ကြွက်သားတောင့်တင်းတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

Health Knowledge
ကြွက်သားတောင့်တင်းတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြွက်သားတောင့်တင်းတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကြွက်သားတောင့်တင်းတာကို ဘယ်လိုသက်သာအောင်လုပ်မလဲ

နေထိုင်မှုပုံစံမမှန်တဲ့အလေ့အထတွေက နာတာရှည်ကျန်းမာရေးပြဿနာတွေကို ဖိတ်ခေါ်သလိုဖြစ်စေပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသောက်နေထိုင်ခြင်းမရှိတာ၊ ကိုယ်လက်လှုပ်ရှားမှုနည်းတာတွေက ကိုယ်အလေးချိန်တက်တာ၊ နှလုံးပြဿနာနဲ့ အဆစ်အမြစ်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ လူတော်တော်များများကြုံတွေ့နေရတဲ့ ကျန်းမာရေးပြဿနာကတော့ ကြွက်သားတောင့်တင်းခြင်းပါပဲ။

ကြွက်သားတောင့်တင်းတာက ကြွက်သားတွေ တင်းရင်းသလို ခံစားရတဲ့အခါ လုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်ဖို့ ပိုပြီးခက်ခဲလာတတ်ပါတယ်။ ကြွက်သားတွေ တောင့်တင်းနေရင် ကြွက်သားနာကျင်တာ၊ ကြွက်တက်တာ၊ နီမြန်းရောင်ရမ်းတာတွေကို ကြုံတွေ့ရနိုင်ပါတယ်။

ဒါ့အပြင် လူကနေရထိုင်ရတာသက်တောင့်သက်သာမရှိသလို ထိခိုက်နာကျင်တာတွေလည်း ဖြစ်လာနိုင်ချေရှိပါတယ်။ အိမ်မှာပဲ ရိုးရှင်းတဲ့နည်းလမ်းနဲ့ ဒီပြဿနာကို ဖြေရှင်းလို့ရပါတယ်နော်။ ကြွက်သားတွေ တောင့်တင်းလာရင် ကြွက်သားတွေပြေလျော့သွားဖို့အတွက် ရိုးရှင်းတဲ့နည်းလမ်းတွေကို မျှဝေပေးလိုက်ရပါတယ်။

အကြောလျော့ပါ

အကြောလျော့တာက ကြွက်သားတွေပြေလျော့သွားအောင်လုပ်ဖို့အတွက် အကောင်းဆုံးနည်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က သွေးလည်ပတ်မှုကောင်းလာဖို့အတွက် ကူညီပေးသလို ကြွက်သားတောင့်တင်းတာ၊ ရောင်ရမ်းတာတွေကိုလည်း ပြေလျော့သွားစေနိုင်ပါတယ်။ အကြောလျော့တဲ့ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း ဘယ်လိုမျိုးလုပ်သင့်တယ်လို့တော့ သီးသန့်မရှိပါဘူး။ သင် လုပ်နေကျ အကြောလျော့လေ့ကျင့်ခန်းကလည်း အကူအညီပေးနိုင်ပါတယ်။

ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ

ထိုင်တာ၊ အိပ်တာတွေမှာ ကိုယ်နေဟန်ထားမမှန်ရင် သင့်ကျောရိုးကို ထိခိုက်နာကျင်စေသလို အဆစ်အမြစ်တွေကို တောင့်တင်းစေနိုင်ပါတယ်။ တီဗီကြည့်ရင်း ပျော့တိပျော့ခွေနေတဲ့အလေ့အထရှိတဲ့သူတွေက လည်ပင်းနဲ့ကျောနာတာတွေ ကြုံတွေ့ရတတ်ပါတယ်။ ကြွက်သားတောင့်တင်းတာတွေမဖြစ်အောင် ကိုယ်နေဟန်ထားမှန်မှန်နဲ့ ထိုင်တာ၊ အိပ်တာတွေလုပ်သင့်ပါတယ်။ ထိုင်တဲ့အခါ ကျောရိုးကို မတ်မတ်ထားပါ။ လည်ပင်းကိုလည်း ကွေးမထားပါနဲ့။

နှိပ်နယ်ပေးပါ

ကြွက်သားတွေကို နှိပ်နယ်ပေးတာကလည်း ကြွက်သားတောင့်တင်းတာတွေကို သက်သာသွားစေနိုင်ပါတယ်။ သင့်ခန္ဓာကိုယ်ကို အုန်းဆီနွေးနွေးလေးနဲ့ ဖြည်းဖြည်းသာသာလေး နှိပ်နယ်ပေးတာက ကြွက်သားတင်းရင်းတာ၊ နာကျင်တာတွေကို ပြေလျော့သွားအောင် ကူညီပေးနိုင်ပါတယ်။ ဒါက သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။ စိတ်သက်သာရာရစေပြီး စိတ်ကိုလန်းဆန်းစေမှာဖြစ်ပါတယ်။ ရေမချိုးခင်မှာ မိနစ် (၃၀) လောက် နှိပ်နယ်ပေးလို့ရပါတယ်။

ရေသောက်ပါ

ရေဓာတ်ကုန်ခန်းခြင်းကလည်း ကြွက်သားတောင့်တင်းခြင်းရဲ့အကြောင်းအရင်းဖြစ်နိုင်တယ်ဆိုတာကို လူတော်တော်များများ မသိကြပါဘူး။ Air Con ခန်းထဲမှာ တစ်နေ့လုံးထိုင်နေရရင် ရေဆာတာကို မခံစားရတဲ့အတွက် ရေသောက်နည်းကြပါတယ်။ ကိုယ့်ကိုယ်ကိုရေဓာတ်ကုန်ခန်းအောင် မလုပ်သင့်ပါဘူး။ ရေက သက်ရှိတွေအတွက် မရှိမဖြစ်အရေးပါတဲ့အရာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွက် အာဟာရဓာတ်ဖြည့်ပေးသလို အဆိပ်အတောက်တွေလည်း ဖယ်ရှားပေးပါတယ်။ ဒါကြောင့် တစ်နေ့ကို ရေ (၂) လီတာ သောက်သုံးပေးပါ။ ဒါမှ ရေဓာတ်ကုန်ခန်းတာ၊ ကြွက်သားတောင့်တင်းတာတွေဖြစ်မှာမဟုတ်ပါဘူး။

ဆားရည်နဲ့ ရေစိမ်ပါ

 

ဆားရည်ထည့်ထားတဲ့ရေနွေးနွေးလေးနဲ့ ရေချိုးတာကလည်း သင့်ခန္ဓာကိုယ်ကို ကောင်းကျိုးတွေပေးပါတယ်။ ကြွက်သားတွေ ပြေလျော့စေတဲ့အပြင် စိတ်ကိုတည်ငြိမ်သွားစေပြီး ပင်ပန်းနွမ်းလျတာကို တိုက်ဖျက်ပေးပါတယ်။ အိပ်ရာမဝင်ခင် ဆားရည်စိမ်ပြီး ရေချိုးတာက ကောင်းကောင်းအိပ်စက်စေနိုင်ပါတယ်။ ညဘက်ရေချိုးတာမကြိုက်ဘူးဆိုရင် ကြွက်သားတွေ တောင့်တင်းတာသက်သာသွားဖို့အတွက် ရေပူရေအေးကပ်ပေးလို့ရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။