ယူကရိန်းနွယ်ဖွား ဂျပန်နိုင်ငံသူ အလှသရဖူ စွန့်လွှတ်

Celebrity International News
ယူကရိန်းနွယ်ဖွား ဂျပန်နိုင်ငံသူ အလှသရဖူ စွန့်လွှတ်

ဂျပန်နိုင်ငံက အလှမယ်ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီး သူက ဂျပန်လူမျိုးနွယ် မဟုတ်တာကြောင့် အမျိုးသားရေး လက္ခဏာအရေး အငြင်းအခုံဖြစ်ခဲ့ရတဲ့ အလှမယ်ဟာ အခုတော့ သူ့ရဲ့ လူမှုရေးကိစ္စအပေါ် စွပ်စွဲကြတာတွေ ထွက်ပေါ် လာခဲ့ပြီးတဲ့နောက် အလှသရဖူကို စွန့်လွှတ်လိုက်ပါတယ်။

ဂျပန်နိုင်ငံသူ ကာရိုလီနာ ရှီအီနို က ယူကရိန်းမှာ မွေးဖွားခဲ့သူဖြစ်ပြီး မစ္စ ဂျပန် အဖြစ် ပြီးခဲ့တဲ့ သီတင်းပတ် ၂ ပတ်ကြာက အရွေးချယ်ခံခဲ့ရပါတယ်။

သူဟာ အရင်တုန်းက အိမ်ထောင်ရှိ ယောက်ျား တယောက်နဲ့ ဇာတ်လမ်းဖြစ်ခဲ့တယ် ဆိုတဲ့ သတင်းကို တက်ဘလွိုက်သတင်းစာတစောင်က ရေးခဲ့ပါတယ်။

အစပိုင်းတုန်းကတော့ သူဟာ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မစ္စ ရှီအီနိုဟာ ဂျပန်မှာ ၅ နှစ်အရွယ် ကတည်းက နေထိုင်ခဲ့သူဖြစ်ပြီး သူက တက်ဘလွိုက် သတင်းစာတွေမှာ မကြာခဏဆိုသလို သတင်း ဖော်ပြခံရသူပါ၊

သူ ဂျပန်အလှမယ် ပြိုင်ပွဲအနိုင်ရချိန်မှာတော့ ဂျပန်လူမျိုးဆိုတာဘာလဲ ဆိုတဲ့ အပေါ် အငြင်းပွားမှုတွေ အသစ်ထပ်ပြီး ပေါ်ထွက်လာခဲ့ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။