ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာတာမဟုတ်ဘဲ ကိုယ်စွမ်းကိုယ်စနဲ့ အသက် ၁၉ နှစ်မှာ မီလျံနာဖြစ်လာခဲ့သူ

International News
ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာတာမဟုတ်ဘဲ ကိုယ်စွမ်းကိုယ်စနဲ့ အသက် ၁၉ နှစ်မှာ မီလျံနာဖြစ်လာခဲ့သူ

အသက် ၂၃ နှစ်အရွယ် မလေးရှားအမျိုးသား မူနက်ချ်ရာဖ် မူနာဝါဆိုသူက အသက်၁၉ နှစ်မှာ မီလျံနာဖြစ်ခဲ့တာပါ။ အိမ်မွေးတိရစ္ဆာန်ဆေးဘက်ဆိုင်ရာကုမ္ပဏီ BioVet Medical Malaysia (BioVet) ကို ပိုင်ဆိုင်တဲ့ မူနက်ချ်ရာဖ်က ကြောင်စာနဲ့ ဗီတာမင်တွေကို ရောင်းချခြင်းဖြင့် သူ့ရဲ့အသားတင်ဝင်ငွေကို ရရှိခဲ့တာပါ။ အခုဆို သူ့ရဲ့ကုမ္ပဏီက စင်ကာပူဒေါ်လာ ၇.၄ သန်းတန်ဖိုးရှိနေပြီး ဝန်ထမ်း ၂၀၀ ခန့်ရှိပါတယ်။

မူနက်ချ်ရာဖ်က ကိုယ်စွမ်းကိုယ်စနဲ့ မီလျံနာဖြစ်လာခဲ့တာပါ။ သူဟာ ချမ်းသာတဲ့မိသားစုကနေ ဆင်းသက်လာတဲ့သူမဟုတ်ပါဘူး။ သူ့မိဘနှစ်ပါးလုံးက သာမန်လခစားတွေပါပဲ။ အသက် ၁၅ နှစ်မှာ သူဟာ လူမှုကွန်ယက်ပေါ်ကနေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အခြားသူတွေကို Sneaker ဖိနပ်တွေ ‌ရောင်းချတာနဲ့ စတင်ခဲ့တာပါ။ တရုတ်ကနေ Sneaker ဖိနပ်တွေကို တင်သွင်းခဲ့ပြီး ဖိနပ်တစ်ရံကို ၃ စင်ကာပူဒေါ်လာကနေ ၄ စင်ကာပူဒေါ်လာအထိအမြတ်တွေရရှိခဲ့ပါတယ်။

အဲ့ဒီနောက် တစ်နိုင်ငံလုံးဆိုင်ရာစာမေးပွဲဖြစ်တဲ့ Sijil Pelajaran Malaysia (SPM) အတွက် ကျောင်းသွားမတက်ခင် အသက် ၁၇ နှစ်မှာ စီးပွားရေးလုပ်ငန်းကနေ အနားယူခဲ့ပါတယ်။ နောက်ပိုင်းမှာ သူဟာ ချောကလက်ဘူး၊ Cracker မုန့်၊ ချိစ်အရသာအာလူးကြော်တွေရောင်းချတဲ့ တိုက်ရိုက်ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

ကိုယ်စားလှယ်နေရာအတွက် အခြားကုမ္ပဏီတွေမှာ အလုပ်ရှာဖွေရင်း Marketing and Sale ပိုင်းပညာတွေကို သင်ယူခဲ့ပါတယ်။ သူ့ကြောင်တွေနဲ့ သူ့သူငယ်ချင်းတွေရဲ့ကြောင်တွေအပေါ်ထိခိုက်စေတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ တိရစ္ဆာန်ဆေးကုခန်းမှာပြဖို့ တန်းစီနေရတဲ့လူအများကြီးကို မြင်တွေ့ခဲ့ပြီးနောက် BioVet ကုမ္ပဏီကို တည်ထောင်ဖို့ စိတ်ကူးရခဲ့တာပါ။

အခုဆို BioVet က ကြောင်စာမျိုးစုံနဲ့ ဗီတာမင်တွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ တည်ထောင်ပြီး ပထမဆုံးနှစ်မှာ BioVet က စင်ကာပူဒေါ်လာ ၁ သန်း ရောင်းအားရှိခဲ့ပါတယ်။ မူနက်ချ်ရာဖ် အသက် ၁၉ နှစ်မှာတော့ မီလျံနာဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာတော့ သူဟာ ဥပဒေဘွဲ့ယူဖို့ လုပ်နေပါတယ်။

ရေးသားသူ -Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။