ငွေကြေးရရှိစေနိုင်သည့်အမှတ်အသားများ အပိုင်း(၁)

Astrology
ငွေကြေးရရှိစေနိုင်သည့်အမှတ်အသားများ အပိုင်း(၁)

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ငွေကြေးရရှိစေနိုင်သည့်အမှတ်အသားများ အပိုင်း(၁) ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ငွေကြေးရရှိစေနိုင်သည့်အမှတ်အသားများ အပိုင်း(၁)

လက်ဝါးပြင်ပေါ်၌ ကောင်းသောအမှတ်အသားတို့နှင့် ဆိုးသော နေရာတို့ ပူးတွဲပိုင်ဆိုင်ဒွန်တွဲနေကြသူများသာဖြစ်ကြလေသည်။ မည့်သည့်လက်ဝါးပြင် ၌မဆို ကောင်းသည်ဟူ၍ ပြည့်စုံမနေပါပေ။ ကောင်းသောအမှတ်သားများ ပါသည့် လက်ဝါးပြင်များ၌ အခြား ကျန်း မာရေး၊လူမှုရေး၊အိမ်ထောင်ရေး စသဖြင့် တစ်ခုခု၌ညံ့စေသည့် အမှတ်အသားများရှိစမြဲပါပင်။ တစ်ဖန် ဆိုးသော အ မှတ် အသားတို့ ပိုင်ဆိုင်ထားကြသည့် လက်ဝါးပြင်အချို့၌ အခြားဖြစ်ထွန်းစေသည့် လမ်းကြောင်းတို့ အနည်းနှင့်အများ ပါရှိစမြဲပါပင်။

အဘယ်သူမှ ပြီးပြည့်စုံသော သူဟူ၍ မရှိပါပေ။ အဆိုး အကောင်း ဒွန်တွဲနေကြသည့် သူများဖြစ်၍ ကောင်းသော သီလ၊ ဒါန၊ ဘဝနာ ပွား​​များခြင်းများ လုပ်ဆောင်သူတို့၌ ကာင်းမွန်ဖြစ်ထွန်းစေမည့် အမှတ် အသားတို့ မုချပင် ပေါ်ပေါက်လာစမြဲပါ ပင်။ ‌ေကာင်းမွန်စေသည့် အမှတ်အသား တို့သည် အချို့၌ မွေးကတည်းက ပါဝင်လာသော အမှတ်အသားလမ်းကြောင်း များမဟုတ်ပဲ မိမိ၏ ကုသိုလ်၊ သီလအားများပေါ်မူတည်၍ ပေါ်ပေါက်လာတတ်ကြပေသည်။

အောက်ဖော်ပြပါပုံတို့သည် တစ်ခုချင်းစီအလိုက် မိမိတို့၏ လက်ဝါးပြင်၌ ပါရှိနေပါက အချိန်တစ်ခုရောက်လျှင်၊ ဖြစ်ထွန်းစေမည့် အသက်ပိုင်းခြားရောက်လျှင် အမှန်တကယ်ပင် အကျိုး ပေးဖြစ်ထွန်းနိုင်မှုရှိကြလေသည်။ အခြားအရေးပါသော လက်ဝါးပြင်ပေါ်ရှိ နေရာတို့နှင့် တွဲဖက်ပြီးမှသာ အကျိုး ပေးနိုင်မှုအနည်းလား၊ အများလား ကွာခြားသွားတတ်ပေသည်။ အချို့ လက်ဝါးပြင်များ၌ ပါရှိသော်လည်း အခြားအရေးပါသော နေရာများ ပေါင်း စပ်အားကောင်းမှုမရှိသောကြောင့် အနည်းငယ်သာဖြစ်ထွန်းနိုင်မှုရှိကြလေသည်။

လက်ဝါးပြင်၌ ငွေကြေးရရှိစေနိုင်သော၊ အောင်မြင်ဖြစ်ထွန်းနိုင်မှု ရှိစေ သော လက်ဝါးပြင်ပေါ်ရှိ အမှတ်အသား များကို အပိုင်း ၁-၂-၃-၄ ခွဲကာ တစ်ပိုင်းခြင်းစီ ရေးသားတင်ပြပေးပါမည်။ အောက်ပါ ပုံတွင်ရူ့ပါ——

