မုန့်ဖုတ်ဆိုဒါ (baking soda) ရဲ့ လူသိနည်းတဲ့အသုံးဝင်မှုများ

Health

မုန့်ဖုတ်ဆိုဒါ (baking soda) ရဲ့ လူသိနည်းတဲ့အသုံးဝင်မှုများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မုန့်ဖုတ်ဆိုဒါ (baking soda) ရဲ့ လူသိနည်းတဲ့အသုံးဝင်မှုများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မုန့်ဖုတ်ဆိုဒါ (baking soda) ရဲ့ လူသိနည်းတဲ့အသုံးဝင်မှုများ

မုန့်ဖုတ်ဆိုဒါလို့ ပြောလိုက်ရင် လူ (၁၀) ယောက်မှာ (၉) ယောက်လောက်က ပွဆေးလို့ပဲ သိထားကြပါတယ်။ မုန့်ဖုတ်ဆိုဒါရဲ့ အလှအပဆိုင်ရာ အထွေထွေကိစ္စတွေမှာအသုံးဝင်ပုံကို သိသွားချိန်မှာတော့ အဲ့..မုန့်ဖုတ်ဆိုဒါက ဆိုင်မှာရောင်းလား လို့ မေးတတ်ပြန်ပါရော။ ဒါကြောင့် ကုန်တိုက်အများစုမှာဝယ်လို့ရတဲ့ မုန့်ဖုတ်ဆိုဒါအထုပ်ပုံကို လည်းနမူနာပြရင်း သူ့ရဲ့အသုံးဝင်ပုံကိုပါ ဖော်ပြပေးလိုက်ပါတယ်။

၁။ သဘာဝချွေးနံ့ပျောက်ဆေး

ဓာတုဗေဒပစ္စည်းတွေမသုံးဘဲ ချိုင်းချွေးနံ့ကင်းချင်ရင်တော့ မုန့်ဖုတ်ဆိုဒါကိုသာ သတိရလိုက်ပါ။ မုန့်ဖုတ်ဆိုဒါနည်းနည်းကို ရေနဲ့ ရောပြီး နည်းနည်းလေးကြမ်းအောင်ထားပါ။ ပြီးရင်တော့ ချိုင်းအောက်မှာ လိမ်းထားပြီး (၁၅) မိနစ်လောက်ကြာရင် ရေနဲ့ ဆေးချလိုက်ရုံပါပဲ။

၂။ ခြင်ကိုက်လို့ယားယံတာကို သက်သာစေတယ်

မုန့်ဖုတ်ဆိုဒါက ခြင်ကိုက်ဖုတွေကြောင့်ယားယံတာကို သက်သာပျောက်ကင်းစေပါတယ်။ ရေနဲ့ဖျော်ပြီး ခြင်ကိုက်ဖုတွေပေါ်လိမ်းပေးကာ ဆယ်မိနစ်လောက်ထားရုံနဲ့ ယားယံတာကို သက်သာသွားစေပါတယ်။

၃။ ခန္ဓာကိုယ်ကြေးချွတ်ဆေး

သဘာဝအတိုင်း ခန္ဓာကိုယ်တွင်းက အဆိပ်ကိုထုတ်ပေးနိုင်ပါတယ်။ ရေနဲ့ မုန့်ဖုတ်ဆိုဒါကို ဆတူရောပြီး ခန္ဓာကိုယ်မှာလိမ်းထားမယ်ဆိုရင် ဆဲလ်အသေတွေနဲ့ ဆားဝက်ခြံအမည်းတွေကို ဖယ်ရှားပေးမှာပါ။ အကြောပြတ်ရာတွေပေါ်မှာ လိမ်းပေးလို့လည်းရပါတယ်။ ခြေအသားမာတွေမှာလိမ်းပေးတဲ့အခါ ချောမွေ့တဲ့ ရလဒ်ကို ရရှိစေမှာပါ။

၄။ အစွန်းအထင်းပျောက်ဆေး

ဖျက်ရခက်တဲ့အစွန်းတွေကို ဖယ်နိုင်ဖို့ ကြိုးစားနေတာလား။ ဒါဆိုရင်တော့ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း (၄) ဇွန်းနဲ့ ရေ လေးပုံတစ်ပုံကိုရော အနှစ်ပြုလုပ်ပြီး အစွန်းအထင်းတွေပေါ်မှာ သုတ်လိမ်းလိုက်မယ်ဆိုရင် ချွတ်ရခက်တဲ့ အစွန်းတွေ ကျွတ်သွားမှာပါ။

၅။ ရေခဲသတ္တာကအနံ့ဆိုးကိုပျောက်စေခြင်း

ရေခဲသေတ္တာထဲမှာ ထည့်ချင်ရာတွေစုံပလုံထည့်ပြီး အနံ့အသက်တွေမကောင်းလို့ စိတ်ညစ်နေရပါသလား။ ရေခဲသေတ္တာထဲကအစားအစာတွေကို အကုန်ထုတ်ပြီး မုန့်ဖုတ်ဆိုဒါ တစ်ပန်းကန်သာထည့်ထားလိုက်ပါ။ တစ်ခုရှိတာက ရေခဲသေတ္တာကို မီးတော့ဖွင့်ထားရပါမယ်။

၆။ သွားဖြူဆေး

သွားဖြူစေတဲ့သွားတိုက်ဆေးတွေ ဘယ်လောက်ပဲရှိရှိ သဘာဝအတိုင်း သွားကြေးချွတ်ပေးတဲ့ မုန့်ဖုတ်ဆိုဒါကိုတော့ မမီလောက်ပါဘူး။ မုန့်ဖုတ်ဆိုဒါတွေကို သံပုရာရည်နဲ့ရောပြီး သွားတိုက်ဆေးသဘောမျိုး အသုံးပြုလိုက်ရင် ဖြူစင်ဝင်းပတဲ့သွားလေးတွေကို ပိုင်ဆိုင်လာမှာပါ။

၇။ ခံတွင်းနံ့ပျောက်ဆေး

စားကြွင်းစားကျန်တွေ သွားကြားထဲမှာညပ်နေတဲ့အခါနဲ့ ခံတွင်းသန့်ရှင်းမှုမရှိတဲ့အခါမှာ ခံတွင်းအနံ့ဆိုးထွက်တတ်ပါတယ်။ ဒီလိုအခါမျိုးမှာ ရေနဲ့ မုန့်ဖုတ်ဆိုဒါရောပြီး ပလုတ်ကျင်းပေးတာ အကောင်းဆုံးပါပဲ။

အပေါ်မှာ ပြောခဲ့တဲ့နည်းလမ်းလေးတွေက လက်တွေ့အသုံးဝင်တာဖြစ်လို့ ယုံယုံကြည်ကြည်စမ်းသပ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။