မိဘကျေးဇူး မမေ့လျော့သလို ဘဝမမေ့တဲ့ အလှမယ်

Celebrity International News
မိဘကျေးဇူး မမေ့လျော့သလို ဘဝမမေ့တဲ့ အလှမယ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိဘကျေးဇူး မမေ့လျော့သလို ဘဝမမေ့တဲ့ အလှမယ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိဘကျေးဇူး မမေ့လျော့သလို ဘဝမမေ့တဲ့ အလှမယ်

သူ့အဖေက သုံးဘီးမောင်းတယ်။ သူ့အမေက အလှပြင်ဆိုင်လေး ဖွင့်တယ်။ မောင်တစ်ထမ်း၊ မယ်တစ်ရွက် ရှာတာတောင် စားဝတ်နေရေးက အလျင်မီရုံလေးပဲ ရှိတယ်။ မန်ယာဆင်းမ်က ငယ်ငယ်ကတည်းက ငွေရှာရကောင်းမှန်း သိတယ်။ လူနေခြုံကြား စိတ်နေဘုံဖျားဆိုသလို သူ့မှာ အိပ်မက်တွေ တစ်ပွေ့တစ်ပိုက်နဲ့လေ။

ဆင်းရဲသားရပ်ကွက်မှာ ကလေးတွေကို စာလိုက်ပြတယ်။ ၁၄ နှစ်သမီးအရွယ်မှာ မန်ယာဆင်းမ်က အိမ်က ထွက်သွားပြီး အိပ်မက်မြို့တော်လို့ တင်စားကြတဲ့ မွမ်ဘိုင်းမြို့တော်ကြီးဆီ ရောက်ရှိသွားတယ်။ Pizza Hut မှာ ပန်းကန်ဆေးတဲ့အလုပ် ဝင်လုပ်တယ်။ ညဘက်ကျရင် Call Center မှာ အလုပ်လုပ်ပြီး နေ့ဘက်မှာ ကျောင်းတက်တယ်။ ဘွဲ့ယူဖို့ ပိုက်ဆံလိုတော့ အမေလုပ်သူက သူ့ရဲ့လက်ဝတ်လက်စားလေးတွေ ပေါင်နှံပေးတယ်။ ဒီလိုနဲ့ မန်ယာဆင်းမ် ဘွဲ့ရခဲ့တာပါ။

မန်ယာဆင်းမ်ဆိုတာကတော့ ၂၀၂၀ ပြည့်နှစ် အိန္ဒိယအလှမယ်ပြိုင်ပွဲမှာ ဒုတိယဆုရခဲ့သူ။ ဆုပေးပွဲအခမ်းအနားကို သူ့အဖေရဲ့ သုံးဘီးနဲ့ လာခဲ့တယ်။ မိဘနှစ်ပါးရဲ့ ခြေလက်ကို နမ်းပြီး အရိုအသေပေးတဲ့ မြင်ကွင်းက မြင်ရသူတွေကို မျက်ရည်ဝဲစေတယ်။ ဘဝမမေ့သူ မန်ယာဆင်းမ်ဆိုတဲ့ စကားစုက အင်တာနက်မှာ ပျံ့နှံ့သွားတယ်။

အခုတော့ မွမ်ဘိုင်းမြို့မှာ မိဘတွေကို အိမ်ကြီးအိမ်ကောင်းနဲ့ ထားချင်တဲ့ သူ့ဆန္ဒပြည့်ဝသွားခဲ့ပါပြီ။ ငယ်ငယ်က လမ်းလျှောက်တဲ့ပုံစံကြောင့် သူ့ကို ပင်ဂွင်းလို့ ချစ်စနိုးခေါ်ကြတယ်။ ဆင်းရဲတဲ့ အသိုင်းအဝိုင်းက လာတဲ့သူမို့၊ အင်္ဂလိပ်လို ပြောတဲ့အခါ သိပ်မကျွမ်းကျင်လို့ မယ်ရွေးပွဲမှာ အထင်သေးကဲ့ရဲ့တာတွေ ကြုံခဲ့ပေမဲ့ မန်ယာဆင်းမ်က သူ့ရည်မှန်းချက်ပန်းတိုင်ကို မဆုတ်မနစ် အရောက်လှမ်းခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။