Aအမှတ်သား

ကံထီးလမ်းသည်လည်း အားကောင်းစွာ တက်လျက်ရှိပြီး အခြား ကံထီးရိုး အဆွယ်အပွားတို့သည်လည်းပါရှိကာ ဂြိုလ်ခုံတစ်ခုခုသို့ တက်နေမည်ဆိုပါက ထိုသူသည် နေရာတစ်ခု၌ သြဇာအာဏာများ ကြီးမားစွာရရှိတတ်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သောသူဖြစ်ပါက လုပ်ငန်းတိုးတက်အောင်မြင်ကာ ခွဲထွက်သွားသည့် ကံထီးရိုးအဆွယ်များ တက်နေသည့် ဂြိုလ်ခုံများအလိုက် ကောင်းကျိုးချမ်းသာများ ရရှိစေနိုင်သူဖြစ်လေသည်။

ဥပါဒ်လမ်းတို့လည်း ကင်းရှင်းပြီး လက်ဝါးပြင်ပေါ်ရှိ အခြားအရေးပါသောနေရာများ ကောင်းမွန်မှုရှိပါက ငွေကြေး၊ ဂုဏ်ဓန၊ ရာထူး စသ ဖြင့် ထူးခြားသော အကျိုးကျေးဇူးများရရှိ ပိုင်ဆိုင်ရမည့်သူများဖြစ်ကြလေသည်။ အိုဇာတာလည်း အထူးကောင်းမွန်ကာ ထီးရိုးလမ်းတက်နေသည့် ဂြိုလ်ခုံအလိုက် အကျိုးပေးမှု ရရှိတတ်ကြပေသည်။

Bအမှတ်သား

ကံထီးရိုးလမ်းသည်လည်း ထင်ခြားပေါ်လွင်နေမယ်။ တွဲဖက် ဓနယုဂ်ဖြစ်ပေါ်စေသည့် ဓနယုဂ်လမ်းသည်လမ်း ကံထီးရိုးမှ ခွဲပြီးတက်လာကာ ဂြိုလ်ခုံတစ်ခုခုပေါ်သို့ဖြစ်စေ၊ အခြားတစ်နေရာရာသို့ တက်လှမ်းနေပါက သို့မ ဟုတ် တစ်နေရာရာတွင် ရပ်တန့်နေတတ်ပါသည်။ ထိုအမှတ်သားမျိုးပါရှိသူတို့သည် အချိန်တစ်ခု၌ မရှာရပဲ ရရှိတတ်သော ငွေကြေးများကို ရရှိပိုင်ဆိုင်စေရန် ရည်ညွှန်းလျက်ရှိပေသည်။

ထို ဓနလမ်း တက်နေသည့် ဂြိုလ်ခုံဆိုင်ရာ ၏ အကျိုးများလည်း ပူးတွဲရရှိပိုင်ဆိုင်တတ်သူများဖြစ်ကြလေသည်။ ငွေ ကြေးအလွန်ဖြစ်ထွန်းစေသော အမှတ်သားမျိုးဖြစ်ပေသည်။ ​အခြားတွဲဖက် အရေးပါသော နေရာများ ပေါ်လွင်အားကောင်းမှုရှိပါက အမှန်ပင် ငွေကြေးစီးပွားဖြစ်ထွန်းစေမည့် အမှတ်အသားဖြစ်ပေသည်။

Cအမှတ်သား

ကြသပတေးဂြိုလ်ခုံပေါ်ရှိ ထောင်လိုက်မျဥ်းမတ်များ ဖြစ်ပေသည်။ ထိုလမ်းတို့သည် အများအားဖြင့် မွေးကတည်း က ပါရှိလာသော လမ်းကြောင်းများမဟုတ်ကြပဲ ကျွန်တော်၏ အတွေ့အကြုံအရ ကုသိုလ်တရားများ အားထုတ်နေသူတို့၌ဖြစ်စေ၊ မကြာမီ စီးပွားဖြစ်ထွန်း မည်ကို ပြနေသူတို့၌ ဖြစ်စေ ပါဝင်တတ်ကြပေသည်။

