မျှဝေလိုက်တဲ့ အဆိုတော် မနော

Celebrity

ရေနံလောကမှာ ဂျင်းထည့်တဲ့အကြောင်း ကိုယ်တွေ့ကြုံရပုံကို မျှဝေလိုက်တဲ့ အဆိုတော် မနော

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရေနံလောကမှာ ဂျင်းထည့်တဲ့အကြောင်း ကိုယ်တွေ့ကြုံရပုံကို မျှဝေလိုက်တဲ့ အဆိုတော် မနော ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရေနံလောကမှာ ဂျင်းထည့်တဲ့အကြောင်း ကိုယ်တွေ့ကြုံရပုံကို မျှဝေလိုက်တဲ့ အဆိုတော် မနော

မနောဟာဆိုရင် သူ့ရဲ့ မုန့်လုံး ဗိုလ်အောင်ဒင်စတဲ့သီချင်းများက နိုင်ငံကျော်အောင်မြင်ခဲ့တဲ့ အဆိုတော်တယောက်လည်းဖြစ်ပါတယ် အခုအခါမှာအနုပညာအလုပ်များကို ဆက်လက်မလုပ်ကိုင်တော့ပဲ စီးပွားရေးလုပ်နေတာလည်းဖြစ်ပါတယ် ဒီတခါမှာတော့ သူ့ရဲ့ရေနံလောကထဲ ခြေချဖို့ကြိုးစားရင်း ကြုံရတဲ့ကိုယ်တွေ့အဖြစ်အပျက်လေးကို ပြောပြလာခဲ့တာဖြစ်ပါတယ်။

“ကိုယ်ပိုင်စီးပွားရေးကို အခုမှ စတင်လုပ်ဆောင်မည့်သူများအတွက် လက်ဆောင်

လွန်ခဲ့သော ၁၀ နှစ်ကျာ်က ရေနံမှော်တစ်ခုမှာ လူတော်တော်များများက သွားရောက်တူးဖော်ကြတယ်ကျောက်ပန်းတောင်း တောင်ဘက်နားက ဂွေးချို ငရှံမှော်ကို ကျနော်တို့ သူငယ်ချင်း (၈) ယောက်သွားပြီးလေ့လာကြတာပေါ့ရေနံမှော်စဝင်လိုက်တာနှင့် ဆီဘောက်ဆာကားကြီးတွေက ရေနံတွေသယ်လာကြတာဗျာ အားရစရာကြီးတောထဲမှာလူတွေအများကြီးနဲ့ စည်ကားနေလိုက်တာများ ပွဲခင်းထက်များတယ်ဗျို့

အဲဒီအချိန်မှာ
ကျနော်က ကုန်းလေးပေါ်ကနေ ရေနံတွင်းများဆီ လှမ်းကြည့်လိုက်တယ် ဝိုး ရေနံတွင်းပေါင်း ၄/၅ ထောင်လောက်ရှိနေတာပါလား အံ့သြစရာကြီးဗျာအဲဒီတွင်းတွေထဲမှာမှ လျှံတွင်းဆိုတာရှိတယ်ရေနံတွေ မိုးပေါ်ထောင်ပန်းနေတာဗျို့ ၃ /၄ တွင်း
တောင်ရှိတယ် ပုံမှန်ထွက်နေတဲ့တွင်း တွေလည်းရှိကြတယ် ကျနော်လည်း သိချင်ဇောနဲ့ အောက်ထဲထိသွားလေ့လာမယ်ကွာဆိုပြီး ၂ လက်မခွဲအရွယ် ရေနံတွင်းတွေကို ခွကျော်ပြီးရေတွက်လာလိုက်တာ ရေနံမထွက်သောတွင်းပေါင်း ထောင်ဂဏန်းရှိနေပြီ လျှံတွင်းဆီကိုမရောက်သေးဘူး

လူတချို့က ကျနော်နောက်ကိုလိုက်ပြီး ကမ်းလှမ်းနေကြတယ် ရေနံတွင်းဝယ်မလားတဲ့ တစ်ရက်ကို နှစ်ပီပါထွက်တဲ့တွင်းက သိန်းတစ်ရာ့ငါးဆယ် တစ်ရက်ကို တစ်ပီပါထွက်က သိန်းတစ်ရာတဲ့ ဟာဟုတ်လားပေါ့ စိတ်ဝင်စားသွားခဲ့တယ် သူတို့တွင်းကို လိုက်ကြည့်တော့ ရေနံတွေတကယ်ခပ်ယူနေကြတယ်

အင်း ရေနံတွေလည်းထွက်နေတယ်ဒီလူတွေ ဘာလို့ ဒီတွင်းကိုရောင်းနေတာလဲပေါ့ သိန်းတစ်ရာ နှစ်ရာခဏနဲ့ ပြန်ရမှာကိုဘာလို့ရောင်းသလဲဆိုပြီး မှော်ထဲလိုက်
စုံစမ်းတာပါ့အဲဒီအချိန် ရေနံတွင်းတူးနေတဲ့ ဘော်ဒါကြီး ကိုမောင်စိုး နဲ့တွေ့တော့ သူတူးနေတာ သိန်း ၅၀ လောက်တော့ ကုန်နေပြီတဲ့ ရေနံမတွေ့သေးဘူးတဲ့

