အပျက်အစီးတွေကြားကနေ ကယ်တင်ပေးပြီးနောက် သူ့နားကမခွာဘဲကပ်နေတဲ့ကြောင်လေးကို ကယ်ဆယ်ရေးသမားက မွေးစား

International News Local News

အပျက်အစီးတွေကြားကနေ ကယ်တင်ပေးပြီးနောက် သူ့နားကမခွာဘဲကပ်နေတဲ့ကြောင်လေးကို ကယ်ဆယ်ရေးသမားက မွေးစား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အပျက်အစီးတွေကြားကနေ ကယ်တင်ပေးပြီးနောက် သူ့နားကမခွာဘဲကပ်နေတဲ့ကြောင်လေးကို ကယ်ဆယ်ရေးသမားက မွေးစားဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အပျက်အစီးတွေကြားကနေ ကယ်တင်ပေးပြီးနောက် သူ့နားကမခွာဘဲကပ်နေတဲ့ကြောင်လေးကို ကယ်ဆယ်ရေးသမားက မွေးစား

တူရကီနိုင်ငံမှာ မကြာသေးခင်က ကြောင်လေးတစ်ကောင်ကို အပျက်အစီးတွေကြားကနေ ကယ်ထုတ်နိုင်ခဲ့ပါတယ်။ ကယ်ဆယ်တဲ့ဗီဒီယိုဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပြီး အဲ့ဒီကြောင်လေးက ကယ်ဆယ်ရေးသမားရဲ့ဘေးနားကနေ ထွက်သွားဖို့ ငြင်းဆန်ခဲ့တာကို တွေ့ရပါတယ်။ အခုဆို အဲ့ဒီကယ်ဆယ်ရေးသမားက ကြောင်လေးကို မွေးစားလိုက်ပါပြီ။

ကယ်ဆယ်ရေးသမားက ကြောင်လေးကို မွေးစားလိုက်တယ်ဆိုတာကို ယူကရိန်းပြည်တွင်းရေးရာဝန်ကြီးဌာနရဲ့ ဒုဝန်ကြီးဟောင်း အန်တွန် ဂီရာချ်ချန်ကိုက တွစ်တာမှာ ပြောပြခဲ့တာပါ။ “တူရကီမှာ အပျက်အစီးတွေကြားကနေ ကယ်ဆယ်ခံခဲ့ရပြီး သူ့ကို ကယ်ဆယ်ခဲ့တဲ့ ကယ်ဆယ်ရေးသမားရဲ့ဘေးကနေ ထွက်သွားဖို့ ငြင်းဆန်တဲ့ ကြောင်လေးတစ်ကောင်အကြောင်းကို ကျွန်တော် ပို့စ်တင်ခဲ့တယ်။ ကယ်ဆယ်ရေးသမားရဲ့ နာမည်က အက်လီ ကာခါစ်ဖြစ်ပြီး အဲ့ဒီကြောင်လေးကို တူရကီလို Enkaz (အပျက်အစီး) လို့ နာမည်ပေးပြီးတော့ မွေးစားခဲ့ပါတယ်။ သူတို့ အတူတူပျော်ရွှင်တဲ့ဘဝလေး ပိုင်ဆိုင်ကြပါစေ”လို့ ရေးသားခဲ့တာပါ။

ကယ်ဆယ်ရေးသမား အက်လီ ကာခါစ်က သူ့နားတစ်ချိန်လုံးကပ်နေတဲ့ အဖြူအမဲကြောင်လေးနဲ့ သူ့ကို သံယောဇဉ်ကြိုးချည်နှောင်စေခဲ့တဲ့ “အပျက်အစီး” ကို ဂုဏ်ပြုတဲ့အနေနဲ့ ကြောင်လေးကို “Enkaz” လို့ နာမည်ပေးဖြစ်ခဲ့တာပါ။ “Rubble,the Cat” ဆိုတဲ့ Website က ပုံတစ်ပုံမှာ အက်လီ ကာခါစ်ရဲ့ဘေးမှာ ကြောင်လေးက ပူးကပ်နေပြီး နှစ်ယောက်စလုံး အနားယူနေတာတွေ့ရပါ

တယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။