ဂိမ်းကစားတာကနေ တစ်နှစ်ကို ပေါင် ၅၀၀၀၀ ဝင်တဲ့ FIFA ဂိမ်းကျွမ်းကျင်ကစားသမား

Celebrity International News Sports
ဂိမ်းကစားတာကနေ တစ်နှစ်ကို ပေါင် ၅၀၀၀၀ ဝင်တဲ့ FIFA ဂိမ်းကျွမ်းကျင်ကစားသမား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဂိမ်းကစားတာကနေ တစ်နှစ်ကို ပေါင် ၅၀၀၀၀ ဝင်တဲ့ FIFA ဂိမ်းကျွမ်းကျင်ကစားသမား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဂိမ်းကစားတာကနေ တစ်နှစ်ကို ပေါင် ၅၀၀၀၀ ဝင်တဲ့ FIFA ဂိမ်းကျွမ်းကျင်ကစားသမား

အသက် ၂၄ နှစ်အရွယ် Esports ကစားသမား အဲလက်စ် ရှောက FIFA ဂိမ်းကစားရင်း တစ်နှစ်ကို ပေါင် ၅၀၀၀၀ အထိ ဝင်နေပါတယ်။ အဲလက်စ်က သူ့အသက် ၁၃ နှစ်မှာ PlayStation 2 အတွက် FIFA 12 ဂိမ်းကို ဝယ်ယူခဲ့ပြီးတဲ့အချိန်ကစပြီး ကစားဖြစ်ခဲ့တာပါ။

Meet the 24 year-old making £50k a year by playing FIFA | LiverpoolWorld

အဲ့ဒီကတည်းကစပြီး ဆယ်စုနှစ်တစ်ခုကြာလာတာနဲ့ အဲလက်စ်က သူ့ရဲ့ဝါသနာကို အသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပါတယ်။ အစက ကျောင်းဆင်းတာနဲ့ သူ့ရဲ့သူငယ်ချင်းတွေနဲ့အတူ FIFA ကစားရင်းအချိန်ကုန်ခဲ့တယ်။ နောက်တော့ အွန်လိုင်းကစားပွဲတွေထဲက ပရော်ဖက်ရှင်နယ်ကစားသမားတွေနဲ့ ယှဉ်ပြိုင်ကစားဖြစ်ခဲ့တယ်။

အဲလက်စ်က ဒီကစားသမားတွေကို အနိုင်ရခဲ့ပြီး အောင်ပွဲတွေ ရယူနိုင်ခဲ့တယ်။ ဒါပေမဲ့ သူက သူ့ရဲ့ကျွမ်းကျင်မှုကို သတိမပြုမိခဲ့ဘူး။ မကြာခင်မှာပဲ သူဟာ ၂၀၁၈ ခုနှစ်ရဲ့ အွန်လိုင်းဘောလုံးပြိုင်ပွဲမှာ ပါဝင်ဖို့ ဖိတ်ကြားခံခဲ့ရတယ်။ အဲ့ဒီရာသီမှာ အဲလက်စ်က တရားဝင် FIFA esports ကစားသမားဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အွန်လိုင်းခြေစမ်းကစားခြင်းအတွက် ပေါင် ၁၅၀၀၀၀ ရရှိခဲ့ပါတယ်။

အသက်မွေးဝမ်းကျောင်းအနေနဲ့ FIFA ဂိမ်းကို ပရော်ဖက်ရှင်နယ်ကျကျ ကစားတာက အဲလက်စ်အတွက် အိပ်မက်တစ်ခု အမှန်တကယ်ဖြစ်လာတာပါ။ FIFA စကစားတုန်းက သူအရမ်းကြီးမကျွမ်းကျင်ဘူး။ နှစ်တော်တော်ကြာ လေ့ကျင့်မှုတွေကြောင့် အခုအဆင့်အထိ ရောက်လာခဲ့ရတာပါ။

သူက သူ့ရဲ့အသက်မွေးဝမ်းကျောင်းနဲ့ပတ်သက်ပြီး ကမ္ဘာအနှံ့ခရီးသွားရတာကို စိတ်လှုပ်ရှားရပါတယ်တဲ့။ နာမည်ကြီးကလပ်တွေကို ကိုယ်စားပြုတဲ့ အခြားကျွမ်းကျင်ကစားသမားတွေနဲ့ ယှဉ်ပြိုင်ဖို့ အမေရိကန်နဲ့ ဥရောပတစ်ဝှမ်းက နေရာအသီးသီးကို သွားရောက်ခဲ့ရပါတယ်။ သူ့ရဲ့Esport ကစားသမားဘဝ ပထမဆုံး (၄) နှစ်မှာ သူက Hashtag United esport အသင်းကိုယ်စားပြုခဲ့တာပါ။ အခုတော့ သူ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကမှ စာချုပ်ချုပ်ဆိုခဲ့တဲ့ Horizon Union esport အသင်းအတွက် ကစားနေပါတယ်။

Man earns up to £50,000 a year playing FIFA against the world's best from  his bedroom - Leicestershire Live

အဓိကပြိုင်ပွဲတစ်ခုကို အနိုင်ရဖို့ ရည်မှန်းထားပါတယ်။ သူက ePremiere League အတွက် အကြိမ်ပေါင်းများစွာ အရည်အချင်းပြည့်မှီခဲ့ပါတယ်။ သူ့ရဲ့အနာဂတ်အစီအစဉ်က နောက် ၅ နှစ် (သို့) ၁၀ နှစ်လောက်မှာ Esport ပြိုင်ပွဲအစီအစဉ်ကြေညာသူအဖြစ် ကူးပြောင်းဖို့ပါပဲ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။