ခြူးလေးကိစ္စမှာ ဒါရိုက်တာညံ့ဖျင်းလွန်းတယ်လို့ ဝင်ပြောလိုက်တဲ့ ကိုမျိုးချစ်မြန်မာ

Celebrity

ခြူးလေးကိစ္စမှာ ဒါရိုက်တာညံ့ဖျင်းလွန်းတယ်လို့ ဝင်ပြောလိုက်တဲ့ ကိုမျိုးချစ်မြန်မာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခြူးလေးကိစ္စမှာ ဒါရိုက်တာညံ့ဖျင်းလွန်းတယ်လို့ ဝင်ပြောလိုက်တဲ့ ကိုမျိုးချစ်မြန်မာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခြူးလေးကိစ္စမှာ ဒါရိုက်တာညံ့ဖျင်းလွန်းတယ်လို့ ဝင်ပြောလိုက်တဲ့ ကိုမျိုးချစ်မြန်မာ

မြင်နေရတာမနေနိုင်တော့လို့တစ်ခုရှင်းပြချင်တယ်။ပင်လယ်ပြာပြာကိစ္စမှာ ခြူးလေးကိုချည်းအပြစ်တင်နေကြလို့မရပါဘူး။ဒီခေတ်ပြိုင် (ကြေး/ရွယ် တူ) သရုပ်ဆောင်အမည်ရှေ့နောက်ကိစ္စဟာ ရုပ်ရှင်လောက စဖြစ်တည်လာကတည်းက မြန်မာပြည်မှာတင်သာမက တစ်ကမ္ဘာလုံးမှာပါ ယနေ့ထိဖြစ်နေဆဲဆိုတာ ဦးဟိန်းစိုး ကောင်းကောင်းသိပါတယ်။

ဒီကိစ္စမျိုးကိုဆုံးဖြတ်တဲ့နေရာမှာ Director ရဲ့သြဇာတိက္ကိမဘယ်လောက်ကြီးမားတယ်ဆိုတာနဲ့လည်းဆိုင်သလို ဆုံးဖြတ်ပေးတဲ့ ပုံသေနည်းတွေများစွာရှိပါတယ်။
ရုပ်ရှင်အနုပညာရဲ့အစဥ်အလာအရ အောက်ပါအတိုင်း အဆင့်လိုက်ခွဲခြားဆုံးဖြတ်ရမှာဖြစ်ပါတယ်။

Main Actors သို့မဟုတ် Co-Actors နှစ်ယောက်မှာ ဘယ်သူကအဓိက Leading Role ဖြစ်တယ်ဆိုတာကို ဇာတ်လမ်းကျောရိုးအရသော်လည်းကောင်း သူတို့ဇာတ်ကောင် Characters တွေရဲ့ Story အပေါ် အရေးပါမှုအနေအထားနဲ့ သရုပ်ဆောင်ကွက်ပြသပိုင်ခွင့် အလွယ်အခက်တွေပေါ်မှာမူတည်ပြီးခွဲခြားလို့ရပါတယ်။

အဲ့ဒါတွေအားလုံးကပါမတိမ်းမယိမ်းဖြစ်နေလို့ ဘယ်သူက အဓိကဇာတ်ဆောင်လို့သတ်မှတ်ရခက်နေသေးတယ်ဆိုရင် အလွယ်ဆုံးက Screen Time နဲ့ ဆုံးဖြတ်လို့ရပါတယ်။

ပိတ်ကားပေါ်မှာ သရုပ်ဆောင်ချိန်ဘယ်သူပိုများမယ်ဆိုတာကို အကြမ်းဖျဥ်းအားဖြင့် မရိုက်ခင်ကတည်းက မူလဇာတ်လမ်းကနေဖြစ်စေ ဇာတ်ညွှန်းရဲ့ Synopsis သို့မဟုတ် ရိုက်ညွှန်း/Storyboard က Total Take Counts Per Actor နဲ့ Total Spoken Words Per Actor ကိုကြည့်ပြီးဖြစ်စေ အနီးစပ်ဆုံးခန့်မှန်းလို့လည်းရပါတယ်။
စကတည်းက PC မှာ Format နဲ့ချရေးထားရင် ကြိုက်သလို အတိအကျရှာလို့ရပါတယ်။

နောက်ဆုံးအဲ့ဒါတွေကပါ မတိမ်းမယိမ်းဖြစ်နေရင် Academy ရဖူးတဲ့သူကိုရှေ့ကထားရမယ်။ရဖူးသူခြင်းတူရင် ဆုပိုရဖူးသူကိုရှေ့ကထားရမယ်။နှစ်ယောက်လုံးမရဖူးသေးဘူးဆိုရင် အနုပညာသက်တမ်း (ခ) ဝါ ပိုရင့်တဲ့သူကိုရှေ့ကထားရမယ်။အနုပညာသက်တမ်းကပါ ထပ်တူဖြစ်နေရင် လူအသက်ခြင်းယှဥ်ပြီး အသက်တစ်ရက်နဲ့အထက်ပိုကြီးတဲ့သူကိုရှေ့ကထားရမယ်။

အဲ့ဒါမှမွေးနေ့ပါ တစ်ရက်တည်းတစ်ချိန်တည်းမွေးကြတယ်ဆိုတဲ့ထိဖြစ်နေပြီဆိုရင်တော့ နှစ်ယောက်ကိုခေါင်းပန်းလှန်ခိုင်းပေါ့။ဆိုလိုတာက Fair ဖြစ်အောင်ကပ်သပ်ရှင်းမယ်ဆိုရင်ရပါတယ်။

Director ရဲ့ ဖြတ်ထိုးဉာဏ်ကောင်းရင် ဘယ်သူမှ စောဒကတက်လို့မရပါဘူး။
ဒါလေးကိုတောင်ပြေလည်အောင်မရှင်းနိုင်တာကတော့ Director ရဲ့ ညံ့ဖျင်းမှုလို့ဘဲ ကောက်ချက်ချမိပါတယ်။

ရေးသားသူ – (မျိုးချစ်မြန်မာ)

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။