ရန်ကုန်မှာတယောက်တည်းtaxiစီးရင်သတိထား

Local News
ရန်ကုန်မှာတယောက်တည်းtaxiစီးရင်သတိထား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရန်ကုန်မှာတယောက်တည်းtaxiစီးရင်သတိထားဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရန်ကုန်မှာတယောက်တည်းtaxiစီးရင်သတိထား

ရန်ကုန်မြို့ကြီးဟာတနေ့တခြား ဒုစရိုက်မှုတွေတိုးပွားလာပြီး ပြည်သူတွေဘဝမလုံခြုံဖြစ်နေတာကြာပါပြီ။ အခုဆိုရင်လည်း တက္ကစီ တယောက်တည်းစီးမိရာက ယာဉ်မောင်းရဲ့ပြန်ပေးဆွဲမလိုအဖြစ်ကနေ ကံကောင်းထောက်မစွာနဲ့ လွတ်လာသူက သူ့ရဲ့facebook accမှာအခုလိုပဲပြန်လည်ဝေမျှခဲ့တာဖြစ်ပါတယ်၊

“ဒီနေ့ Veronica ကြုံတွေ့ခဲ့တာပါဉာဏ်ကောင်းလို့သာလွတ်လာတာပါ
ခါတိုင်းဆို အိမ်ကလိုက်ပို့တာပါ။ ဒီနေ့တော့အိမ်ကမအားလို့ အရင်ဆုံးအင်းဝမှာ မုန့်စားပြီးမှ တခြားသွားမယ်ဆိုပြီးလုပ်တာပါ။

Taxi ငှားတော့ ကိုယ်က ဟိုနေ့က post တွေ့လို့ ‌taxi driver ရဲ့ ခုံအနောက်မာထိုင်တာ သူ့မျက်နှာမမြင်ရအောင်ထိုင်တာပါ။
အဲ့တာကို ဟိုဘက်ကတံခါးမကောင်းဘူး အရှေ့မာလာထိုင်ဆိုတော့ ရပါတယ်ဆိုပြီး အနောက်မာပဲထိုင်လိုက်တယ်။ အဲ့ထဲကစပြီး စိတ်ကတခုခုတော့ဖြစ်တော့မယ်ထင်နေတာ။ကား back မှန်ကနေ ခိုးခိုးကြည့်နေတာ။ကိုကမသိသလိုနေလိုက်တာ။

အဲ့တာနဲ့ နောက်တော့ စကားစပြောတယ် တစ်ယောက်တည်းလား အသက်ဘယ်လောက်လည်းတဲ့အခုဘာသွားလုပ်မလို့လည်းတဲ့လည်းဆိုပြီးရော ပန်းဆိုးတန်း ဂုံး ဘူတာရုံဘက်ကို ကွေ့ချတာ။

အဲ့မာထဲကသိလိုက်ပြီ ငါတော့သွားပြီဆိုပြီး ဒါမယ့် အတတ်နိုင်ဆုံး စိတ်စုစည်း‌ပြီးတော့
ကျွန်မတစ်ယောက်တည်းမဟုတ်ဘူး သူငယ်ချင်းတွေလာခေါ်မာ အခုလည်း သူတို့နဲ့တွေမို့။ အကိုမခုသွားနေတာလမ်းမှားနေတယ်နော် ပြောလိုက်တာ။

အဲ့တာကို ဟုတ်တယ် လမ်းပိတ်ထားလို့ဘာညာနဲ့ ကျွန်မသွားနေကျ မနက်ကပဲပြန်လာတာ ဘာမှမပိတ်ထားဘူးလို့ ပြောလည်းပြောကော ဟိုလိုလိုလုပ်ကော။ အဲ့အချိန်မာ သူ့ဆီဖုန်းလာကော။ လူပါတယ်။တစ်‌ေယာက်တည်းပဲ။ ဘူတာရုံနားမာပေါ့ သမ္မရုံနားရောက်နေပြီအခု ဆိုပြီး ထပ်ပြီး ဟိူဘက်ကို information ပေးနေတာ။

အဲ့မာကိုကလည်း ဖုန်းထုတ်လိုက်ပြီး ဟန်ဆောင် ဖုန်းပြောတာပေါ့။ ငါတက္ကစီစီးလာတာ နင်တို့ကောဘယ်မာလည်းငါဖုန်းခိုးခံရတည်းက lost mode ဖွင့်ထားတာ နင်တို့ငါဘယ်ရောက်နေပြီလည်းဆိုတာ သိချင်ရင်ကြည့်လိုက်လေ။ ကားက အဖြူရောင် probox ကားသမားက အနီရောင်ဝတ်ထားတာ။ ငါ့ကိုဘယ်သူမှမခေါ်သွားဘူးစိတ်မပူနဲ့။ နင်တို့ဖုန်းနဲ့ ငါ့ရဲ့ location ကိုချိတ်ထားပြီးသားလေမေ့နေတာလား ဆိုပြီး ဟန်ဆောင်လည်းပြောလိုက်ကော

အဲ့မာညမ အကိုလမ်းမားသွားတာ ဆိုပြီး လမ်းမပေါ်တက်မောင်းတော့တာပဲ။ ကားခပေးတော့ လက်ကိုကိုင်သလိုလုပ်မို့ အဲ့တာနဲ့ကိုက ဂီယာအနောက်က လက်တင်တဲ့ခုံမှာ ချပေးလိုက်တာ။

အဲ့တာနဲ့မပြီးသေးဘူး အင်းဝရှေ့လည်းရောက်ကော တော်တော်နဲ့မသွားသေးဘူး။
ရပ်ကြည့်နေသေးတာ ကိုကလည်း စောင့်နေတဲ့သူကမလာလို့ ရပ်စောင့်နေတာ။ အင်းဝထဲဝင်ရင်လိုက်လာမာစိုးလို့။
ကိုကပထမသူကြည့်နေတာမသိဘူး။ နောက်မှသိတာ။ သိတာနဲ့ ချက်ချင်း အဲ့နားကြီးအန်တီနဲ့ စကားပြောသလိုလည်းလုပ်ကော အသာလေးထွက်သွားတာ။

ကြောက်တာထက်ဆိုင်ရင်လန့်လွန်းလို့ ကားနံပတ်‌တောင်မကြည့်ခဲ့ရဘူး။ ကားပေါ်မာ မုန့်ဝယ်မယ်ဆိုပြီး ထုတ်ထားတဲ့ ပိုက်ဆံ ငါးထောင်လည်း ပါသွားတယ်။
Veronica က ကံကောင်းလို့ ဘာမှ မဖြစ်ခဲ့တာပါ။

မိန်းကလေးတွေအသွားအလာဂရုစိုက်ပါ။တခုခု စိတ်ထင့်နေပြီဆို ကားပေါ်မာတင်အိမ်ကိုသာဖုန်းဆက်ပါလို့။ တက္ကဆီသမား ကြားအောင်တစ်ယောက်တည်းမဟုတ်ကြောင်း သိအောင်ပြောပါ။ ကိုယ့်ကို ဘယ်လိုရှာတွေ့နိုင်ကြောင်းပါ အသိတခါတည်းပေးပါ။ အစစအရာဂရုဂရုစိုက်ကြပါ” ဆိုပြီးသူ့ရဲ့အတွေ့အကြုံကိုပြောပြခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သွားရေးလာရေးအစစအရာရာ ဂရုစိုက်ကြပါဗျာ။

ရေးသားသူ – Veronica Marigold

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။