ဘာလို့ ဘောလိဝုဒ်လောကကနေ ထွက်ဖို့ ပရီရန်ကာ ချိုပရာ ဆုံးဖြတ်ခဲ့တာလဲ

Celebrity International News
ဘာလို့ ဘောလိဝုဒ်လောကကနေ ထွက်ဖို့ ပရီရန်ကာ ချိုပရာ ဆုံးဖြတ်ခဲ့တာလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဘာလို့ ဘောလိဝုဒ်လောကကနေ ထွက်ဖို့ ပရီရန်ကာ ချိုပရာ ဆုံးဖြတ်ခဲ့တာလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဘာလို့ ဘောလိဝုဒ်လောကကနေ ထွက်ဖို့ ပရီရန်ကာ ချိုပရာ ဆုံးဖြတ်ခဲ့တာလဲ

အိန္ဒိယမင်းသမီး ပရီရန်ကာ ချိုပရာဟာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ဘောလိဝုဒ်လောကကနေ ထွက်ခဲ့ပုံရပါတယ်။ အခုတော့ သူ ဘာလို့ ထွက်ဖို့ ဆုံးဖြတ်ခဲ့ရလဲဆိုတာကို ထုတ်ပြောလာခဲ့ပါတယ်။

သူ အမေရိကန်ကို မပြောင်းရွှေ့ခင်က အိန္ဒိယမှာလည်း အောင်မြင်တဲ့စတားတစ်ယောက်ဖြစ်ခဲ့တာပါ။ ၂၀၀၀ ခုနှစ်မှာ Miss World အလှမယ်သရဖူဆောင်းခဲ့ပြီး ဘောလိဝုဒ်ဇာတ်ကားများစွာမှာလည်း ဆက်ပြီး ပါဝင်ခဲ့ရတာပါ။

ဒါပေမဲ့ ဘောလိဝုဒ်လောကမှာ သူဟာ ဖိအားတွေနဲ့ အဆင်မပြေဖြစ်ရတဲ့၊ အခက်အခဲဖြစ်ရတဲ့အခြေအနေမှာ နေနေရသလို ခံစားခဲ့ရတယ်။ သူ့ကို အကြောင်းအမျိုးမျိုးကြောင့် ခေါ်မရိုက်တဲ့လူတွေရှိခဲ့တယ်။ လူတွေက သူ့ကို မကျေနပ်ချက်တွေနဲ့ အပြစ်တင်ကြတယ်။ အဲ့ဒီအခြေအနေကို သူ စိတ်ပျက်ငြီးငွေ့လာခဲ့တယ်။ အဲဒါကြောင့် သူ ဘောလိဝုဒ်လောကကနေ ထွက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

၂၀၁၁ ခုနှစ်မှာ Universal Music Group က DesiHits ကုမ္ပဏီနဲ့အတူ ပရီရန်ကာကို သီချင်းသွင်းဖို့ စာချုပ်ချုပ်ဆိုတဲ့အချိန် သူ့ရဲ့အရည်အချင်းကိုပြဖို့ အခွင့်အရေးရခဲ့ပါတယ်။ ဂီတကို ဖန်တီးဖို့အတွက် သူက အမေရိကန်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူက အဆိုတော် Pitbull၊ Will.i.am၊ Pharrell တို့နဲ့အလုပ်တွဲလုပ်ဖြစ်ခဲ့ပါတယ်။

ဂီတက သူ့ကို ဘောလိဝုဒ်လောကကနေ လွတ်မြောက်ဖို့ အခွင့်အရေးပေးရင်းနဲ့ သီချင်းတွေအများကြီးထွက်ရှိပြီးတဲ့နောက်မှာ သီချင်းဆိုတာက သူ့အတွက် မဟုတ်ဘူးဆိုတာ နားလည်ခဲ့ရပါတယ်။ Universal Music Group က ပိုင်ဆိုင်တဲ့ Interscope ကုမ္ပဏီရဲ့ပူးတွဲတည်ထောင်သူ ဂျင်မ်မီ လိုဗင်းက ပရီရန်ကာကို American talent agency ဖြစ်တဲ့ CAA နဲ့ စာချုပ်ချုပ်ခွင့်ရအောင် ကူညီပေးခဲ့ပါတယ်။ သူက CAA နဲ့ စာချုပ်ချုပ်ခွင့်ရတဲ့ ပထမဆုံးအိန္ဒိယမင်းသမီးဖြစ်လာခဲ့ပါတယ်။

Priyanka Chopra Recalls Dating Life Before Marriage to Nick Jonas

၂၀၁၈ ခုနှစ်မှာ နစ်ခ်ဂျိုးနက်စ်နဲ့ လက်ထပ်ခဲ့တဲ့ ပရီရန်ကာက Quantico စီးရီးတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။ ဒီစီရီးက Season 3 အထိရှိပြီး ၂၀၁၅ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ ABC ရုပ်သံလိုင်းမှာ ပြသခဲ့ပါတယ်။ သူက Baywatch, The Matrix Resurrections၊ The White Tiger ဇာတ်ကားတွေမှာလည်း ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့စီးရီးသစ် Citadel ကလည်း ဧပြီလ ၂၈ ရက်နေ့ Amazon Prime Video မှာ ပြသမှာဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။