မဟာဘွဲ့ယူဖို့ လုပ်နေတဲ့ အသက် ၁၁ နှစ်အရွယ် အော်တစ်ဇင်ကလေးမလေး

International News
မဟာဘွဲ့ယူဖို့ လုပ်နေတဲ့ အသက် ၁၁ နှစ်အရွယ် အော်တစ်ဇင်ကလေးမလေး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မဟာဘွဲ့ယူဖို့ လုပ်နေတဲ့ အသက် ၁၁ နှစ်အရွယ် အော်တစ်ဇင်ကလေးမလေး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မဟာဘွဲ့ယူဖို့ လုပ်နေတဲ့ အသက် ၁၁ နှစ်အရွယ် အော်တစ်ဇင်ကလေးမလေး

အက်ဟာရာ ပီရက်ဇ် ဆာချက်ဇ်ဟာ မက္ကဆီကိုမြို့က ထူးခြားစွမ်းရည်ရှိတဲ့ အော်တစ်ဇင်ကလေးမလေးတစ်ယောက်၊ ရူပဗေဒပညာရှင် အဲလ်ဘတ် အိုင်းစတိုင်းရဲ့ အိုင်ကျူထက်ပိုမြင့်တဲ့ အိုင်ကျူရမှတ် ၁၆၂နဲ့ အင်ဂျင်နီယာမဟာဘွဲ့ရယူနေပါတယ်။ သူက တစ်နေ့ကျ NASA အတွက် အာကာသယာဉ်မှူးတစ်ဦးဖြစ်လာဖို့ မျှော်လင့်ထားတာပါ။
အက်ဟာရာက Tláhauc ရပ်ကွက်လေးတစ်ခုမှာ ကြီးပြင်းခဲ့ရပြီး အသက် ၃ နှစ်မှာ အော်တစ်ဇင်တစ်ယောက်ဖြစ်နေတဲ့အတွက် မကြာခဏအနိုင်ကျင့်ခံခဲ့ရတယ်။ အခြားကလေးတွေနဲ့ကွဲပြားနေတာကြောင့် ကျောင်း (၃) ခါ ပြောင်းခဲ့ရပြီး တစ်ယောက်တည်းသီးသန့်နေလာခဲ့တယ်။

ဆရာမတွေကလည်း သိပ်စာနာစိတ်မရှိကြဘူး၊ ကလေးကို ကျောင်းက ပေးတဲ့ အိမ်စာတွေပဲ ပြီးစေချင်ခဲ့တယ်၊ ကလေးက သူ့ကိုယ်သူ တဖြည်းဖြည်းတွန့်ဆုတ်လာခဲ့တယ်၊ အတန်းဖော်တွေနဲ့ မကစားချင်ခဲ့ဘူး၊ ထူးဆန်းလာခဲ့တယ်၊ ကျောင်းမှာ ခဏတော့ နေနိုင်တယ်၊ နောက်တော့ ကျောင်းမတက်နိုင်ဘူး၊ အိပ်ပဲအိပ်နေတယ်၊ ဘာမှမလုပ်ချင်တော့ဘူး၊ လူတွေက စာနာမှုမရှိခဲ့ဘဲ သူ့ကို လှောင်ပြောင်တဲ့အတွက် အရမ်းစိတ်ဓာတ်ကျခဲ့တယ်လို့ အက်ဟာရာရဲ့အမေက ပြောတယ်။

အဲဒါတွေကြောင့်ပဲ အက်ဟာရာက သူ့ဘာသာသူ အက္ခရာသင်္ချာသင်ယူနိုင်ခဲ့ပြီး ဇယားကွက်ကို အလွတ်မှတ်နိုင်ခဲ့တယ်။ သူ့အမေကလည်း သူ အနိုင်ကျင့်ခံခဲ့ရတာကနေ စိတ်သက်သာရာရဖို့အတွက် ကုထုံးခံယူလို့ရအောင် လုပ်ပေးခဲ့တယ်။ အဲဒီကနေ ပါရမီရှင်ကလေးတွေအတွက် ဖွင့်ထားတဲ့ ကျောင်းတစ်ကျောင်းဖြစ်တဲ့ Center for Attention to Talent ကို ပို့ဖို့ အကြံပြုခံခဲ့ရတယ်။ အဲဒီကျောင်းမှာ အက်ဟာရာရဲ့အိုင်ကျူကို အတည်ပြုနိုင်ခဲ့တယ်။

အက်ဟာရာက အသက် ၅ နှစ်မှာ မူလတန်းအောင်ပြီး နောက်တစ်နှစ်မှာ အလယ်တန်းနဲ့ အထက်တန်းအောင်မြင်ခဲ့တာပါ။ သူက CNCI University မှာ Systems Engineering နဲ့ ဘွဲ့တစ်ခုရရှိထားပါတယ်။ လက်ရှိမှာတော့ မက္ကဆီကိုနည်းပညာတက္ကသိုလ်မှာ သင်္ချာဘာသာရပ်နဲ့ မဟာပရိုဂရမ်လေ့လာသင်ယူနေပါတယ်။ အင်္ဂါဂြိုလ်စူးစမ်းလေ့လာရေးအိပ်မက်ကို အကောင်အထည်ဖော်ဖို့ မျှော်လင့်ချက်နဲ့ မဟာဘွဲ့အတွက် ဆက်လက်သင်ယူနေတာပါ။

သူက နက္ခတ္တဗေဒကို လေ့လာနိုင်ဖို့အတွက် အရီဇိုးနားတက္ကသိုလ်မှာ ပညာဆက်လက်သင်ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ကျောင်းက ပညာသင်ဆုပေးခဲ့ပေမဲ့ ဗီဇာပြဿနာကြောင့် ရွှေ့ဆိုင်းခဲ့ရပါတယ်။ Mexican Space Agency နဲ့ လက်တွဲပြီးတော့ အခြားငယ်ရွယ်တဲ့မိန်းကလေးတွေအတွက် အာကာသလေ့လာရေးနဲ့ သင်္ချာအကြောင်း အသိပညာမျှဝေပေးနေပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။