အချို့၌လည်း မွေးဖွားလာကတည်းက ပါဝင်မှုရှိကြလေသည်။ ကြာသပတေးဂြိုလ်ခုံပေါ်၌ ထိုဒေါင်လိုက်မျဥ်းမတ်များ မိမိတို့၏လက်ဝါးပြင်၌ ပါရှိလာပြီဆိုပါက မကြာခင်ကာလအတွင်း ငွေကြေးစီးပွားဖြစ်ထွန်းတော့ မည်ဖြစ်ကြောင်း သတိပြုကြပါပေ။

ဂြိုလ်ခုံလည်း အားကောင်းကာ ၎င်းမျဥ်းမတ်များအား ပျက်စီးစေသည့် အဖျက်လမ်းတို့လည်း ပါဝင်မှုမရှိထားပါက အမှန်တကယ်ပင် အကျိုးပေးမှူရှိသော အမှတ်အသားဖြစ်လေသည်။ ရာထူးသြဇာ ရရှိခြင်း၊ ငွေကြေးစီးပွားကောင်းမွန်း ခြင်း၊ ဂုဏ်သိက္ခာနာမည်ကောင်းရရှိတတ်ခြင်း၊ ထင်ပေါ်ကျော်ကြားမှုဖြစ်စေ ခြင်းတို့၌ အကျိုးခံစားရရှိကြလေသည်။

Dအမှတ်သား

ဗုဒ္ဓဟူးဂြိုလ်ခုံပေါ်ရှိ ထောင်လိုက်မျဥ်းမတ်များဖြစ်ပြီး ထိုလမ်းကြောင်းတို့ သည်လည်း အများအားဖြင့် မွေးကတည်းပါဝင်လာသည်က နည်းတတ်ကြ ပြီး အများစုမှာ ဖြစ်ထွန်းမှု တစ်ခုခုရရှိခါနီး အချိန်၌ ပေါ်လာတတ်ကြပေသည်။ စီးပွားကုန်သွယ်မှု အားကောင်းစေခြင်း၊ စကားပြောအောင်မြင်စေခြင်း၊ အကျိုးရှိစေသည့် ခရီးများ လှည့်လည် သွားလာနေရတတ်ခြင်း၊ မထင်မှတ်ပဲ ငွေကြေးရရှိစေခြင်း၊ ပညာရေး အား ကောင်းစေခြင်း၊ မှတ်ဉာဏ်အားကောင်းစေခြင်း၊ ဂုဏ်သတင်းရရှိတတ်ခြင်းတို့ တစ်ခုခု၌ ပူးတွဲပိုင်ဆိုင်အကျိုးရရှိစေတတ်သည်။

နက္ခတ်ဗေဒင်ဆရာ၊ တရားဟော ဆရာတော်ကြီးများ၊ ကျူရှင်ဆရာ ၊ စာရေးဆရာ တို့၏ လက်ဝါးပြင်များ၌ ဗုဒ္ဓဟူးဂြိုလ်ခုံအားကောင်းပြီး ထိုမျဥ်းမတ်များလည်း ပါလေ့ပါထ ရှိပေသည်။ စီးပွားရေးသမားတစ်ယောက်အတွက်ဆိုလျှင် ထိုလမ်း ကြောင်းလေးများ ပေါ်ပေါက်လာသော အချိန်၌ ကုန်သွယ်စီးပွားဖြစ်ထွန်းမည်ကို ပြလျက်ရှိနေပေသည်။

Eအမှတ်သား

E အမှတ်သားသည်တော့ အိမ်ထောင် ရေးလမ်းကြောင်းတစ်ခုသည် အောင် မြင်ရေး ဇေယျလေခလမ်းကြောင်းနှင့် ထိစပ်ထားသောလမ်းကြောင်းဖြစ်ပြီး ထိုအမှတ်သားပါရှိသူတို့သည် အိမ် ထောင်ကျပြီးအခါ၌ အမှန်တကယ် ပင်စီးပွားရေးအထူးအကျိုးပေးလာမည့် အမှတ်အသားဖြစ်ပေသည်။

