အဆိုတော်တေလာဆွစ်ဖ်အတွက် ယာယီနာမည်ပြောင်းမယ့် မြို့တစ်မြို့

Celebrity International News
အဆိုတော်တေလာဆွစ်ဖ်အတွက် ယာယီနာမည်ပြောင်းမယ့် မြို့တစ်မြို့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဆိုတော်တေလာဆွစ်ဖ်အတွက် ယာယီနာမည်ပြောင်းမယ့် မြို့တစ်မြို့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဆိုတော်တေလာဆွစ်ဖ်အတွက် ယာယီနာမည်ပြောင်းမယ့် မြို့တစ်မြို့

ထွက်သမျှသီချင်းတိုင်း၊ သီချင်းအယ်လ်ဘမ်တိုင်း ပေါက်တဲ့ ကမ္ဘာကျော်အဆိုတော် တေလာဆွစ်ဖ်ဟာ ကမ္ဘာလည့်ဖျော်ဖြေပွဲအနေနဲ့ အခုလထဲ ဂလန်ဒါလီမြို့မှာ ဖျော်ဖြေတင်ဆက်မှာဖြစ်ပါတယ်။

State Farm Stadium မှာ ဖျော်ဖြေမယ့် တေလာဆွစ်ဖ်ကို ဂုဏ်ပြုကြိုဆိုဖို့အတွက် ဂလန်ဒါလီမြို့က ထူးထူးခြားခြားအရာတစ်ခုလုပ်ဆောင်မယ်လို့ သိရပါတယ်။ အဲ့ဒီမြို့က တေလာဆွစ်ဖ်အတွက် မြို့နာမည် ယာယီပြောင်းတော့မှာဖြစ်ပါတယ်။ ဒီယာယီနာမည်က တေလာရဲ့ဖျော်ဖြေပွဲရက်တွေဖြစ်တဲ့ မတ်လ ၁၇ – ၁၈ ရက်အတွင်းသာ အသက်ဝင်နေမှာပါ။

ဂလန်ဒါလီမြို့တော်ဝန် ဂျယ်ရီ ဝီအာစ်က မြို့နာမည်အသစ်ကို လာမယ့်တနင်္လာနေ့ မတ်လ ၁၃ ရက်နေ့မှာ ကြေညာသွားမှာပါ။ “တေလာရဲ့ဖျော်ဖြေပွဲတွေက အခု စတင်နေပြီဖြစ်တဲ့အတွက် ဂုဏ်ပြုဆင်နွှဲဖို့ ပုံမှန်မဟုတ်တဲ့အရာတစ်ခုခုကို ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်။ သူ (မ) ဟာ မျိုးဆက်သစ်တွေကို လွှမ်းမိုးနိုင်ဆုံးအနုပညာရှင်တွေထဲကတစ်ယောက်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသိကြပါတယ်။

သူ(မ) အတွက် ကျွန်တော်တို့ရဲ့ကိုယ်ပိုင်အချစ်ဇာတ်လမ်းကို ရေးသားနေပြီး Swifties တိုင်းကို စတိုင်ကျကျနှုတ်ဆက်နေပါတယ်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်မယ့် ကြေညာချက်မှာ ဖျော်ဖြေပွဲကျင်းပနေစဉ်အတွင်း မြို့တွင်းသွားလာခြင်းအတွက် ယာဉ်ကြောအသွားအလာအကြံပြုချက်တွေနဲ့ ဖျော်ဖြေပွဲပြီးတဲ့နောက် Swifties တွေ ဂုဏ်ပြုဆင်နွှဲနိုင်တဲ့ နေရာတွေကိုလည်း ထည့်သွင်းဖော်ပြသွားမှာဖြစ်ပါတယ်။

ရေးသားသူ – yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။