အစားအစာတွေနဲ့ပတ်သက်ပြီး လုပ်မိနေတဲ့အမှားများ

Health Knowledge
အစားအစာတွေနဲ့ပတ်သက်ပြီး လုပ်မိနေတဲ့အမှားများ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အစားအစာတွေနဲ့ပတ်သက်ပြီး လုပ်မိနေတဲ့အမှားများ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အစားအစာတွေနဲ့ပတ်သက်ပြီး လုပ်မိနေတဲ့အမှားများ

အရင်ကထက်ပိုပြီး အခုခေတ်က စားပွဲပေါ်လာချတဲ့အစားအစာရဲ့အရည်အသွေးကို ကျွန်တော်တို့တွေက ပိုပြီးအာရုံစိုက်လာကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေက အစားအစာတွေကို နည်းလမ်းအမှားတွေနဲ့ တစ်ခါတလေ စားသောက်နေတယ်ဆိုတဲ့ အရေးကြီးတဲ့အချက်ကို လျစ်လျူရှုထားကြပါတယ်။

ကညွတ်၊ စတော်ဘယ်ရီ၊ ဒိန်ချဉ်၊ ပဲအမျိုးမျိုးအစရှိတဲ့အစားအစာတွေက ကျန်းမာရေးနဲ့ညီညွှတ်ပါတယ်။ ကျွန်တော်တို့က အဲဒါတွေရဲ့အာဟာရဓာတ်ကို သတိမထားမိဘဲ ဖယ်ထုတ်ပစ်ပြီး စားမိတတ်ကြပါတယ်။ အာဟာရဓာတ်တွေ ဖယ်ထုတ်မိအောင် ဘယ်လိုအမှားမျိုးလုပ်ပြီး အစားအစာတွေကို စားမိနေလဲဆိုတာကို စာဖတ်ပရိသတ်တွေ သိရှိစေဖို့ ပြောပြပေးလိုက်ရပါတယ်။

ကီဝီသီး

ကီဝီသီးရဲ့အခွံက အမျှင်ဓာတ်၊ ဖော်လစ်အက်ဆစ်၊ ဗီတာမင်အီ အစရှိတဲ့အာဟာရဓာတ်တွေ မြင့်မားစွာပါဝင်ပါတယ်။ ဒါပေမဲ့ လူအများစုက ကီဝီသီးကို အခွံခာပြီး စားကြတာများပါတယ်။ တကယ်တော့ ကီဝီသီးကို အခွံမခွာပဲ စားမယ်ဆိုရင် အမျှင်ဓာတ် (၅၀) ရာခိုင်နှုန်း၊ ဗီတာမင်အီ (၃၂) ရာခိုင်နှုန်း၊ ဖော်လစ်အက်ဆစ် (၃၄) ရာခိုင်နှုန်း တိုးလာစေပါတယ်။ လူတော်တော်များများက အာဟာရဓာတ်လုံလုံလောက်လောက်မစားသုံးတာကြောင့် ကီဝီသီးကို အခွံနဲ့စားတာက အာဟာရဓာတ်ရရှိနိုင်တဲ့ အလွယ်ဆုံးနည်းပါပဲ။

ကညွတ်


ကညွတ်ကို မိုက်ခရိုဝေ့ထဲထည့်ပြီး ဘယ်တော့မှ မချက်မိပါစေနဲ့။ အာဟာရဓာတ်တွေက ရေထဲ ပျော်ရွှင်နိုင်တာကြောင့် မိုက်ခရိုဝေ့နဲ့ ချက်တာက ကညွတ်မှာ ပါဝင်တဲ့ ဗီတာမင်စီဓာတ်ကို လျော့နည်းသွားစေပါတယ်။ အကောင်းဆုံးကတော့ ကညွတ်ကို ရိုးရိုးတန်းတန်းပဲ ကြော်စားပါ။

စတော်ဘယ်ရီသီး

စတော်ဘယ်ရီသီးက အမျှင်ဓာတ်၊ ဗီတာမင်စီ၊ အန်တီအောက်စီဒန့်ဓာတ်တွေ ကြွယ်ဝပါတယ်။ ကျွန်တော်တို့ခန္ဓာကိုယ်က ဒီလိုအာဟာရဓာတ်တွေလိုအပ်တဲ့အတွက် ဒီအသီးကို မလှီးဖြတ်ပါနဲ့။ စတော်ဘယ်ရီသီးကို လှီးလိုက်တဲ့အခါ အလင်းရောင်နဲ့ အောက်စီဂျင်တွေနဲ့ ထိတွေ့မိတဲ့အတွက် စတော်ဘယ်ရီထဲမှာ ပါဝင်တဲ့အာဟာရဓာတ်တွေ အလွယ်တကူဆုံးရှုံးသွားစေပါတယ်။

ပဲအမျိုးမျိုး

ခြောက်သွေ့နေတဲ့ပဲတွေက ဖိုက်တစ်အက်ဆစ် (Phytate) ပါဝင်ပါတယ်။ ဒါပေမဲ့ ဒီဖိုက်တစ်အက်ဆစ်က ပဲမှာပါဝင်တဲ့ဗီတာမင်ဓာတ်တွေနဲ့ သတ္တုဓာတ်တွေကို ဖုံးကွယ်ထားပါတယ်။ ဒါကြောင့် ပဲမချက်ခင် တစ်ညလုံး ရေနဲ့ စိမ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။

ဒိန်ချဉ်

ဒိန်ချဉ်ဗူးကို ဖွင့်လိုက်တဲ့အခါ အကြည်ရည်ကို မကြာခဏတွေ့ရတတ်ပါတယ်။ အဲဒီအကြည်ရည်မှာ ပရိုတင်းဓာတ်နဲ့ ဗီတာမင် B12 ပါဝင်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်သောက်တဲ့အခါ အကြည်ရည်လေးတွေ့ရင် သွန်မပစ်ပါနဲ့။ နှံ့အောင် မွှေပေးလိုက်တာက အကောင်းဆုံးပါပဲ။

သခွားသီး

သခွားသီးက အမျှင်ဓာတ်မြင့်မားစွာပါဝင်တာတဲ့အတွက် အခွံမခွာပဲ စားလို့ပြောကြပါတယ်။ ဒါပေမဲ့ သခွားသီးကို သေသေချာချာမသန့်စင်နိုင်ရင် ဘတ်တီးရီးယားပိုးမွှားတွေနဲ့ ပိုးthetဆေးရန်ကနေ ရှောင်ရှားနိုင်ဖို့ သခွားသီးကို အခွံခွာပြီး စားသုံးသင့်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။