ဟာဒါဆို ထွက်ပြီးသားတွင်းပြန်ဝယ်လိုက်ပါလားဗျာ အချိန်ကုန်သက်သာမယ် သေချာပြီးသားလေဆိုတော့ အဲဒီတွင်းတွေက တကယ်မထွက်ဘူးတဲ့ ရေနံတွေဝယ်ပြီး တွင်းထဲလောင်းထည့် ဝယ်မည့်သူလာမှ ခပ်ပြကြတာတဲ့ ဝယ်သူတွေ ဒုက္ခရောက်နေကြတာတဲ့

ဝိုးဘုရား ဘုရားငရှံ ရေနံမှော်ရယ်တယ်ဆော်သကိုးဗျာ့ ကိုယ့်လူတို့ရေ ရန်းသန်းအယုံမလွယ်လေနဲ့ဗျို့ လောကကြီးမှာ နယ်ပယ်ဆိုတာအများကြီးရှိတာအဲဒီတုန်းက ကျနော်ကားလောက ကျွမ်းတယ်ရေနံ မကျွမ်းဘူး မိမိ ကျွမ်းကျင် ကျက်စားရာနေရာ
မဟုတ်လျှင် သေချာလေ့လာဖို့လိုမယ်တူးတိုင်း မထွက်တဲ့တွင်းတွေက ထောင်ချီရှိနေတယ် လျှံထွက်နေတာက ၃/၄ တွင်းရှိတာလေ

အခု သိန်းတစ်ရာနှင့်ရောင်းမည့်သူက လိမ်နေတာ မထွက်တဲ့ရေနံတွင်းကို ရေနံတွေ ဝယ်ပြီးပြန်လောင်းထည့်ထားတယ် ဝယ်သူလာမှ ခပ်ပြနေတာဗျို့ အောင်မငီးကြောက်စရာပါလားနော် အဲလိုဝယ်မိထားသူတွေအများကြီး ဒီမှော်ထဲမှာရေသန့်နဲ့ ကွမ်းရောင်းသူက ဝင်ငွေကောင်းနေတယ်

ကျနော် ဆုံးဖြတ်ချက်ချလိုက်တယ် တော်ပြီ မတူးတော့ဘူး ရေနံတွင်းတူးမည့်အစား နှစ်လုံးထီထိုးတာမှ သေချာဦးမယ်စဉ်းစားကြည့်လေ နှစ်လုံးထီက အကွက်တစ်ရာပဲရှိတယ်လေ ပေါက်ကွက်က သေချာပေါက်တစ်ကွက်ရှိနေတယ်

ဟိုက တွင်းပေါင်းထောင်ကျော်တယ်လေ ရေနံထွက်ဖို့က မသေချာသေးဘူးဗျို့ လူတစ်ယောက် စီးပွားရှာလျှင် ကံကိုအားကိုး ရှာသည့်အလုပ်ကို သတိထားလုပ်သင့်
ပါတယ်တွင်းထွက်ရတနာ သယံဇာတ မှန်သမျှဟာ ကံလည်းလိုအပ်ပါတယ်
ကံကိုပုံပြီး ဇွတ်အတင်းလုပ်ယူနေလျှင် အချိန်တွေသာကုန်သွားတတ်ပါတယ်
ဘဝအဆက်ဆက်က ပြုခဲ့တဲ့ကံတွေဟာ ပေါ်ခွင့်သာလို့ပေါ်ခဲ့လျှင်တော့အရယူလိုက်ပေါ့

မပေါ်လည်း လက်ရှိရထားတဲ့ ခန္ဓာ ညာဏ် နဲ့ ကြိုးစားရှာဖွေရမှာပေါ့ဗျာ ကျနော်တို့ အားလုံး အလုပ်တစ်ခုလုပ်မယ်ဆိုလျှင် တွက်ကိန်းက သိပ်ကိုအရေးပါလှပါတယ်စနစ်တကျ စိစစ်လေ့လာသုံးသပ်ရမယ်ကြိုးစားရှာဖွေရမယ်ပေါ့ဗျာမောဟကမွေးတော့ လောဘသားကောင်းလေးဖြစ်လာ လောဘကပြန်မွေးတော့ အပူတကာ့အပူဆုံး ဒေါသ
ရဲ့ သားကောင်လေးမွေးလာရတယ်ပေါ့လေ

လောဘနဲ့ ရှာဖွေသမျှ ကြံစည်သမျှ ဘယ်အရာမှမကောင်းဘူးဗျို့ ကိုယ်တွေ့ အသိလေးတစ်ခု မေတ္တာဖြင့်မျှဝေလိုက်ပါတယ်ခင်ဗျာ
ကြွင်းပေါင်းတစ်ထောင် ကျော်ခွလာတဲ့ ငါဟဲ့ မနော” ဆိုပြီးသူ့ရဲ့အတွေ့အကြုံကို ပရိသတ်တွေမှတ်သားနိုင်ရန် ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်

ရေးသားသူ – မောင်မနော Manaaw’s facebook

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။