ကမ္ဘာ့နိုင်ငံ ၁၃၅ နိုင်ငံကို ရောက်ရှိမယ့် ကမ္ဘာ့ပထမဆုံး ၃ နှစ်ကြာ အပျော်စီးရေကြောင်းခရီးစဉ်

International News Local News
ကမ္ဘာ့နိုင်ငံ ၁၃၅ နိုင်ငံကို ရောက်ရှိမယ့် ကမ္ဘာ့ပထမဆုံး ၃ နှစ်ကြာ အပျော်စီးရေကြောင်းခရီးစဉ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့နိုင်ငံ ၁၃၅ နိုင်ငံကို ရောက်ရှိမယ့် ကမ္ဘာ့ပထမဆုံး ၃ နှစ်ကြာ အပျော်စီးရေကြောင်းခရီးစဉ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံ ၁၃၅ နိုင်ငံကို ရောက်ရှိမယ့် ကမ္ဘာ့ပထမဆုံး ၃ နှစ်ကြာ အပျော်စီးရေကြောင်းခရီးစဉ်

ကမ္ဘာ့တိုက်ကြီး ၇ တိုက်လုံးကို ရောက်ရှိမယ့် ၃ နှစ်ကြာ အပျော်စီးရေကြောင်းခရီးစဉ်အတွက် လက်မှတ်တွေကို စတင်ရောင်းချနေပါပြီ။ Life at Sea Cruises ရေကြောင်းခရီးစဉ်ဟာ ကမ္ဘာ့နိုင်ငံ ၁၃၅ နိုင်ငံ၊ ဆိပ်ကမ်း ၃၇၅ ခုကို ဝင်ရောက်ဆိုက်ကပ်မှာဖြစ်ပြီး ဆိပ်ကမ်း ၂၀၈ ခုမှာ ညအိပ် ရပ်နားမှာဖြစ်လို့ ကမ်းဆင်း လှည်ပတ်ခွင့်ရရှိမှာပါ။

You can now live on a cruise ship for $30,000 per year

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရဲ့ Christ the Redeemer ရုပ်တု၊ အိန္ဒိယနိုင်ငံက တာ့ဂျ်မဟာ၊ မက္ကဆီကိုနိုင်ငံက Chichen Itza အဆောက်အအုံ၊ အီဂျစ်နိုင်ငံက ဂီဇာပိရမစ်၊ တရုတ်နိုင်ငံရဲ့ မဟာတံတိုင်း အစရှိတဲ့ အထင်ကရနေရာတွေကို ကြည့်ရှုခံစားခွင့် ရရှိမှာဖြစ်ပါတယ်။

Life at Sea Cruises ရေကြောင်းခရီးစဉ် ပြေးဆွဲမယ့် MV Gemini အပျော်စီးသင်္ဘောကြီးဟာ နိုဝင်ဘာလ ၁ ရက်ကျရင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ကနေ စတင်ထွက်ခွာမှာပါ။ အဲဒီရေကြောင်းခရီးစဉ်ကို လိုက်ပါချင်သူတွေဟာ တစ်နှစ်စာအတွက် တစ်ဦးလျှင် ဒေါ်လာ ၃၀၀၀၀ ကျသင့်မှာဖြစ်ပါတယ်။

MV Gemini အပျော်စီးသင်္ဘောကြီးပေါ်မှာ အခန်းပေါင်း ၄၀၀ ပါဝင်ပြီး ခရီးသည် ၁၀၇၄ ယောက်အထိ လိုက်ပါနိုင်ပါတယ်။ ညစာစားတဲ့အခါ ယမကာနဲ့ ဘီယာ၊ ဝိုင်တွေ သောက်သုံးခွင့်ရရှိမှာဖြစ်ပြီး အအေး၊ လက်ဘက်ရည်၊ ကော်ဖီကတော့ တစ်နေ့လုံး စိတ်ကြိုက်သောက်ခွင့်ရရှိမှာပါ။ အဝတ်လျှော်ခ၊ အခန်းသန့်ရှင်းရေးလုပ်ခ၊ ဆိပ်ကမ်းဆင်းခတွေလည်း ထပ်မံပေးချေဖို့ မလိုအပ်ဘူးလို့ ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။