လေယာဉ်အင်ဂျင်အသုံးပြုတည်ဆောက်ထားတဲ့ The Beast ကား

International News
လေယာဉ်အင်ဂျင်အသုံးပြုတည်ဆောက်ထားတဲ့ The Beast ကား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လေယာဉ်အင်ဂျင်အသုံးပြုတည်ဆောက်ထားတဲ့ The Beast ကား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လေယာဉ်အင်ဂျင်အသုံးပြုတည်ဆောက်ထားတဲ့ The Beast ကား

The Beast ဆိုတာကတော့ ဒုတိယကမ္ဘာစစ်သုံး လေယာဉ်အင်ဂျင်ကို ထည့်သွင်းတည်ဆောက်ထားတဲ့ကားပါ။ ၁၉၆၆ ခုနှစ်မှာ အင်္ဂလိပ်အင်ဂျင်နီယာ ပေါဂျိမ်းဆန်က တင့်ကားအင်ဂျင်ကို လူစီးကားထဲ ထည့်ကြည့်ရင် ဘယ်လိုနေမလဲဆိုတာ သိချင်လို့ စမ်းသပ်ခဲ့ပြီး ဂီယာဘောက် ပညာရှင် ဂျွန်ဒေါ့ကို ဂီယာဘောက် လာလုပ်ခိုင်းခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ပေါဂျိမ်းဆန်က လေယာဉ်အင်ဂျင်သုံးကား ဖန်တီးမှုကို ဆက်မလုပ်ဖြစ်တော့ပါဘူး။

အဲဒီနောက်မှာ ဂျွန်ဒေါ့က တင့်ကားအင်ဂျင်သုံး လူစီးကားကို ဆက်လက်ဖန်တီးခဲ့ပြီး ပြပွဲတွေမှာ ပါဝင်ပြသခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်က ဆွီဒင်ခရီးစဉ်က ပြန်လာပြီးနောက်မှာတော့ အင်ဂျင်တစ်လုံး မီးလောင်သွားခဲ့လို့ ဂျွန်ဒေါ့က ဒုတိယကမ္ဘာစစ်သုံး Spitfire နဲ့ Hurricane လေယာဉ်အင်ဂျင်ကို တပ်ဆင်စမ်းသပ်ဖို့ အကြံရခဲ့တာပါ။

အဲဒီကားဟာ အင်ဂျင်ပါဝါအကြီးဆုံးကားအဖြစ် ၁၉၇၇ ခုနှစ်မှာ ဂင်းနက်စ်စံချိန် ဝင်ခဲ့ပြီး တစ်နာရီ ၂၆၀ မိုင်နှုန်းအထိ မောင်းနှင်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ The Beast ရဲ့ စွမ်းဆောင်မှုကို အတိအကျတော့ မသိကြပါဘူး။ The Beast ကားကို Rolls Royce ကားမော်ဒယ်တစ်မျိုးအဖြစ် ဖော်ပြမှုကြောင့် Rolls Royce ကုမ္ပဏီက ဂျွန်ဒေါ့ကို တရားစွဲဆိုခဲ့ပြီး တရားရုံးမှာ ရှုံးနိမ့်ခဲ့လို့ ဂျွန်ဒေါ့က စပိန်နိုင်ငံကို ထွက်ပြေးခဲ့ရသလို အဲဒီကားကိုလည်း သူနဲ့အတူ ယူဆောင်သွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာတော့ ဂျွန်ဒေါ့ ကွယ်လွန်သွားခဲ့ပြီး သူ့မိသားစုက The Beast ကားကို လေလံတင်ရောင်းချခဲ့ရာမှာ ပေါင် ၇၂၅၀၀ နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။