ခဏခဏ ရေဆာနေရခြင်း အကြောင်းအရင်းများ

Health
ခဏခဏ ရေဆာနေရခြင်း အကြောင်းအရင်းများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခဏခဏ ရေဆာနေရခြင်း အကြောင်းအရင်းများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခဏခဏ ရေဆာနေရခြင်း အကြောင်းအရင်းများ

ကျွန်တော်တို့ရဲ့ ဘဝမှာ ရေက နေ့စဉ် လိုအပ်နေတဲ့ မရှိမဖြစ်အရာဖြစ်ပြီး ရေမရှိတဲ့ဘဝကြီးကိုတောင် စိတ်ကူးယဉ်ကြည့်ဖို့မဖြစ်နိုင်ပါဘူး။ ကျန်းမာရေးကောင်းတဲ့ ခန္ဓာကိုယ်ဖြစ်နေဖို့ဆိုရင် နေ့တိုင်း ရေ (၃) လီတာ သောက်သုံးပေးဖို့ အရေးကြီးပါတယ်။ ရေဘယ်လောက်သောက်သောက် ရေဆာနေသလို ခံစားနေရင်တော့ အောက်မှာ ဖော်ပြပေးထားတဲ့ အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်ပါတယ်။

ဆားအများကြီး စားသုံးခြင်း

ဆားအများကြီး စားသုံးမယ်ဆိုရင် သင့်ကို ရေဆာသလို ခံစားရစေနိုင်ပါတယ်။ ဆားက ဆဲလ်အပြင်ဘက်ကို ရေတွေကို ဆွဲချလိုက်တာကြောင့် ရေဆာသလိုခံစားရတာဖြစ်ပါတယ်။ ဆဲလ်တွေက ဦးနှောက်ကနေ ရေတွေကို ပိုပြီး တောင်းခံနေတဲ့အတွက် ရေဆာသလို ခံစားရတာပါ။ တစ်နေ့ကို ဆား (၅) ဂရမ်ထက် ပိုပြီး မစားသုံးပါနဲ့။ ဆား အဆက်မပြတ်စားသုံးခြင်းက ကျန်းမာရေးပြဿနာတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ကိုယ့်ကိုကိုယ် ရေဓာတ်ပြည့်ဝနေစေဖို့ ရေလုံလုံလောက်လောက်သောက်ပေးပါ။

မနက်ခင်းပိုင်း ပြေးခြင်း

သင်ဟာ မနက်စောစော ထပြေးမယ်ဆိုရင် သင့်ခန္ဓာကိုယ်က တစ်နေ့တာလုံး ရေပိုပြီး လိုအပ်မှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်က ရေက ချွေးအဖြစ် ပြောင်းလဲသွားတာကြောင့် ရေဓာတ် ကုန်ခန်းရတာပါ။ ခန္ဓာကိုယ်က ရေဓာတ်ကုန်ခန်းမှုကို ဖြည့်ပေးဖို့လိုအပ်တာကြောင့် ရေဆာသလို ခံစားရတာဖြစ်ပါတယ်။

အချိန်အကြာကြီး နေပူထဲမှာ နေခြင်း

နွေရာသီရောက်နေပြီဆိုတော့ ကျွန်တော်တို့တွေ နေပူထဲမှာ အများဆုံးအချိန်ကုန်ဆုံးဖြစ်ကြပါတယ်။ အချိန်အကြာကြီး နေပူထဲမှာ နေရတာကြောင့် ရေဆာသလို ခံစားရစေပါတယ်။ ပူပြင်းလှတဲ့နေရောင်ခြည်ကြောင့် ရေဓာတ်ကုန်ခန်းခြင်းတွေ ဖြစ်လာနိုင်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် အပြင်မှာ အချိန်အကြာကြီး နေရမယ်ဆိုရင် သင်နဲ့အတူ ရေဘူးသယ်သွားပေးပါ။

ဆီးချိုရောဂါစစ်ဆေးကြည့်ပါ

လူတွေက ဆီးချိုရောဂါကို ရေဓာတ်ကုန်ခန်းတာနဲ့ မှားတတ်ကြပါတယ်။ အဆက်မပြတ်ရေဆာခြင်း၊ ဆီးခဏခဏသွားခြင်း၊ အမြင်ဝေးဝါးခြင်းတွေက ဆီးချိုရောဂါရဲ့ လက္ခဏာရပ်တွေဖြစ်ပါတယ်။ ဆီးချိုရောဂါနဲ့ ရေဓာတ်ကုန်ခန်းတာကို ရောမထွေးပါစေနဲ့။ ချက်ချင်းပဲ ဆရာဝန်နဲ့ ပြကြည့်ပါ။

ပါးစပ်ခြောက်ခြင်း

ပါးစပ်ခြောက်ခြင်းကလည်း အဆက်မပြတ်ရေဆာခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်းတစ်ခုဖြစ်နိုင်ပါတယ်။ သင့်ရဲ့ တံတွေးဂလန်းက တံတွေး လုံလုံလောက်လောက် ထုတ်မပေးနိုင်တဲ့အခါ ပါးစပ်ခြောက်လာပြီး ရေအများကြီး သောက်ချင်စိတ်တွေ ဖြစ်လာပါတယ်။

သင် သောက်သုံးနေတဲ့ဆေးတွေ

သင့်ပါးစပ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ ဆေးများစွာရှိပြီး အဲဒီဆေးတွေက ပါးစပ်ခြောက်စေပါတယ်။ သွေးတိုးကျဆေး၊ ဆီးရွှင်စေတဲ့ဆေး၊ သည်းခြေဆေးတွေက ပါးစပ်ခြောက်စေပြီး ခဏခဏ ရေဆာစေပါတယ်။ အဲဒီလိုကိစ္စမျိုးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ကြည့်ရမှာဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။