မဖြစ်နိုင်ဘူးလို့ ယူဆကြတဲ့ နည်းလမ်းသုံးပြီး ပိုက်သာဂိုရသီအိုရမ်ကို သက်သေပြခဲ့တဲ့ အထက်တန်းကျောင်းသူနှစ်ဦး

International News
မဖြစ်နိုင်ဘူးလို့ ယူဆကြတဲ့ နည်းလမ်းသုံးပြီး ပိုက်သာဂိုရသီအိုရမ်ကို သက်သေပြခဲ့တဲ့ အထက်တန်းကျောင်းသူနှစ်ဦး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မဖြစ်နိုင်ဘူးလို့ ယူဆကြတဲ့ နည်းလမ်းသုံးပြီး ပိုက်သာဂိုရသီအိုရမ်ကို သက်သေပြခဲ့တဲ့ အထက်တန်းကျောင်းသူနှစ်ဦး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မဖြစ်နိုင်ဘူးလို့ ယူဆကြတဲ့ နည်းလမ်းသုံးပြီး ပိုက်သာဂိုရသီအိုရမ်ကို သက်သေပြခဲ့တဲ့ အထက်တန်းကျောင်းသူနှစ်ဦး

နှစ် ၂၀၀၀ သက်တမ်းရှိတဲ့ ပိုက်သာဂိုရသီအိုရမ်ကို တြီဂိုနိုမေတြီဘာသာရပ်နဲ့ သက်သေပြခဲ့တဲ့ အထက်တန်းကျောင်းသူနှစ်ဦးကတော့ သင်္ချာပညာရှင်တွေကြား ဟိုးလေးတကျော် ဖြစ်နေပါတယ်။ ပိုက်သာဂိုရသီအိုရမ်ဟာ တြီဂိုနိုမေတြီဘာသာရပ်ရဲ့ အခြေခံဖြစ်လို့ အဲဒီသီအိုရီကို တြီဂိုနိုမေတြီနဲ့ သက်သေပြဖို့ မဖြစ်နိုင်ဘူးလို့ သင်္ချာပညာရှင်တွေက ယူဆခဲ့ကြတာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့သီတင်းပတ်က ကျင်းပခဲ့တဲ့ အမေရိကန်သင်္ချာအဖွဲ့အစည်းရဲ့ နှစ်စဉ်ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ နယူးအော်လင်းမြို့မှ အထက်တန်းကျောင်းသူ နှစ်ယောက်က ပိုက်သာဂိုရသီအိုရမ်ကို တြီဂိုနိုမေတြီဘာသာရပ်နဲ့ သက်သေပြချက်ကို တင်သွင်းခဲ့တာပါ။

ထောင့်မှန်တြိဂံမှာ ကျန်အနားနှစ်ခုရဲ့ အလျားနှစ်ထပ်ကိန်းရင်းများ ပေါင်းခြင်းဟာ ထောင့်မှန်ခံအနားနှစ်ထပ်ကိန်းနဲ့ ညီတယ် (a squared + b squared = c squared)ဆိုတဲ့ ပိုက်သာဂိုရသီအိုရမ်ကို sin2x+cos2x=1 ဆိုတဲ့ Law of Sines သီအိုရမ်နဲ့ သက်သေပြချက် ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။