“အမုန်း”ဇာတ်ကားရိုက်ကူးရေးနဲ့ပက်သက်ပြီး ဝမ်းနည်းဖွယ်အမှတ်တရတွေကိုပြောပြခဲ့တဲ့ မိုးဟေကို

Celebrity Local News
“အမုန်း”ဇာတ်ကားရိုက်ကူးရေးနဲ့ပက်သက်ပြီး ဝမ်းနည်းဖွယ်အမှတ်တရတွေကိုပြောပြခဲ့တဲ့ မိုးဟေကို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ “အမုန်း”ဇာတ်ကားရိုက်ကူးရေးနဲ့ပက်သက်ပြီး ဝမ်းနည်းဖွယ်အမှတ်တရတွေကိုပြောပြခဲ့တဲ့ မိုးဟေကို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

“အမုန်း”ဇာတ်ကားရိုက်ကူးရေးနဲ့ပက်သက်ပြီး ဝမ်းနည်းဖွယ်အမှတ်တရတွေကိုပြောပြခဲ့တဲ့ မိုးဟေကို

အမိုက်စားဘော်ဒီနဲ့ တစ်နေ့တခြား ပိုပိုလှလာတဲ့ မျက်နှာ လေးကို ပိုင်ဆိုင်ထားပြီး အရမ်းကိုနုပျိုလှပလွန်းတဲ့ မိုးဟေ ကို ကတော့ ယောက်ျားလေး ပရိသတ်တွေရော မိန်းကလေး ပရိသတ်တွေပါ အကြွေကြီးကြွေနေကြတဲ့ မင်းသမီးချောလေးပါ ။ ။ပရိသတ်တွေက ချစ်စနိုးခေါ်ကြ တဲ့ မိုးကတော့ ကျော့ရှင်းလှပတဲ့ ပင်ကိုယ်အလှတရားတွေ ရှိသူလေး ဖြစ်ပြီး ဆွဲဆောင်မှုရှိတဲ့ ခန္တာကိုယ်လေးကို ပိုင်ဆိုင်ကာ အသက်အရွယ်နဲ့ လိုက်ဖက်အောင် ဝတ်စား ဆင်ယင်တတ် တာကြောင့် ပုရိသတွေရဲ့သည်းသည်းလှုပ် ချစ်တာကို ခံနေရတာ ပဲဖြစ်ပါတယ်။

ကျန်းမာရေးလည်း လိုက်စားတတ်တဲ့ မိုးဟာ ဆယ်ကျော်သက်လေးတွေလို အမြဲနုပျိုလန်းဆန်း နေတာ လည်း တွေ့ရပါတယ်။လတ်တလောမှာတော့ ရုပ်ရှင် ရိုက်ကူးရေးထက် သူမကိုယ်ပိုင်ထုတ်လုပ်ရေးအတွက် ပိုမို အားစိုက်နေတာ ပရိသတ်တွေ့အမြင်ပါပဲ ”ခိုးဆိုးလု နှိုက်”ရုပ်ရှင်ဇာတ်ကားကြီးဖြင့် ပွဲဦးထွက် အောင်မြင်မှုများ ရရှိထားသည့် “မိုး’ ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးဆောင်နေသူ အနုပညာရှင်ပြည်သူ့အချစ်တော် မိုးဟေကိုက ပဲဖြစ်ပါ တယ်။

လက်ရှိ မိုးဟေကို၏ အနုပညာလှုပ်ရှားမှုများမှာ ကြော်ငြာများရိုက်ကူးရေးစတင် နေပြီဖြစ်ပြီးရိုက်ရက်များကို ပုံမှန်ပြန်လည်စတင်နေပြီဖြစ်၍ ရိုက်ကွင်းများတွင် မိုးဟေကိုအား ပြန်လည်တွေ့ မြင်လာရ ပြီဖြစ်သကဲ့သို့ ပရိသတ်များလည်း မိုးဟေကို၏ ဇာတ်ကား မကြာမီပြန်လည်မြင်တွေ့ရတော့မည်ဖြစ်သည်။

