ထူးခြားအစွမ်းထက်သည့် ၁၀၈နဝင်းသမ္ဗုဒ္ဓေအစီရင်

Astrology
ထူးခြားအစွမ်းထက်သည့် ၁၀၈နဝင်းသမ္ဗုဒ္ဓေအစီရင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ထူးခြားအစွမ်းထက်သည့် ၁၀၈နဝင်းသမ္ဗုဒ္ဓေအစီရင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ထူးခြားအစွမ်းထက်သည့် ၁၀၈နဝင်းသမ္ဗုဒ္ဓေအစီရင်

လူတိုင်းပြုလုပ်ရန် လွယ်ကူပြီး ကျွန်တော်ကိုယ်တိုင် အောင်မြင်မှုရရှိခဲ့သော ကိုယ်တွေ့လက်သုံးအစီရင် ယတြာလေးတစ်ခုကို ပညာဒါန မျှဝေပေးပါ့မည်။ အတိုက်ခံများသူများ၊ မကောင်းသော အစီရင်များဖြင့် အတိုက်ခံနေရသူများ၊ ကံနိမ့်နေသူများ ဂြိုဟ်စီးဂြိုဟ်နင်း မကောင်းသူများ၊ အမှုအခင်း တရားတဘောင်ရင်ဆိုင်နေရသူများ၊ လာဘ်ပိတ်နေသများ အတွက်အထူးသင့်လျော် ကောင်းမွန်လှပေသည်။

ပထမဦးစွာ ဆီမီးခွက်၁၂ခွက်၊ ဈေးမဆစ်ပဲဝယ်သော ဆီသန့်တစ်မျိုး၊ ကာယကံရှင်၏ သန့်စင်သော ချည်သားအက်ျီစတို့ လိုအပ်ပါသည်။ ကာယကံရှင်၏ ချည်သားအက်ျီကို ကျီးခြေပုံစံ မီးစာကျစ်ထားပါ။ (မီးစာမကျစ်တတ်လျင် နားလည်သူကိုပြခိုင်းပါ လွယ်ကူပါသည်မခက်ခဲပါ)

ဘုရားခန်းစားပွဲတစ်ခုပေါ်၌ ဆီမီးခွက်၁၂ခွက်ထဲ ဆီများကိုသင့်ရုံထည့်ပါ ။ထို့နောက် ကျစ်ထားသောမီးစာကို ထည့်ပြီး (မြတ်စွာဘုရားရှင်၏ ဆံတော်မြတ်အစစ်တည်ရှိရာ နတ်ပြည်ရှိ စူဠာမဏိ စေတီတော်မြတ်အား ဘယ်နေ့သား၊သမီးမှ ဆီမီးပူဇော်ပါသည်ဟု အာရုံပြုရွတ်ဆိုပြီး လိုရာဆုကိုတောင်းပါ)

ဆီမီးမပူဇော်မှီ ဆီမီးခွက်ထဲမထည့်မှီ ဝယ်ယူထားသောဆီဘူးအား သမ္ဗုဒ္ဓေဂါထာဖြင့်၉ခေါက်တိတိ ရွတ်ဖတ်မန်းထားရပါမည်။

ဤနည်းတိုင်း တစ်ရက်လျှင် ဆီမီး၁၂ခွက်နှုန်းဖြင့် ၉ရက်ပူဇော်ပါ။
၉ရက်ပြည့်လျှင် 12×9=108နဝင်းမိပေမည်။

နေ့စဥ်ကိုးရက်အတွင်း ဆီမီးပူဇော်ပြီး ဆီမီးခွက်ထဲမှ မီးစာအကြွင်းကျန်များကို သေချာစုသိမ်းထားပါ။ ကိုးရက်ပြည့်သောည၌ ထိုဆီမီးစအကြွင်းကျန်များကို ကာယကံရှင်၏ ဘုမ္မိအရပ်၌ မြေကျွင်းတူးပြီးမြှုပ်နှံပေးပါ “မကောင်းမှုဒါဏ်အားလုံး ကိုယ့်ဒါဏ်ကိုယ် ပြန်စေ”ဟုမြေကျွင်းကို ဖနှေင့်သုံးချက်ပေါက်ပါလေ။

ဆီမီးပူဇော်နေစဥ် အချိန်အတွင်း နေ့စဥ်၉ရက် သမ္ဗုဒ္ဓေပုတီးတစ်ပတ်နှုန်း၁၀၈ခေါက်ပူဇော်ပေးရပါမည်။

ဤနည်းဖြင့် အမှုအခင်းအခင်းတရားတဘောင်ရင်ဆိုင်နေရသူများ လွတ်မြောက်စေခြင်း၊ သက်သာစေခြင်း၊ အတိုက်အခိုက်များပြေပျောက်စေခြင်း၊ မကောင်းသောအနိဌာရုံများ ကင်းပျောက်စေခြင်း စသောကိစ္စအဝဝတို့ကို စီမံဆောင်ရွက်အောင်မြင်မှုရခဲ့ဖူးပါသည်။

ရေးသားသူ – credit

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။