မှဲ့ခြောက်၊တင်းထိပ်တွေကို ကွမ်းရွက်နဲ့ကုကြမယ်

Health Knowledge
မှဲ့ခြောက်၊တင်းထိပ်တွေကို ကွမ်းရွက်နဲ့ကုကြမယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မှဲ့ခြောက်၊တင်းထိပ်တွေကို ကွမ်းရွက်နဲ့ကုကြမယ်ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မှဲ့ခြောက်၊တင်းထိပ်တွေကို ကွမ်းရွက်နဲ့ကုကြမယ်

မိန်းကလေးတယောက်ရဲ့ မျက်နှာအလှကို မှဲ့ခြောက်ကြောင့် အကျည်းတန်သွား စေပါတယ်။ မှဲ့ခြောက် ဆိုတာ မျက်နှာအရေပြားပေါ်မှာ အညိုရောင် အပြောက်သေးသေးလေးတွေ ဖြစ်တာပါ။

အရွယ်အစားက မီးခြစ်ဆံခေါင်းလောက်ရှိနိုင်ပြီး အရေပြားမှာ မယ်လနင်ပိုထွက် လို့ဖြစ်ရတာပါ။

အထူးသဖြင့် အသားအရေဖြူတဲ့သူတွေမှာဖြစ်ရင် ပိုသိသာပါတယ်။

မှဲ့ခြောက်ဆိုတာ နေရာတိုင်းမှာ ထွက်နိုင်ပါတယ်။

အထူးသဖြင့် နေရောင်နဲ့ တိုက်ရိုက် ထိတဲ့နေရာတွေမှာ ပိုထွက်လေ့ရှိတယ်။ရွှေဝါရောင် ဆံပင်ရှိတဲ့အမျိုးသမီးတွေ၊ အသားဖြူတဲ့သူတွေဟာ မှဲ့ခြောက်ထွက်နိုင်ခြေပိုများပါတယ်။

မှဲ့ခြောက်က မျိုးရိုး၊ဟော်မုန်းနဲ့ အရေပြားကြောင့် ဖြစ်တာပါ။ မျိုးရိုးရှိရင် သတိထားပါ။ အမေမှာရှိရင် သမီးမှာလည်း ရှိနိုင်ပါတယ်။

အကာအကွယ်မပါဘဲ နေပူထဲထွက်ရင် ပိုဖြစ်နိုင်ချေများပါတယ်။ နေရောင်ထဲမှာပါတဲ့ UV rays ( ခရမ်းလွန်ရောင်ခြည်)က အရေပြားအပြင်လွှာ epidermis ကို ထိခိုက်စေတာမို့ melanocytes ဆဲလ်တွေကို ပိုအလုပ်လုပ်ပြီး မှဲ့ခြောက်တွေ ပိုဆိုးလာတယ်။ဒါ့ကြောင့် မှဲ့ခြောက်ထွက်သူတွေ နေပူထဲသွားတာမျိုး ရှောင်သင့်တယ်။ မဖြစ်မနေသွားရရင်လည်း နေလောင်ကာလိမ်းဆေး spf 50 အထက်ပါတာ သုံးရမယ်။

မှဲ့ခြောက်ဟာ မျိုးရိုးကြောင့်ဖြစ်တာနဲ့ နေလောင်လို့ဖြစ်တာဆိုပြီး နှစ်မျိုးရှိတယ်။မျိုးရိုးကြောင့် ဖြစ်တဲ့မှဲ့ခြောက်တွေက size သေးတယ်။အနားသတ်က ညီညာတယ်။ ဝိုင်းစက်နေတယ်။

နွေရာသီမှာ ပိုသိသာပြီး ဆောငိးရာသီမှာ အရောင်ဖျော့သွားတယ်။ နေလောင်လို့ဖြစ်တာကျတော့ အနားသတ်မညီညာဘူး။ အရောင်ပိုမဲတယ်။

ဘယ်လိုကုသမလဲ

ကွမ်းရွက်ကို ရေစင်အောင်ဆေးပါကြွေပုဂံပြားအနေတော်ကိုယူပါကွမ်းရွက်ကိုကြွေပုဂံပြားထဲထည့်ပါထမင်းအိုးတည်လို့ကျက်သွားလျှင်ထမင်းအိုးထဲကို ကွမ်းရွက်ထည့်ထားတဲ့ကြွေပုဂံပြားကိုထည့်ပါကွမ်းရွက်အရောင်ပြောင်းလျှင်အိုးထဲမှထုတ်ပါ

ညအိပ်ရာဝင်လျှင်၎င်းကွမ်းရွက် လိုအပ်သလိုဖြတ်တောက်ပီးတင်းထိပ်၊မှဲ့ခြောက်ရှိသောနေရာတွင်ကပ်ပါ(ကပ်တဲ့အခါမှာ ကွမ်းရွက်ရဲ့အကြမ်းဘက်အခြမ်းကိုကပ်ပါ)တညလုံးကပ်ထားလိုက်ပါအအိပ်မကြမ်းပါက လုံးဝကွာမကျပါ

အဲနည်းအတိုင်းတစ်ပတ်ဆက်တိုက်ကပ်ပါကပ်သောနေရာက နီရဲလာပြီးမှဲ့ခြောက်ကလေးကြွလာပါလိမ့်မယ်လက်လေးနဲ့ခါလိုက်ရင်ကို မှဲခြောက်က‌ကွာကျသွားပါလိမ့်မယ်

အချိန်

တစ်လမှာတစ်ပတ် ဉပမာအခုလ 28-8-23မှာစကပ်လျှင်နောက်လ 28-9-23ပြန်ကပ်ပါ

တစ်လတစ်ပတ်ကပ်တာကို3ကြိမ်လုပ်ပါ

3ကြိမ်ပြည့်လျှင် သင့်မျက်နှာလေး အံ့ဩစရာကောင်းလောက်အောင်ကိုမှဲ့ခြောက်၊တင်ထိပ်ကင်းစင်ပြီး နုပျိုလှပနေပါလိမ့်မည်ကျွန်တော့ကိုယ်တွေ့မို့ ရေသားမျှဝေပေးလိုက်ပါတယ်

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။