အိမ် ထောင်ကျပြီးအခါ၌ ငွေကြေးစီးပွားများ တိုးတက်ကောင်းမွန်လာစေသော အမှတ်အသားဖြစ်ပြီး အိမ်ထောင်ရေးလမ်းသည် နှလုံးလမ်းနှင့်တော့ ထိစပ်မှုမရှိရန် လိုအပ်ပါပေသည်။ အိမ်ထောင် ကျပြီးအခါ၌ စီးပွားဥစ္စာတိုးတက်စေ သော အမှတ်အသား အချို့ရှိသည့်အနက် ထို E အမှတ်သားလည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။

Fအမှတ်အသား

အသက်လမ်းပေါ်မှ တက်လျက်ရှိနေသော အောမြင်ရေးလမ်းများဖြစ်ပြီး အခြားအရေးပါသော နေရာများ ကောင်းမွန်နေမှု ရှိပါက ထို အသက်လမ်း၌ ပေါ်ပေါက်လာသောအချိန်၌ အောင်မြင်မှုရရှိတတ်သော သူများဖြစ်ကြလေသည်။ အထူးသဖြင့် ကိုယ့်ထူးကိုယ်ချွန် ကြိုးစားပြီး အောင်မြင်တိုးတက်မှု ရရှိတတ်ကြသော သူများဖြစ်ကြလေသည်။ သို့ပေမည့် ထိုအသက်လမ်းမှ ထွက်သော အောင်မြင်ရေးလမ်းများသည် ဥပါဒ်လမ်းတို့နှင့် အနီးဆုံးတွင် ရှိသဖြင့် ဥပါဒ်လမ်းများ ဖြတ်သန်းခြင်း ခံထားရတတ်သည်ပင်။

ထိုဥပါဒ်လမ်းထွက်လာသည့် အခြေ အနေအလိုက် ဘေးဆိုးများဖြတတ်ပြီး အမည်ဂုဏ်သတင်းထိခိုက်ခြင်း၊ သဲထဲရေသွန်သလိုဖြစ်သွားတတ်သော စီးပွားမျေားကြုံခြင်းနှင့် အမှုအခင်းဖြစ်စေတတ်ခြင်းများ ကြုံရနိုင်သူဖြစ်တတ်ကြလျက်ရှိသည်။ ထို အသက်လမ်းမှ ထွင်လာသော အောင်မြင်ရေးလမ်း၌ ဥပါဒ်လမ်းဖြတ်သန်းထားပြီး ဆိုင်ရာဂြိုလ်ခုံများလည်း အားကောင်းမှုမရှိပါက ထိုကာလ၌ ငွေကြေးဆုံးရူံးရတတ်ခြင်း၊ ငွေကြေးကြောင့်နာမည်ပျက်တတ်ခြင်း နှင့် အမှုအခင်းဖြစ်စေပေါ်စေခြင်း၊ ဂုဏ်သိက္ခာညိုးနွမ်းစေခြင်းများကို အကျိုးခံစားရကြလေသည်။

ဖော်ပြခဲ့သော A B C D E F အမှတ် အသားတို့သည် မိမိတို့၏ လက်ဝါးပြင်များတွင် ပါဝင်မှုရှိပါက ဆိုင်ရာအသက်ပိုင်းခြား၌ အမှန်ပင် အကျိုးပေးဖြစ် ထွန်းမှုများ ရှိတတ်ကြလေသည်။ ထိုအမှတ်သားများအား ပျက်စီးစေတတ်သည့် ကျွန်း၊ ဥပါဒ်လမ်း၊ အဖျက်လမ်း၊ စသည်တို့ မပါဝင်ထားမှ ထိုအမှတ်သား တို့၏အကျိုးခံစားရရှိစေမည်ဖြစ်ပေသည်။

ပါရှိနေပါက ၎င်းတို့၏ ဆန့်ကျင်ဖက် အကျိုးကို ခံစားရရှိစေတတ်သည်ပင်။
ထို့ကြောင့် ငွေကြေးအကျိုးဖြစ်ထွန်းစေ မည့် အမှတ်အသားများပါရှိနေလျှင် ဆိုင်ရာနေရာများလည်း ကောင်းမွန်ထင်ခြားနေပါက အမှန်တကယ်ပင် အကျိုး ပေးဖြစ်ထွန်းမှုများ ရရှိပိုင်ဆိုင်ရတတ်ပါကြောင်း-

ရေးသားသူ – Zar Ni Soe

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။