မကြာသေးခင်မှာ မဟာရုပ်သံမှာ ထုတ်လွှင့်ပြသမယ် အမုန်း ဆိုတဲ့ ရုပ်ရှင် ကားကြီး ထဲ မှာ ပါဝင် သရုပ်ဆောင်ထားတာ တွေရပါတယ်.. မိုးဟေကိုကတော့ အမုန်းဇတ်ကားကို အဖေကြောင့်လက်ခံဖြစ်တာပါဆိုပြီး မိတ်ဆက်ပွဲမှာ ပြော ပြလာခဲ့ပါတယ် သူမကတော့ အဖေ ဆန္ဒအရ ဒီကားကြီးကို ရိုက်ကူးခဲ့တာပါ.အခက်ခဲပေါင်းများစွာ နောက်ဆုံးအချိန် လေးအထိ မုန်တိုင်းထန်စွာ ရိုက်ကူးခဲ့ရတာပါ..

အခုတော့ ဒီကားလည်း ရုံတင်ပါပီ.. အဖေကလေ သမီးရိုက် ထားတဲ့ကားကို ကြည့်ချင်တယ်တဲ့ ရိုက်ပါလားဆိုတဲ့ ကြောင့်လေရိုက်ဖြစ်တာပါ အခုတော့ ဒီကားကြီး ထွက်လာ ပင်မဲ့ အဖေ မကြည့်လိုက်ရလို့ စိတ်မကောင်းဖြစ်ပီး ငိုမိတာ ပါ ဒီကားရိုက်နေတဲ့ အချိန်မှာ အားလုံးသိကျမှာပါ မသိတဲ့ သူလည်း မသိဘူးပေါ့..မိုးက ဇာတ်ကားမရိုက်တာ တော်တော်ကြာပြီး အမေကို ကျန်းမာရေးစောက်ရှောက် တာ နှစ်ပေါင်းတော်တော်ကြာကြာပြီး အနုပညာနဲ့ ဝေးကွာခဲ့ပြီးမှ အမေဆုံးတော့ အဖေက ကင်ဆာ နဲ့ ဆေးရုံ တက်ရတော့ အဖေကို ပြန်ပြီးပြုစုစောင့်ရှောက်နေရတဲ့ ကြားက ဒီဇာတ်လမ်းလေးကို ရိုက်ကူးဖို့ ပြောတဲ့အချိန် ဒါရိုက်တာက ကိုဝိုင်းဆိုတော့ အရမ်းကို ရိုက်ချင်ခဲ့တာပေါ့

ကိုယ်ကလည်း လောကဓံကို နောက် ဆုံး အဖေနဲ့ ရင်ဆိုင်နေ ရတဲ့ အချိန်ပေါ့.. ဒီကားကို မရိုက်ဘူး မျိုးစုံ ၎င်းနေတာပေါ့ အဲဒါကို အဖေက ကုတင်ပေါ်က ငြင်းနေတာကို ကြားပြီး ဟင်း အကူညီတောင်းနေတာပဲ သမီးလေး ဇာတ်ကားထွက် လာရင် ချန်နယ်ကနေ သူကြည့်ချင်တယ် ရိုက်ပါဆိုတဲ့ စကားတစ်ခွန်းက မိုးကို အင်အားဖြစ်စေတာပေါ့နော် အကုန်လုံးကလည်း ဆေးရုံမှာလိုရင်စောင့်ပေးမယ်ပေါ့ အကုန်လုံးက စောင့်ရှောက်ကျ တယ်..တကယ်မိတ်ဆွေစစ်တွေက ဝိုင်းဝန်ကူညီကျတော့ မိုးက ဇာတ်ညွှန်းဖတ်ပီး သရုပ်ဆောင်ရုံပဲ ဖြစ်သွားတာ ပေါ့..ဆိုပြီး သူမရဲ့ဇာတ်ကားရိုက်ဖြစ်တဲ့ အကြောင်းကို ပြော ပြသွားခဲ့ပါတယ်..

ရေးသားသူ – Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။