ဒေါ်လာ(၇၀၀၀)ထောင်တန် စက်ဘီးနဲ့ပြိုင်ပွဲဝင်မယ်ဆိုတဲ့ “ရာဇာနေဝင်း” ကို လှလှပလေးတစ်ကွက်ပြလိုက်တဲ့ “မင်းမော်ကွန်း”

Celebrity
ဒေါ်လာ(၇၀၀၀)ထောင်တန် စက်ဘီးနဲ့ပြိုင်ပွဲဝင်မယ်ဆိုတဲ့ “ရာဇာနေဝင်း” ကို လှလှပလေးတစ်ကွက်ပြလိုက်တဲ့ “မင်းမော်ကွန်း”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဒေါ်လာ(၇၀၀၀)ထောင်တန် စက်ဘီးနဲ့ပြိုင်ပွဲဝင်မယ်ဆိုတဲ့ “ရာဇာနေဝင်း” ကို လှလှပလေးတစ်ကွက်ပြလိုက်တဲ့ “မင်းမော်ကွန်း”ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဒေါ်လာ(၇၀၀၀)ထောင်တန် စက်ဘီးနဲ့ပြိုင်ပွဲဝင်မယ်ဆိုတဲ့ “ရာဇာနေဝင်း” ကို လှလှပလေးတစ်ကွက်ပြလိုက်တဲ့ “မင်းမော်ကွန်း”

ပရိသတ်ကြီးရေမင်းသားချော မင်းမော်ကွန်းဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ ထိပ်တန်းမင်းသား တစ်လက်ဖြစ်ခဲ့ပါတယ်နော်။အခုဆိုရင်တော့မင်းမော်ကွန်းဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ အတက်ကြွဆုံးပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်လူနည်းစုထဲက တစ်ယောက် အပါအဝင်လည်းဖြစ်ပါတယ်။

တော်လှန်ရေးနဲ့ ပတ်သက်ပြီး ရန် ငါ ပြတ်သားတဲ့ မင်းမော်ကွန်းဟာဘွင်းဘွင်းရှင်းရှင်းပြော တတ်တာကြောင့် ရုပ်ရှင်အစည်းအရုံးဆီ တိုင်ကြားခံရတဲ့အထိကိုဖြစ်ခဲ့ ရတာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း မှန်တယ်ထင်ရာကို ပြောဖို့ဝန်မလေးသလိုနိုင်ငံရေးကိုမဆိုင်သလိုနေကြတဲ့ အနုပညာရှင် တွေကို ခနဲ့တတ်တဲ့ မင်းမော်ကွန်းဟာ ဒီကနေ့ မှာလည်း စက်ဘီးစီးတာကို အလုပ်တစ်ခုလို ရေးကြီးခွင်ကျယ်ပြောနေတဲ့ မင်းသားကြီးတစ်ယောက်ကို ခနဲ့လာခဲ့ပြန်ပါတယ်။ မင်းမော်ကွန်းက ကလေးစီးစက်ဘီးပုံ တစ်ပုံကိုတင်ပြီး “ကိုယ်လဲ စက်ဘီးစီးတော့မယ်” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်

လက်ရှိအချိန်ဟာ ပြည်သူတွေ အနေနဲ့ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဆတ်ဆတ်ထိ မခံဖြစ်နေကြသလို မင်းမော်ကွန်းအနေ နဲ့လည်း နိုင်ငံရေးကို မဆိုင်သလိုနေကြတဲ့ အနုပညာရှင်တွေကို ထိထိမိမိလေးပြောလာခဲ့တာပဲ ဖြစ်ပါတယ်။

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။