သူမသာလျှင် ကမ္ဘာ့ကံအကောင်းဆုံး မိန်းကလေးဆိုတာ ထုတ်ကြွားပြသလိုက်တဲ့ “နေဒွေး” ရဲ့ ကောင်မလေး

Celebrity
သူမသာလျှင် ကမ္ဘာ့ကံအကောင်းဆုံး မိန်းကလေးဆိုတာ ထုတ်ကြွားပြသလိုက်တဲ့ “နေဒွေး” ရဲ့ ကောင်မလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သူမသာလျှင် ကမ္ဘာ့ကံအကောင်းဆုံး မိန်းကလေးဆိုတာ ထုတ်ကြွားပြသလိုက်တဲ့ “နေဒွေး” ရဲ့ ကောင်မလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သူမသာလျှင် ကမ္ဘာ့ကံအကောင်းဆုံး မိန်းကလေးဆိုတာ ထုတ်ကြွားပြသလိုက်တဲ့ “နေဒွေး” ရဲ့ ကောင်မလေး

 

ယောကျာ်း ပီသကာ ရုပ်ရည်ချောမောလွန်းတဲ့ မင်းသားနေဒွေးဟာ အနုပညာသက်တမ်း တလျှောက် ဇာတ်ရုပ်မျိုးစုံမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပီပြင်တဲ့ သရုပ်ဆောင်ချက် တွေကြောင့် ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို များစွာရရှိ ပိုင်ဆိုင်ထားနိုင်တဲ့ အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမင်းသား တစ်လက်ဖြစ်လာ ခဲ့သူပါပဲ။ ယောက်ျားပီသလွန်းပြီး ရုပ်ရည်ချောမောပေမယ့် အချစ်ရေးမှာ မကြာမကြာ ကံခေလွန်းခဲ့တဲ့ နေဒွေးက လက်ရှိချိန်မှာတော့ သာယာတဲ့ အချစ်ရေးတစ်ခု ကိုလည်း တည်ဆောက် ထားပြီး အခုဆိုရင် ချစ်သူအသစ်လေးနဲ့ ချစ်သက်တမ်း တစ်နှစ်နီးပါး ရှိလာနေပြီပဲဖြစ်ပါ တယ်။

နေဒွေးဟာ သူ့ရဲ့ချစ်သူကောင်မလေးကို အရမ်းချစ်ပြီး ချစ်သူအတွက်တောင် ပိုက်ဆံတွေစုပေးခဲ့ကြောင်းကို နေဒွေးရဲ့ လက်ရှိ ကောင်မလေးက “ကိုကို စုပေးထားတာ” ဆိုပြီး သူမရဲ့ စုဘူးလေးကို ထုတ်ကြွား ပြသလာခဲ့တာပဲ ဖြစ်ပါတယ်။

အရင်နဲ့မတူဘဲ လက်ရှိကောင်မလေးအတွက် ပိုက်ဆံတောင် စုပေးနေပြီဆိုတော့ နေဒွေးတစ်ယောက် မကြာခင်မှာ လက်ထပ်ပွဲဆင်နွှဲတော့ မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ပရိသတ်ကြီးလည်း အချစ်တော် မင်းသားချောလေး နေဒွေးရဲ့ မင်္ဂလာသတင်းလေးကို စောင့်မျှော်နားစွင့် နေမိကြမယ် ထင်ပါတယ်။

ရေးသားသူ – Lat Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။