ဝါငယ်တဲ့ဘုန်းကြီး အရှေ့တန်းထိုင်မိရာက ထိုးပွဲဖြစ်

International News
ဝါငယ်တဲ့ဘုန်းကြီး အရှေ့တန်းထိုင်မိရာက ထိုးပွဲဖြစ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဝါငယ်တဲ့ဘုန်းကြီး အရှေ့တန်းထိုင်မိရာက ထိုးပွဲဖြစ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဝါငယ်တဲ့ဘုန်းကြီး အရှေ့တန်းထိုင်မိရာက ထိုးပွဲဖြစ်

လွန်ခဲ့သော ဧပြီလ ၁၄ ရက်နေ့ (၂၀၂၃) တွင် ကွယ်လွန်သူပန့်သကူတရားပွဲ အတွင်း ထိုင်းဘုန်းကြီး ၂ ပါး အချင်းများပြီး ထိုးပွဲဖြစ်ခဲ့သည်ဟု ထိုင်းရတ်သတင်းဌာနက ဖော်ပြထားသည်။
.
ကာတစ်ဦးကပင့်ဖိတ်၍ ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်း သိမ်နံဘေးရှိ ပြာအရိုးကောက်သည့် နေရာတွင် ကွယ်လွန်သူအတွက် ပန့်သကူတရားပွဲ ပြုလုပ်နေစဉ် ရဟန်း ၂ ပါးထိုးပွဲဖြစ်၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်ဟု ယာယီကျောင်းထိုင်ဆရာတော်က ဆိုသည်။
.
အထိုးခံရသောရဟန်းက တရားပွဲကိုရောက်လာချိန်တွင် အနောက်တန်းထိုင်ခုံ၌ လူပြည့်နေ၍အရှေ့တန်း တွင်ထိုင်ရန် ရဟန်းတစ်ပါးကမိန့်လိုက်ခြင်းကြောင့် ၃ နေရာလွတ်နေသော အရှေ့တန်းထိုင်ခုံတွင် ဝင် ထိုင်လိုက်ပြီးနောက် တခြားရဟန်းတစ်ပါးက “ဘယ်နှစ်ဝါရှိပြီလဲ” ဟု မေးပြီး မိမိအား ချက်ချင်းဝင်ထိုး သည် ဟု အထိုးခံရသောရဟန်း က ဆိုသည်။
.
အားချင်းမယှဉ်နိုင်၍ မိမိလှဲကျသွားပြီး တရစပ်အထိုးခံရကာ သံသယတရားခံရဟန်းက မိမိအား ထိုင်ခုံဖြင့်ရိုက်ရန် ကြိုးပမ်းခဲ့သော်လည်း တကာများက အချိန်မီ ဝင်တားနိုင်ခဲ့၍သာ သက်သာ ခဲ့ရကြောင်း ဆက်လက်ပြောပြသည်။
.
အခင်းဖြစ်ပွားပြီးနောက်တွင် သံသယတရားခံရဟန်းက ဘုန်းကြီးကျောင်းတစ်ကျောင်းတွင် သွားရောက်ပြီး လူဝတ်လဲလိုက်ပြီဟု သိရသည်

ရေးသားသူ – Mingalapar

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။