ဆေးဖက်ဝင်တဲ့ မျက်ထောင့်ပင်

Health
ဆေးဖက်ဝင်တဲ့ မျက်ထောင့်ပင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆေးဖက်ဝင်တဲ့ မျက်ထောင့်ပင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆေးဖက်ဝင်တဲ့ မျက်ထောင့်ပင်

မျက်ထောင့်ပင်တွေ့ရင်နှုတ်မပစ်ပါနဲ့တော့။ စားသုံးခြင်းဖြင့် ခန္ဓာကိုယ်အတွက် အလွန်အကျိုးဖြစ် ထွန်းစေတဲ့ အရွက်တစ်မျိုးလို့ပြောနိုင်ပါတယ်။ ကရင်ပြည်နယ်မှာတော့ မျက်ထောင့်ပင်လို့ခေါ်ပြီး တခြားနယ်တွေမှာ အခေါ်အဝေါ်ကွဲကောင်းကွဲနိုင်ပါတယ်။ အင်္ဂလိပ်လိုတော့ (Purslane) လို့ခေါ်ပါတယ်။ အစိမ်းရောင်အပင်နဲ့အနီရောင်ပင် 2 မျိုးရှိတယ်။သုတေသန ဖေါ်ပြချက်တွေအရ အမျှင်ဓါတ်၊ ဗီတာမင်၊ ဓါတ်ဆား၊ အိုမီကာ 3 ပါဝင်ပြီး သွေးတိုးကျစေတယ်။ သွေးလေညှိပေးတယ်၊၊

ကင်ဆာရောဂါအတွက်ကာကွယ်ပေးတယ်။ သွေးကြောခဲမာခြင်းကို ကာကွယ်ပေးတယ်။ အူချောင်းရောင်နာကိုကုသပေးတယ်။ အကြိတ်ရောင်နာကိုကုသပေးတယ်။

အနာအပြည်တည်ခြင်းကိုကုသပေးတယ်။ အပြင်းစားအူအတက်ရောင်ရောဂါကိုကုသပေးတယ်။ ဝမ်းကိုက်ရောဂါကာကိုကာကွယ်ပေးတယ်။အစိမ်း ဒါမှမဟုတ် ရေနွေဖျောပြီး

တို့စရာအဖြစ်စားသုံးနိုင်တယ်။ ကြော်စားနိုင်တယ်။ ချည်ဖတ်ထည့်စားလို့ရတယ်။ ကြက်ဥနဲ့ရောကြော်စားလို့ရတယ်။ဒီနေ့ခြံထဲက မျက်ထောင့်ရွက်နှုတ်လာပြီး ကွန်စွန်းရွက်ကြော်သလို ကြော်စားပါတယ်။ အရသာက ကန်စွန်ရွက်ထက်ပိုနှစ်သက်ပါတယ်။ အဖန်ဓါတ်အနည်းငယ်ပါတယ်။လူသိများပြီး စားသုံးသူများလာရင် ဈေကွက်ဝင် ဟင်းရွက်ပင်တစ်မယ်ဖြစ်လာနိုင်ပါတယ်။

ရေးသားသူ – Shweu

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။