ရှားစောင်းလက်ပတ် အသုံးဝင်ပုံနှင့် ပျောက်ကင်းစေနိုင်တဲ့ ရောဂါများ

Health
ရှားစောင်းလက်ပတ် အသုံးဝင်ပုံနှင့် ပျောက်ကင်းစေနိုင်တဲ့ ရောဂါများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ရှားစောင်းလက်ပတ် အသုံးဝင်ပုံနှင့် ပျောက်ကင်းစေနိုင်တဲ့ ရောဂါများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ရှားစောင်းလက်ပတ် အသုံးဝင်ပုံနှင့် ပျောက်ကင်းစေနိုင်တဲ့ ရောဂါများ


ရှားစောင်းလက်ပတ်ကို ၂ လက်မ အရွယ်ဖြတ်ပြီး မီးကင်တယ် ဆိုရုံလေး ကင်ပါ ၊ ၅ ပြား လောက် စားပါ ၊သွေးဝမ်းသွားခြင်းကိုပျောက်ကင်းစေနိူင်ပါတယ်၊ ရောဂါ ဆိုးရင်တော့ နေ့စဉ် တစ်ပတ်လောက်ဆက်စားပါ ။

မီးကင်ထားသော ရှားစောင်းလက်ပတ်ကို နေ့စဉ် ၅ ပြားလောက် စားပေးခြင်းအားဖြင့်လည်း အတွင်းလိပ်ခေါင်း ရောဂါကို ပျောက်ကင်း စေနိူင်ပါတယ်၊ ရှားစောင်း လက်ပတ်အနှစ်ကို စအို ထဲထည့် ပေးနိူင်လျှင် ဖောင်းကြွ ရောင်ရမ်းနေသော စအိုကြွက်သားနံရံ မှ အပူများကိုစုတ်ယူနိူင်စွမ်းရှိသောကြောင့် အတွင်းလိပ်ခေါင်းရောဂါ ပျောက်ကင်းနိူင်ပါတယ် ၊ရောဂါ ပြင်းနေရင်တော့ အချိန်ယူ သုံးစွဲ ရမှာပဲ ဖြစ်ပါတယ် ။

မီးယပ် သွေးဆုံးကိုင်နေသူများ အတွက်ရှားစောင်းလက်ပတ် အနှစ်ကို ထန်းလျှက်ဖြင့်နေ့စဉ် စားပေးပါက သွေးဆုံးကိုင်ချိန် တွင်ခံစားရသော ဝေဒနာများ သက်သာပျောက်ကင်းစေပါတယ်။

နှလုံးရောဂါ ရှိသူများ ရုတ်တရက်အမောဖောက်လာပါက ရှားစောင်းလက်ပတ် အနှစ်ကို သ ကြားဖြင့် ဖျော် သောက်ပါက အမောဆို့ခြင်းကို သက်သာပျောက်ကင်းစေပါတယ်။

ရှားစောင်း လက်ပတ်အနှစ်ကို အပူလောင်ခြင်း အမျိုးမျိုး အတွက်လည်းအသုံးပြုနိူင်ပါတယ်၊ ဆီပူ ၊မီးပူ ၊အိတ်ဇောအပူ လောင်ခြင်းများ အတွက် ဖြစ်ဖြစ်ခြင်း ရှားစောင်းလက်ပတ်အနှစ်ကို ပတ်တီး ဖြင့်စည်းထားပေးပါ ။အရည်ကြည်အဖု လုံးဝ ဖြစ်ခြင်းမရှိပဲ မူလအတိုင်း ပျောက်ကင်းနိူင်ပါ တယ်၊အရည်ကြည်ဖု ထွက်လာမှ စည်းပေးလျှင်လည်း အပူကိုစုပ်ယူနိူင်သောကြောင့် အနာ မဖြစ်တော့ပါ ။

ဘောက်ပျောက် ခေါင်းလျော်ရည် သုံးစွဲခြင်းကြောင့် ဆံပင် အကွက်လိုက်ကျွတ် သောသူများ အတွက် ရှားစောင်းလက်ပတ်အနှစ်ကို ဦးရေပြားပေါ်တွင် လိမ်းပေးခြင်းအားဖြင့် ဆံပင် ပြန်ပေါက်ပြီး ဆံပင်ကျွတ်ခြင်းမှ ကာကွယ် ပေးပါတယ် ။ရှားစောင်းလက်ပတ် အနှစ်ကို နံနက်ည မျက်နှာ သစ်ပြီးတိုင်းလူးပေးရင်တော့ တင်းတိတ် ပျောက်ပြီး မျက်နှာ ပေါင်းတင်စရာမ လိုပဲ အရေးအကြောင်း မရှိ မျက်နှာလေးတင်းနေပါလိမ့်မယ် ၊လှချင်ရင်တစ်သက်လုံး လိမ်းပေ တော့ ။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။